နေ့စဥ်သတင်း

ရှမ်း-ကရင်နီနယ်စပ်တွင် ထိုးစစ်ဆင်သည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် သေဆုံးသူများပြား၊ တော်လှန်ရေးတပ်များ သေနတ် ၄လက် သိမ်းမိ

မဲခေါင် 16 May - 2025
မဲခေါင်၊ မေ ၁၆ မိုးဗြဲမြို့ ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များကို တော်လှန်ရေးတပ်များမှ ပူးပေါင်းခုခံရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ဘက်မှ ၁၈ထက်မနည်း ကျဆုံးကြောင်း တော်လှန်ရေးတပ်များက မေလ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီအနေဖြင့် မိုးဗြဲပြန်လည်ရရှိရေးအတွက် စစ်ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်း နှင့် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွေမြို့နယ်စပ် စစ်ကြောင်းများ ဖြစ်ကြောင်း သိရသည်။ မေလ ၁၃ရက်တွင် ညောင်‌ရွေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ထိစပ်သည့် ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနှင့် လွယ်လုံကျေးရွာဘက်တို့တွင် စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ လေကြောင်းပစ်ကူ၊

မဲခေါင်၊ မေ ၁၆

မိုးဗြဲမြို့ ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များကို တော်လှန်ရေးတပ်များမှ ပူးပေါင်းခုခံရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ဘက်မှ ၁၈ထက်မနည်း ကျဆုံးကြောင်း တော်လှန်ရေးတပ်များက မေလ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် မိုးဗြဲပြန်လည်ရရှိရေးအတွက် စစ်ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်း နှင့် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွေမြို့နယ်စပ် စစ်ကြောင်းများ ဖြစ်ကြောင်း သိရသည်။

မေလ ၁၃ရက်တွင် ညောင်‌ရွေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ထိစပ်သည့် ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနှင့် လွယ်လုံကျေးရွာဘက်တို့တွင် စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ လေကြောင်းပစ်ကူ၊ ကုန်းစစ်ကြောင်း၊ရေစစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ရှမ်းတောင်-ကရင်နီ စစ်တိုင်းရှိ အင်းလေး PDF (1009 တပ်ရင်း)၊ ဖယ်ခုံ PDF (1006 တပ်ရင်း)၊ ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းစစ်ကြောင်းအဖြစ် ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဖယ်ခုံ PDF (1006 တပ်ရင်း) တို့က ထုတ်ပြန်သည်။

မေလ ၁၄ရက်၌လည်း မိုးဗြဲမြို့တွင်းစစ်ကြောင်းဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသောကြောင့် ခမရ ၄၂၂ တပ်ရင်းစခန်းသို့ ပြန်လည်ဆုတ်ခွာနိုင်ရန် လက်နက်ကြီး၊ အဆိပ်ငွေ့ဗုံးများ အလွန်အကျွံပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ကြေညာသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၈ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကာ ၂ဦး အသေးစားဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးဒရုန်းကြီး ၂ စင်းကို တော်လှန်ရေးတပ်များမှ ဂျန်ပါဖြင့် ပစ်ချနိုင်ခဲ့ပြီး MA3 သေနတ် ၃လက်၊ MA1 သေနတ်တစ်လက်၊ စုစုပေါင်း သေနတ်၄လက် အပါအဝင် ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များက ညောင်ရွေမြို့နယ်၊ စွန့်စွဲကျေးရွာတွင်းရှိ လူထုနေအိမ်အလုံး၂၀ ကျော်ကိုမီးရှို့ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ပြန်လည်ရရှိရေး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဦးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်များကို ဆက်လက်ကူညီထောက်ပံ့ပေးကြရန် SSTOC- PDF -1  သတင်းပြန်ကြားရေးဌာန တာဝန်ခံက မဲခေါင်သို့ ပြောသည်။

(မှတ်ချက် – စစ်ကောင်စီ၊ PNO သေဆုံးရုပ်အလောင်းများပါဝင်သည့် ရုပ်သံမှတ်တမ်းကို မဲခေါင်သတင်းဌာန Telegram Channel တွင် ကြည့်နိုင်သည်။ https://t.me/mekongnewsmm/35682 )

#MeKongNews
#မိုးဗြဲတိုက်ပွဲ
#ရေပူရွာတိုက်ပွဲ
#စွန့်စွဲကျေးရွာ
#ညောင်ရွှေမြို့နယ်
#၁၀၀၆တပ်ရင်း
#၁၀၀၉တပ်ရင်း
#SSTOCPDF1
#ပျားစစ်ကြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now