မဲခေါင်၊ ဧပြီ ၂၁
လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ထံသို့ စစ်ကောင်စီ၏ မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်းစုဆောင်းခံရ ၂ ဦး လက်နက်မဲ့ အလင်းဝင်ရောက် ပူးပေါင်းကြောင်း ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက်က အလင်းဝင်လာသည့် ယင်းတပ်သားများသည် စစ်ကောင်စီ၏ အပတ်စဉ်(၅)/(၆) သင်တန်းဆင်းများဖြစ်ပြီး စစ်မူ့ထမ်းဥပဒေ ထုတ်ပြန်ပြီး ရှောင်တစ်ခင် အဖမ်းအဆီးခံရကာ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့်လည်း အလင်းဝင်ရောက်ခိုလှုံလာသော တပ်သားများအား လုံခြုံသောနေရာတွင် ထားရှိထားပြီးဖြစ်ကြောင်း သိရသည်။
“ဒါနဲ့ပါဆိုရင် ခုလို အလင်းဝင်လာတာ တတိယအကြိမ်မြောက်ပါ။ ၂၀၂၄ ထဲမှာ ရှိခဲ့တယ်” ဟု Loikaw Local PDF တာဝန်ခံက မဲခေါင်ကို ပြောသည်။
ယင်းတပ်သားများအား နွေးထွေးစွာ ကြိုဆိုကြောင်းနှင့် တပ်သားများ၏ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အလေးပေး ဆောင်ရွတ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်သူကာကွယ်ရေးတပ်များထံသို့ ဝင်ရောက်ခိုလှုံပူးပေါင်းလာကြမည့် ပြည်သူစစ်မူထမ်းများ၊ အရာရှိစစ်သည်ရဲဘော်များ၊ အောက်ခြေရဲဘော်များ၊ Non CDM ဝန်ထမ်းများအား နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လုံခြုံစိတ်ချမူနှင့် ၎င်းတို့၏ စိတ်ဆန္ဒအလေးထား၍ ကာကွယ်စောင့်ရှောက်သွားမည့်ဖြစ်ကြောင်းLoikaw Local PDF က အသိပေး နိူးဆော်ထားသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်းစစ်ကောင်စီ၏ လွိုင်ကော်မြို့နယ်၊ ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်သည်ရဲဘော် ၄ ဦး ၊ လက်နက် ၃ လက်၊ ခဲယမ်း၊ ကျည်ကပ်၊ မိုင်းများနှင့်အတူ အလင်းဝင်ရောက် ပူးပေါင်းလာခဲ့သေးကြောင်း သိရသည်။
မဟာ
#MeKongNews
#LoikawLocalPDF
#အလင်းဝင်
#စစ်မှုထမ်းဥပဒေ








