နေ့စဥ်သတင်း

တောင်ခမ်းဒေသတွင် ထိုးစစ်စတင်ရန် စစ်ကောင်စီပြင်ဆင်နေ

မဲခေါင် 20 May - 2025
မဲခေါင်၊ မေ ၂၀ TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ၂ဖက် တိုက်ပွဲရပ်တန့်ထားသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် အမြောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထိုးစစ်ပြန်လည်စတင်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း တော်လှန်ရေးတပ်များက ပြောသည်။ တောင်ခမ်းဒေသတွင် စစ်ရေးတင်းမာနေသော်လည်း ၂ဖက်တိုက်ပွဲရပ်တန့်ထားသည်မှာ အတော်ကြာပြီဖြစ်ပြီး စစ်ကောင်စီမှလက်နက်ကြီး ပစ်ခတ်ခြင်းသာရှိကြောင်း၊ ယခုအခါထိုးစစ်ပြန်စရန် စစ်ကောင်စီဘက်မှ ပြင်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း စစ်ကောင်စီအား ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း တောင်ခမ်းရှိ PDF သတင်းအရင်းမြစ်ကမဲခေါင်ကို​​ပြောသည်။ “စစ်တပ်က ထိုးစစ်ပြင်ဆင်နေတာ ဟုတ်တယ်။ အခြေအနေကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပဲ။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီမှ စစ်ရေးပြင်ဆင်မှုများတွင် ရိက္ခာပို့ဆောင်ခြင်းနှင့် ခဲယမ်းဖြည့်တင်းခြင်းများ ပါဝင်​ကြောင်း သိရသည်။ စစ်ကောင်စီမှ လက်ရှိတွင်

မဲခေါင်၊ မေ ၂၀

TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ၂ဖက် တိုက်ပွဲရပ်တန့်ထားသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် အမြောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထိုးစစ်ပြန်လည်စတင်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း တော်လှန်ရေးတပ်များက ပြောသည်။

တောင်ခမ်းဒေသတွင် စစ်ရေးတင်းမာနေသော်လည်း ၂ဖက်တိုက်ပွဲရပ်တန့်ထားသည်မှာ အတော်ကြာပြီဖြစ်ပြီး စစ်ကောင်စီမှလက်နက်ကြီး ပစ်ခတ်ခြင်းသာရှိကြောင်း၊ ယခုအခါထိုးစစ်ပြန်စရန် စစ်ကောင်စီဘက်မှ ပြင်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း စစ်ကောင်စီအား ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း တောင်ခမ်းရှိ PDF သတင်းအရင်းမြစ်ကမဲခေါင်ကို​​ပြောသည်။

“စစ်တပ်က ထိုးစစ်ပြင်ဆင်နေတာ ဟုတ်တယ်။ အခြေအနေကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပဲ။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီမှ စစ်ရေးပြင်ဆင်မှုများတွင် ရိက္ခာပို့ဆောင်ခြင်းနှင့် ခဲယမ်းဖြည့်တင်းခြင်းများ ပါဝင်​ကြောင်း သိရသည်။

စစ်ကောင်စီမှ လက်ရှိတွင် တောင်ခမ်း၊ အုမ္မတီး၊ အုမ္မခါး၊ ကံကော်၊ တောင်ခမ်း၊ မဲပုတ်၊ နောင်လင်နှင့် ယခင်နေရာများတွင်သာရှိနေပြီး အချိန်မရွေး တိုက်ပွဲထဖြစ်နိုင်သော အခြေအနေကို ရင်ဆိုင်ထားရ​ကြောင်း နောက်ထပ် PDF အရင်းအမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။

ပြီးခဲ့သည့်နှစ်လယ်ပိုင်းမှစတင်ကာ တောင်ခမ်းအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၉၀၂ အမြောက်စခန်းနှင့် အခြေစိုက်စခန်းများအား သိမ်းပိုက်နိုင်ရန် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များမှ ​ထိုးစစ်များပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ တောင်ခမ်းစစ်စခန်းသို့ ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှတဆင့် ယခုနှစ်အစပိုင်းမှစတင်ကာ ကားလမ်းမှရိက္ခာပို့ဆောင်နိုင်ရန် လမ်းကြောင်းစတင်ခဲ့ပြီး လက်ရှိအချိန်အထိ ၎င်းလမ်းပိုင်းအား အသုံးပြုနေသည်။

ဂနိုက်
#MeKongNews
#တောင်ခမ်း
#TNLA
#စစ်ကောင်စီ
#နောင်ချို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now