နေ့စဥ်သတင်း

စစ်ကောင်စီ စစ်မှုထမ်းဆင်းလူသစ် ရာနှင့်ချီ ရှမ်း-ကရင်နီနယ်စပ်တွင် အင်အားဖြည့်

မဲခေါင် 20 May - 2025
မဲခေါင်၊ မေ ၂၀ စစ်ကောင်စီတပ်သားများ အသေ၊ အပြေး ပြုန်းတီးမှုများနေသည့် ရှမ်းနှင့် ကရင်နီဒေသနယ်စပ်သို့ စစ်မှုထမ်းအပတ်စဥ် သင်တန်းဆင်းလူသစ် ၃၀၀ ကျော်ကို အင်အားဖြည့်ပို့ဆောင်နေကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် စစ်သတင်းအရင်းအမြစ်ထံမှ သိရသည်။ ယမန်နေ့ မေလ၁၉ရက် ညပိုင်းတွင် အောင်ပန်းအမြောက်တပ်၊ ဒရုန်းသင်တန်းဆင်းအဖွဲ့မှ တောင်ကြီးသို့ စစ်ယာဉ်တန်း ၂၀ ခန့် အင်အား အပြည့်ရောက်ရှိပြီး ရှမ်း-ကရင်နီနယ်စပ်သို့ ဆက်လက်ထွက်ခွာဖြစ်ကြောင်း၊ မေလ၁၇ရက်တွင်လည်း ပြီးခဲ့သည့် မေလ ၄ ရက်က သင်တန်းဆင်းထားသည့် စစ်မှုထမ်း အပတ်စဥ် ၁၀မှ လူသစ်များကို စစ်ယာဉ်တန်း ၉ စီး၊ မိုးကာအုပ် ၂ စီး၊ အင်အားအပြည့် ၅ စီး၊

မဲခေါင်၊ မေ ၂၀

စစ်ကောင်စီတပ်သားများ အသေ၊ အပြေး ပြုန်းတီးမှုများနေသည့် ရှမ်းနှင့် ကရင်နီဒေသနယ်စပ်သို့ စစ်မှုထမ်းအပတ်စဥ် သင်တန်းဆင်းလူသစ် ၃၀၀ ကျော်ကို အင်အားဖြည့်ပို့ဆောင်နေကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် စစ်သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့ မေလ၁၉ရက် ညပိုင်းတွင် အောင်ပန်းအမြောက်တပ်၊ ဒရုန်းသင်တန်းဆင်းအဖွဲ့မှ တောင်ကြီးသို့ စစ်ယာဉ်တန်း ၂၀ ခန့် အင်အား အပြည့်ရောက်ရှိပြီး ရှမ်း-ကရင်နီနယ်စပ်သို့ ဆက်လက်ထွက်ခွာဖြစ်ကြောင်း၊ မေလ၁၇ရက်တွင်လည်း ပြီးခဲ့သည့် မေလ ၄ ရက်က သင်တန်းဆင်းထားသည့် စစ်မှုထမ်း အပတ်စဥ် ၁၀မှ လူသစ်များကို စစ်ယာဉ်တန်း ၉ စီး၊ မိုးကာအုပ် ၂ စီး၊ အင်အားအပြည့် ၅ စီး၊ အလွတ် ၂စီးဖြင့် ရေယားကို ဖြတ်ပြီး လွိုင်ကော်ဘက်သို့ အင်အားဖြည့်ပို့ဆောင်ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“နောင်တရားဆေးရုံကို ရောက်တာအများကြီး။ ၂၀ ကျော် အဲဒီမှာဘဲ သင်္ဂြိုလ်တယ်။ အောင်ပန်းကိုလည်းပို့တာ အမတ ၃၅၇ နဲ့ ခမရ ၅၀၆ က သေတာတွေ ရှိတယ်။ အဲဆေးရုံကခေါင်းပေါင်း ဗိုလ်မှူးချုပ်စောရန်နိင် ကိုယ်တိုင်မသာချနေတယ်။ မေဂျာ တစ်ယောက်လည်း ကျောနဲ့ တင်ပါးထိလို့ အရေးကြီးခန်းမှာ” ဟု ၎င်းက ပြောသည်။

ရှမ်း-ကရင်နီ နယ်စပ် ညောင်ရွှေနှင့် မိုးဗြဲမြို့နယ် အနီးတဝိုက်တွင် စစ်ကောင်စီက PNO ပြည်သူ့စစ်နှင့်ပူးပေါင်းကာ မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်း နှင့် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွေမြို့နယ်စပ် စစ်ကြောင်းဟူ၍ စစ်ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ခုခံလျက်ရှိသည်။

စစ်ကောင်စီ၏ စစ်ကြောင်းများမှာ ယနေ့တွင်တပ်မ၂၂ လက်အောက်ခံ ၂ရင်းမှ ရှေ့တန်း ပူးပေါင်းစစ်ကြောင်းဖြင့် လည်းကောင်း၊ ဒိုးထီးရီ ရွာဘက်တွင် ရတစက ၁ နှင့် တပ်ခွဲတစ်ခွဲအပါအဝင် ဒရုန်းကင်းထောက်အဖွဲ့ဖြင့်လည်ကောင်း ကင်းထောက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မေလ၆ ရက်မှ ၁၅ရက်အတွင်း PNO ပြည်သူ့စစ်ပူးပေါင်း အင်အား၆၀၀ဖြင့်ထိုးသည့် စစ်ကြောင်းများတွင် သေဆုံး ၂၃ ဦး၊ အလင်းဝင်သူ ၁၆ဦးနှင့် ဖမ်းဆီးမိသူ ၃ ဦးရှိခဲ့ကြောင်း ရှမ်းတောင်တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အကြောင်းအမျိုးမျိုးဖြင့် လျော့နည်းနေသည့်အင်အားကို ဖြည့်တင်းရန် လေ့ကျင့်ရေးတပ် ၂၅တပ်တွင် စစ်မှုထမ်းတစ်ပတ်စဥ်လျင် အင်အား ၅၀၀၀ နှုန်းဖြင့် သင်တန်းပေးကာလ ၁၀ပတ်မှ ၁၂ ပတ်အထိ သင်တန်းပေးလျက်ရှိရာ လက်ရှိ အပတ်စဥ် ၁၂ အထိ ရောက်ရှိနေသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ၏ ယခုမေလအတွင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီ၏ မေလ ၁၇ရက်က ပြုလုပ်သည့်စစ်ရုံးချုပ် အစည်းအဝေးအရ ကရင်နီနယ်မြေ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ စစ်ကိုင်းတိုင်း၊မြစ်ဝကျွန်းပေါ်နှင့် မန္တလေးတိုင်းတို့တွင် ကြည်း၊ လေ နှစ်သွယ်ဖြင့် တပြိုင်နက်တည်း တိုက်စစ်အရှိန်မြှင့်မည့် အခြေအနေရှိကြောင်း  MDSI က သုံးသပ်ထားသည်။

မဟာ
#MeKongNews
#စစ်ကောင်စီ
#စစ်မှုထမ်းလူသစ်
#ရှမ်းတောင်
#ကရင်နီ
#အင်အားဖြည့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now