နေ့စဥ်သတင်း

လားရှိုးတွင် အန္တရာယ်ကင်းပရိတ်ရွတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများစတင်

မဲခေါင် 5 May - 2025
မဲခေါင်၊ မေ၅ တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နေသည့် စစ်ကောင်စီက မေလ ၄ ရက်တွင် မြို့လုံးကျွတ် ကမ္မဝါစာနှင့် အန္တရာယ်ကင်းပရိတ် မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လားရှိုးမြို့ကို ပြန်လည်စီမံခန့်ခွဲမည့် စစ်ကောင်စီ၏ အရပ်ဖက် တာဝန်ရှိသူများအဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးတို့က တာဝန်ယူလျက်ရှိကြောင်း၊ မေလ ၄ ရက်တွင် မန်ဆူကျောင်းဆရာတော်ဦးဆောင်ကာ မြို့အတွင်း လှည့်လည်ပရိတ်ရွတ်ခဲ့ကြောင်း၊ ထွေအုပ်ရုံးများမှ လားရှိုးမြို့ပေါ်ရှိ စစ်ဘေးဒဏ်သင့် အဆောက်အဦများစာရင်း လိုက်လံကောက်ယူနေကြောင်း သိရသည်။ လက်ရှိတွင် တကျော့ပြန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းမှူးမှာ ဗသက ၉၄ ဆင်း ဗိုလ်မှူးချုပ်အေးမင်းဦးဖြစ်ပြီး ယမန်နေ့ မေလ ၄

မဲခေါင်၊ မေ၅

တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နေသည့် စစ်ကောင်စီက မေလ ၄ ရက်တွင် မြို့လုံးကျွတ် ကမ္မဝါစာနှင့် အန္တရာယ်ကင်းပရိတ် မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ကို ပြန်လည်စီမံခန့်ခွဲမည့် စစ်ကောင်စီ၏ အရပ်ဖက် တာဝန်ရှိသူများအဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးတို့က တာဝန်ယူလျက်ရှိကြောင်း၊ မေလ ၄ ရက်တွင် မန်ဆူကျောင်းဆရာတော်ဦးဆောင်ကာ မြို့အတွင်း လှည့်လည်ပရိတ်ရွတ်ခဲ့ကြောင်း၊ ထွေအုပ်ရုံးများမှ လားရှိုးမြို့ပေါ်ရှိ စစ်ဘေးဒဏ်သင့် အဆောက်အဦများစာရင်း လိုက်လံကောက်ယူနေကြောင်း သိရသည်။

လက်ရှိတွင် တကျော့ပြန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းမှူးမှာ ဗသက ၉၄ ဆင်း ဗိုလ်မှူးချုပ်အေးမင်းဦးဖြစ်ပြီး ယမန်နေ့ မေလ ၄ ရက် ည ၉ နာရီခန့်တွင် MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီး တိုင်းစစ်ဌာနချုပ်ထဲမှ စတင်လှုပ်ရှား ပျံသန်းခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ယခင် ရမခစစ်တိုင်းလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ ၂၁ ခု ရှိခဲ့ရာ ထပရ – ၆၂၆ အပါအဝင် တပ်အချို့မိသားစုဝင်များပါ ပြန်လည်ရောက်ရှိ နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

လားရှိုးခရိုင်ရဲရုံးလည်း အမှုများ မေလ ၄ ရက်မှ စကာ လက်ခံဆောင်ရွက်နေကြောင်း သိရသည်။

လားရှိုး ခုတင် ၅၀၀ ဆေးရုံကြီးတွင် ပြင်ပလူနာကုဌာနအပြင် ယနေ့၌ အထွေထွေ လူနာဆောင်များ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“မြို့တော်ခန်းမရှေ့တော့ ယာဥ်ထိန်းတွေ လမ်းရှင်းနေပြီ။ စည်ပင်တွေလည်း အမှိုက်ရှင်းနေတာတွေ့တယ်။ လောလောဆယ်တော့ ၂ တပ်လုံး မြို့ပြင် မြို့ထွက် ဝါးနှစ်ပြန်လောက်မှာ ရှိနေကြတယ်” ဟု အငှားယာဥ်မောင်တစ်ဦးက ပြောသည်။

လားရှိုးမြို့သူ၊ မြို့သားများ အမှန်တကယ်လိုအပ်နေသည့် လျှပ်စစ်မီးအပြည့်အဝ ပြန်လည်ရရှိရေး၊ စက်သုံးဆီစျေးနှုန်း ကျဆင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိရေး၊ လုံခြုံစိတ်ချသော လူနေမှုဘဝ ပြန်လည်ရရှိရေး၊ အခြေခံကုန်စျေးနှုန်းများ ကျဆင်းရေးတို့ကို ယခု ပြန်လည်ထိန်းချုပ်လာသည့် စစ်ကောင်စီမှ ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်နေကြကြောင်း လားရှိုး ရပ်ကွက် ၉ နေသူတစ်ဦးက ပြောသည်။

“ပြည်သူလူထု ဆိုတာ ကိုယ့်လိုလားချက်၊ ကိုယ့်လိုအပ်ချက်တွေကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြည့်ဆည်းပေးနိုင်မယ့် အုပ်ချုပ်သူတွေကိုပဲ လိုလားကြိုဆို လက်ခံကြမှာပဲ။ ဟိုလူလာပြီး အုပ်ချုပ်ပါ၊ ဒီလူလာပြီး အုပ်ချုပ်ပါ၊ ဒီလူကို မကြိုက်ဘူး၊ ဟိုလူကိုပဲ ကြိုက်တယ်လို့လည်း ရွေးချယ်ပိုင်ခွင့် မရှိတာမို့ ရှိတဲ့လူ၊ လာတဲ့လူတွေရဲ့ လုပ်ဆောင်နိုင်မှုကိုပဲ အကဲဖြတ်ပြီး အကောင်းဆုံးကို မျှော်ရတာပါပဲ” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ဧပြီလ ၂၁ ရက် တွင် စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာပြီးနောက် ထိန်းချုပ်မှုလုပ်ငန်းများ စတင်လုပ်ဆောင်နေရာ ယနေ့မေလ ၅ ရက်နေ့အထိ အခြေအနေဖြစ်သည်။

မဟာ
#MeKongNews
#လားရှိုး
#အန္တရာယ်ကင်းပရိတ်
#မန်ဆူကျောင်း
#အုပ်ချုပ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now