နေ့စဥ်သတင်း

၂ လအတွင်း စစ်ကောင်စီ စခန်း ၃ ခုကို ABSDF နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်၊ ABSDF ရဲဘော် ၂ ဦးလည်း ကျဆုံး

မဲခေါင် 16 Apr - 2025
မဲခေါင်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအစပ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၃ ခုအား CDF-KKG ( Chinland Defense Force – Kalay, Kabaw, Gangaw) ၏ အဓိကစစ်ဆင်ရေး (Major Operation) ၂လ အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦိး စစ်ကြောင်း (၃) – ABSDF Column – 3 မှ ယနေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ သိမ်းပိုက်ရရှိသည့် စခန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂  ရက်နေ့တွင်

မဲခေါင်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအစပ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၃ ခုအား CDF-KKG ( Chinland Defense Force – Kalay, Kabaw, Gangaw) ၏ အဓိကစစ်ဆင်ရေး (Major Operation) ၂လ အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦိး စစ်ကြောင်း (၃) – ABSDF Column – 3 မှ ယနေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

သိမ်းပိုက်ရရှိသည့် စခန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂  ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ အခိုင်အမာဆုံးဖြစ်သည့် ကမ်းပါးနီစခန်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အကြားရှိ မှန်တောရွာ နှင့် အောင်သာယာ (အနောက်)ရွာ တို့ရှိ စစ်ကောင်စီခြေကုပ်ယူထားသည့် စစ်စခန်းများနှင့် ဧပြီလ ၁၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ ကလေးမြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာ ဖြစ်သည့် ကြံသာရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစခန်းတို့ဖြစ်ကြောင်း၊ ချင်းအမျိုးသားတပ်မတော် CNA ၏ ကွပ်ကဲမှုဖြစ်သည့် အဓိကစစ်ဆင်ရေး – Major Operation တွင် ABSDF ကျောင်းသားတပ်မတော်မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး ၂ လဝန်းကျင်အတွင်း ABSDF ရဲဘော် ၂ ဦးကျဆုံးခဲ့သလို ၆ ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီ ဒေသဖက်မှာတော့ အမှတ် ၃ စစ်ကြောင်း အဓိက လှုပ်ရှားနေပါတယ်။ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ ရဲဘော်မင်းဌေးက စစ်ကြောင်းမှုးအဖြစ် တပ်ရင်း ၂ ရင်းနှင့် စစ်ကြောင်းကို စုဖွဲ့ပြီး လှုပ်ရှားနေပါတယ်” ဟု ကျောင်းသားတပ်မတော် တွဲဖက်အထွေထွေအတွင်းရေးမှူး – ၁ ရဲဘော်ကျော်လင်းက မဲခေါင်ကိုပြောသည်။

ဖေဖော်ဝါရီလ ၁၂  ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ အခိုင်အမာဆုံးဖြစ်သည့် ကမ်းပါးနီစခန်းအား တော်လှန်ရေးတပ်များမှသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာ ABSDF မှ  ဒုတပ်စိတ်မှူး ရဲဘော်ကနောင်(ခ) သဲကိုအောင်ကျဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အကြားရှိ မှန်တောရွာ နှင့် အောင်သာယာ (အနောက်)ရွာ တို့ရှိ စစ်ကောင်စီခြေကုပ်ယူထားသည့် စစ်စခန်းများအား ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး၊ နယ်မြေထိန်းချုပ်ရေး နှင့် နယ်မြေကာကွယ်ရေး ခုခံစစ်များ ဆောင်ခဲ့ကြကြောင်း ABSDF က ထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ ကလေးမြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာ ဖြစ်သည့် ကြံသာရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်းအား ဆက်လက်တိုက်ခိုက်ခဲ့ကြရာ ကြံသာရွာအား မွန်းလွဲချိန်မတိုင်မှီ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့ကာ  ABSDF မှ ရဲဘော်မြအောင် (ခ) လင်ကွန်းကျဆုံးခဲ့ကြောင်း သိရသည်။

Major Operation မှာ မဟာမိတ်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်သည့် နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စစ်ဆင်ရေးမပြီးမချင်း သတင်းထုတ်ပြန်လေ့မရှိသည့်အတွက် ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကျောင်းသားတပ်မတော် တွဲဖက်အထွေထွေအတွင်းရေးမှူး – ၁ ရဲဘော် ကျော်လင်းက ရှင်းပြသည်။

စစ်ဆင်ရေး ၂ လတာကာလအတွင်း စစ်ကောင်စီမှ ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်လည်ရရှိရေးအတွက် တန်ပြန်ထိုးစစ် ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စစ်မြေပြင်မဟုတ်သည့် အရပ်သားပစ်မှတ်များအား လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး ထက်မနည်း သေဆုံးကာ ၄၀ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ABSDF က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ယင်းဒေသရှိ ပြည်သူ ၂သောင်း ဝန်းကျင်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရကြောင်းသိရသည်။

စခန်းသိမ်းတိုက်ပွဲများတွင် ကမ်းပါးနီစခန်း တိုက်ခိုက်မှုတွင် မဟာမိတ် ပူးပေါင်းအဖွဲ့များအနေဖြင့် CNA ၊ CDF – KKG ၊ CDF – Hakha ၊ CDF – Thangtlang ၊ CDF  CDM – Siyin ၊ ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang , နဂါးညီနောင်)၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ ပကဖ နှင့် ABSDF အမှတ် (၃) စစ်ကြောင်း တို့ပါဝင်ခဲ့သည်။

မှန်တော၊ အောင်သာယာ (အနောက်)၊ အောင်သာယာ (အရှေ့) ရှိ စစ်ကောင်စီ စခန်းများတိုက်ခိုက်မှုတွင်မူ PDF – Vokok  ၊ RKDတို့မှပါဝင်တိုက်ခိုက်ခဲ့ကြပြီး ကြံသာရွာစစ်စခန်းနှင့် ပျူစောထီးရွာ တိုက်ခိုက်သိမ်းပိုက်မှုတွင် CNA၊ CDF – KKG၊  CDF – Thangtlang၊ CDF CDM – Siyin၊ MCR၊ PDF – Vokok ၊ ကလေးတောင်ပိုင်း တော်လှန်ရေး အင်အားစု၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ ပကဖ နှင့် ABSDF အမှတ် (၃) စစ်ကြောင်းတို့ပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂနိုက်
#MeKongNews
#ABSDF
#CNA
#ကမ်းပါးနီစခန်း
#ကလေးမြို့
#ဂန့်ဂေါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now