နေ့စဥ်သတင်း

သီပေါ၊ တုံစင့်ရွာအနီး မိုင်းနင်းမိသူ ခြေတစ်ဖက်ပြတ်

မဲခေါင် 17 Apr - 2025
မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိတားမြစ်ဧရိယာ မိုင်းကွင်းအတွင်းဝင်ရောက်သူတစ်ဦး ခြေပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါနယ်စည်းမခြားပရဟိတအသင်းထံမှ သိရသည်။ ဧပြီလ၁၆ရက်နေ့ ည၈နာရီခန့်က သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိ တားမြစ်ဧရိယာအတွင်း ဝင်ရောက်သွားမိသူမှာ မိုင်းထိခြေထောက်ပြတ်သွားပါသဖြင့် ညအမှောင်ထဲ ကြိုးဖြင့်ဆွဲယူထုတ်ကာကယ်တင်နိုင်ခဲ့ရကြောင်း သီပေါနယ်စည်းမခြား ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကြိုးပေးရန်အတွက် ခြံစည်းရိုးနားအထိမိုင်း ရှိ၊ မရှိ မြေကြီးကို ဘောကပ်နှင့်ထိုးကာ လူနာနှင့်ပေ ၂၀ အနီးသို့အရောက်သွားပြီး ကြိုးပစ်ပေးခဲ့ရာ လူနာမှာခြေထောက်ပြတ်နေသော်လည်းသတိရှိနေ၍ ကယ်ဆယ်မှုကိုအဆင်ပြေစွာလုပ်ဆောင်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ “ယခုလိုညအမှောင်အန္တရာယ်အတွင်း ကူညီကယ်ဆယ်မှုမှာ ၃ကြိမ်မြောက်ဖြစ်ပါတယ်။ လူနာက တုံစင့်ရွာကပါပဲ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်

မဲခေါင်၊ ဧပြီ ၁၇

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိတားမြစ်ဧရိယာ မိုင်းကွင်းအတွင်းဝင်ရောက်သူတစ်ဦး ခြေပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါနယ်စည်းမခြားပရဟိတအသင်းထံမှ သိရသည်။

ဧပြီလ၁၆ရက်နေ့ ည၈နာရီခန့်က သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိ တားမြစ်ဧရိယာအတွင်း ဝင်ရောက်သွားမိသူမှာ မိုင်းထိခြေထောက်ပြတ်သွားပါသဖြင့် ညအမှောင်ထဲ ကြိုးဖြင့်ဆွဲယူထုတ်ကာကယ်တင်နိုင်ခဲ့ရကြောင်း သီပေါနယ်စည်းမခြား ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကြိုးပေးရန်အတွက် ခြံစည်းရိုးနားအထိမိုင်း ရှိ၊ မရှိ မြေကြီးကို ဘောကပ်နှင့်ထိုးကာ လူနာနှင့်ပေ ၂၀ အနီးသို့အရောက်သွားပြီး ကြိုးပစ်ပေးခဲ့ရာ လူနာမှာခြေထောက်ပြတ်နေသော်လည်းသတိရှိနေ၍ ကယ်ဆယ်မှုကိုအဆင်ပြေစွာလုပ်ဆောင်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ယခုလိုညအမှောင်အန္တရာယ်အတွင်း ကူညီကယ်ဆယ်မှုမှာ ၃ကြိမ်မြောက်ဖြစ်ပါတယ်။ လူနာက တုံစင့်ရွာကပါပဲ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ၁၁ရက်ကလည်း ယင်းတုံစင့် ကျေးရွာမြောက်ဘက်တောအတွင်း မတ်လ၈ရက် နေ့ကတောင်ယာသွားရင်းမိုင်းထိသေဆုံးနေသူ ဦးစိုင်းဖောင်း အသက်၅၆နှစ်၏ ရုပ်အလောင်းအား အန္တရာယ်များသော တောလမ်းအတွင်းဝင် ရောက်ကာ ရုပ်အလောင်းအား ရအောင်သယ်ထုတ်ပေးခဲ့ပြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သေးကြောင်း သိရသည်။

မဟာ
#MeKongNews
#သီပေါ
#မိုင်းကွင်း
#ခြေထောက်ပြတ်
#တုံစင့်ကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now