နေ့စဥ်သတင်း

မော်ဖားသူး စစ်ကောင်စီစခန်း KNLA သိမ်းပိုက်၊ တိုက်ပွဲပြင်းထန်သဖြင့် နယ်စပ်တွင် ထိုင်းတပ်များ တိုးမြှင့်ချထား

မဲခေါင် 20 Apr - 2025
မဲခေါင်၊ ဧပြီ ၂၀ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို KNLA၊ KNU တပ်မဟာ ၇ မှ KNDO နှင့်မဟာမိတ်ပူးပေါင်းတပ်များ ၂ ရက်တိုင် တိုက်ပွဲဝင်ခဲ့ရာ ဧပြီ ၂၀ ရက်တွင် စခန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီဘက်မှ ယင်းစခန်းကုန်းနားတစ်ဝိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် နယ်ခြင်းဆက် တာ့ခ်ခရိုင်၊ မယ်ရမတ် သောင်းရင်းမြစ် တစ်လျှောက် ထိုင်းအထူးတပ်များ သံချပ်ကာကားများ၊ လက်နက်ကြီးများဖြင့် လုံခြုံရေး တိုးမြှင့်ချထား ကြောင်း သိရသည်။ ဧပြီ ၂၀ ရက် မနက် ၆ နာရီ ရရှိသော သတင်းအရ မော်ဖားသူး စစ်ကောင်စီ ဗျူဟာကုန်းကို KNLA နှင့်ပူးပေါင်းတပ်များ

မဲခေါင်၊ ဧပြီ ၂၀

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို KNLA၊ KNU တပ်မဟာ ၇ မှ KNDO နှင့်မဟာမိတ်ပူးပေါင်းတပ်များ ၂ ရက်တိုင် တိုက်ပွဲဝင်ခဲ့ရာ ဧပြီ ၂၀ ရက်တွင် စခန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီဘက်မှ ယင်းစခန်းကုန်းနားတစ်ဝိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် နယ်ခြင်းဆက် တာ့ခ်ခရိုင်၊ မယ်ရမတ် သောင်းရင်းမြစ် တစ်လျှောက် ထိုင်းအထူးတပ်များ သံချပ်ကာကားများ၊ လက်နက်ကြီးများဖြင့် လုံခြုံရေး တိုးမြှင့်ချထား ကြောင်း သိရသည်။

ဧပြီ ၂၀ ရက် မနက် ၆ နာရီ ရရှိသော သတင်းအရ မော်ဖားသူး စစ်ကောင်စီ ဗျူဟာကုန်းကို KNLA နှင့်ပူးပေါင်းတပ်များ ဒရုန်း၊ လက်နက်ကြီးများသုံးပြီး အင်အားအလုံးအရင်းနှင့် တက်ရောက် သိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၂၅ ယောက်တောင့်မခံနိုင်ဘဲ ဦးတည်ရာ ထွက်ပြေးသွားခဲ့ရကြောင်း၊ စစ်ကောင်စီဖက်က လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် သောင်ရင်းမြစ် တစ်ဖက်ကမ်း မယ်ရမတ်ဘက်သို့ ထွက်ပြေးလာသည့် မြန်မာစစ်ဘေးရှောင် ၂၅၀ နီးပါး ရှိကာ ဘုန်းကြီးကျောင်းတွင် နေရာချထားပေးထားကြောင်း သိရသည်။

ထိုင်းစစ်တပ်ဘက်မှ အချုပ်အခြာပိုင်မြေ ကာကွယ်ရေးအတွက် ထိုင်းနယ်စပ်လုံခြုံရေးတပ်အပြင် အထူးသံချပ်ကာ တပ်များကိုပါ လက်နက်အပြည့်အစုံဖြင့် တိုးမြှင့်ချထားသည်ဟု ထိုင်းမီဒီယာမှ ရေးသားဖော်ပြခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းထန်ဆုံးကာလရောက်နေပြီး ကျုံဒိုးမှ စကာ ထိုင်းနယ်စပ်တစ်လျှောက်အထိ တိုက်ပွဲများ ဖော်ဆောင်နေသည်ဟုလည်း သိရသည်။

ကိုကလင်း
Ref:The Reporters
#MeKongNews
#KNLA
#စခန်းသိမ်းတိုက်ပွဲ
#စစ်ဘေးရှောင်
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now