နေ့စဥ်သတင်း

မန္တလေးအဝယ်လျော့၍ ရှမ်းတောင်ဂေါ်ဖီထုပ် စံချိန်တင်ဈေးကျ

မဲခေါင် 16 May - 2025
မဲခေါင်၊ မေ ၁၆ ရှမ်းပြည်တောင်ပိုင်းတွင် ဂေါ်ဖီထုပ်ပေါ်သည့်ရာသီ၌ ဝယ်သူမရှိ၊ ဈေးနှုန်းမရှိသည့် အခြေအနေမျိုးထိ ကြုံနေရကြောင်း ရှမ်းတောင် ဒေသခံတောင်သူများထံမှ သိရသည်။ အောင်ပန်း၊ ပင်လောင်း၊ ဟဲဟိုး၊ ရွာငံနှင့် ပင်းတယဒေသများတွင် ဂေါ်ဖီထုပ် ခူးဆွက်ချိန်ဖြစ်သည့် မေလဆန်းမှ စတင်ကာ အဝယ်မရှိသလောက် နည်းပါးပြီး ပေးသည့်ဈေးနှုန်းမှာလည်း ခြံဖြတ်ဈေးတစ်ထုပ်လျှင် ကျပ် ၁၀၀ခန့်သာရှိကြောင်း၊ ယခင်နှစ်က မေလဆန်းခြံဖြတ်ဈေးမှာ တစ်ထုပ်လျင် ကျပ် ၁၂၀၀မှ ကျပ် ၁၅၀၀အထိ ဈေးရကြောင်း အောင်ပန်းဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။ “ဂေါ်ဖီထုပ်က ဝယ်သူမရှိပဲ။ ဂေါ်ဖီထုပ်တွေက ကောင်းပေးမယ့် ခုတ်သမားတောင် မရှိဘူး။ ဈေးကလည်းနည်းပြီး ဝယ်သူ မရှိဘူး” ဟု ၎င်းကပြောသည်။ ၂၀၂၃ခုနှစ်က ဂေါ်ဖီတစ်ထုပ်လျှင်

မဲခေါင်၊ မေ ၁၆

ရှမ်းပြည်တောင်ပိုင်းတွင် ဂေါ်ဖီထုပ်ပေါ်သည့်ရာသီ၌ ဝယ်သူမရှိ၊ ဈေးနှုန်းမရှိသည့် အခြေအနေမျိုးထိ ကြုံနေရကြောင်း ရှမ်းတောင် ဒေသခံတောင်သူများထံမှ သိရသည်။

အောင်ပန်း၊ ပင်လောင်း၊ ဟဲဟိုး၊ ရွာငံနှင့် ပင်းတယဒေသများတွင် ဂေါ်ဖီထုပ် ခူးဆွက်ချိန်ဖြစ်သည့် မေလဆန်းမှ စတင်ကာ အဝယ်မရှိသလောက် နည်းပါးပြီး ပေးသည့်ဈေးနှုန်းမှာလည်း ခြံဖြတ်ဈေးတစ်ထုပ်လျှင် ကျပ် ၁၀၀ခန့်သာရှိကြောင်း၊ ယခင်နှစ်က မေလဆန်းခြံဖြတ်ဈေးမှာ တစ်ထုပ်လျင် ကျပ် ၁၂၀၀မှ ကျပ် ၁၅၀၀အထိ ဈေးရကြောင်း အောင်ပန်းဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

“ဂေါ်ဖီထုပ်က ဝယ်သူမရှိပဲ။ ဂေါ်ဖီထုပ်တွေက ကောင်းပေးမယ့် ခုတ်သမားတောင် မရှိဘူး။ ဈေးကလည်းနည်းပြီး ဝယ်သူ မရှိဘူး” ဟု ၎င်းကပြောသည်။

၂၀၂၃ခုနှစ်က ဂေါ်ဖီတစ်ထုပ်လျှင် ခြံဖြတ်ဈေး ကျပ် ၄၀၀-၅၀၀ဝန်းကျင်၊၂၀၂၄ ခုနှစ်တွင် ကျပ် ၁၂၀၀-၁၅၀၀ ဝန်းကျင်အထိ ရရှိကြသော်လည်း ယခုနှစ် မေလ ခြံဖြတ်ဈေးမှာ ကျပ် ၁၀၀ ဝန်းကျင်တွင်သာ ရှိနေပြီး အောင်ပန်းကုန်စည်ဒိုင်‌တွင် တစ်ထုပ် ကျပ် ၆၀၀-၁၀၀၀ ဝန်းကျင်တွင် ဈေးရှိနေသည်။

ယခင်နှစ်များက ရွာငံဒေသမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များကို မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချခဲ့ကြသော်လည်း ပြီးခဲ့သည့် မတ်လက ပြင်းထန်သည့် ငလျင်ဒဏ်ခံရခြင်း၊ မန္တလေးမှ တဆင့် ပြန်လည်ဖြန့်ဖြူးသည့် စစ်ကိုင်း၊ ကချင်လမ်းကြောင်းများလည်း ပိတ်သွားခြင်းတို့ကြောင့် အဝယ်လျော့သွားကြောင်း၊ ထို့ကြောင့် ‌ရွာငံတောင်သူများမှာ အောင်ပန်းကုန်စည်ဒိုင်သို့သာ လာရောက်ရာင်းချသည့်အတွက် ရှမ်းတောင်ဒေသတခုလုံးရှိ စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်များ စုံပြုံလာကာ ဈေးနှုန်းပါမရရှိတော့ခြင်းဖြစ်ကြောင်း နယ်ခံပွဲစားတစ်ဦးက ပြောဆိုသည်။

“ဒီဖက်မှာ အခင်းတွေကို လာကြည့်တဲ့သူတောင် မရှိတော့ဘူး။ ပွဲစားတွေကို ကားနဲ့ သွားခေါ်တာတောင် မလိုက်ကြဘူး” ဟု ၎င်းက ပြောသည်။

ဂေါ်ဖီစိုက်တောင်သူများအနေဖြင့် ဂေါ်ဖီတစ်ထုပ်လျှင် ခြံဖြတ်ဈေး ကျပ် ၂၀၀၀ ခန့်ရရှိမှသာ တွက်ခြေကိုက်မည်ဖြစ်ပြီး လက်ရှိဈေး ကျပ် ၁၀၀မှာ အလုပ်သမားခပင် မရှိသည့်အတွက် ခြံအတွက် မြေဩဇာအဖြစ်သာ ခုတ်ထွင် ရှင်းလင်းနေကြသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ဂေါ်ဖီစိုက်ပျိုးသည့် ဧက တစ်သောင်းကျော်ရှိပြီး တစ်ဧကလျှင် အထွက်နှုန်း ၆၅၀၀ ပိသာ အထက် ထွက်ရှိကြောင်း စိုက်ပျိုးရေးဌာန အချက်အလက်များအရသိရသည်။

#MeKongNews
#ရှမ်းတောင်
#ဂေါ်ဖီထုပ်
#စံချိန်တင်ဈေးကျ
#အောင်ပန်းကုန်စည်ဒိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now