နေ့စဥ်သတင်း

ငလျင်ဘေးသင့် နေပြည်တော်တွင်ပင် စစ်ကောင်စီ ထိရောက်သည့် ကူညီကယ်ဆယ်မှု မလုပ်နိုင်

မဲခေါင် 6 Apr - 2025
မဲခေါင်၊ ဧပြီ ၆ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ ပြီး ရက်သတ္တပတ် ၁ ပတ်ကျော်လာသည်အထိ စစ်ကောင်စီ၏ ရုံးများစိုက်ရာ နေပြည်တော်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။ ငလျင်လှုပ်ပြီး နောက်တစ်နေ့ဖြစ်သည့် မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဒေသ ဝှမ်းအပျက်အစီးများအား လိုက်လံကြည့်ရှူခြင်းမှလွဲ၍ ကူညီကယ်ဆယ်ခြင်း တစုံတရာမရှိသေးကြောင်း နေပြည်တော်၊ တပ်ကုန်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်တပ်ထိန်းချုပ်တဲ့မြို့ဆိုပေမဲ့ ဒီငလျင်လှုပ်ပြီးညနေကျတော့ စာရင်းတွေ လာကောက်သွားတယ်။ အိမ်တွေ ဘာအပျက်အစီးရှိလဲ ဘာညာအဲ့လိုတော့ ပြောတယ်။ ဒါပေမဲ့အားလုံးက ကိုယ်ထူကိုယ်ထပဲ။ ကိုယ့်အိမ်ပျက်ကိုယ်ပြင်ပဲ။ အခုချိန်ထိ ဘာမှလာမကူသေးဘူး” ဟု ၎င်းက မဲခေါင်ကိုပြောသည်။ ငလျင်လှုပ်ခတ်စဥ် နေပြည်တော်ရှိ

မဲခေါင်၊ ဧပြီ ၆

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ ပြီး ရက်သတ္တပတ် ၁ ပတ်ကျော်လာသည်အထိ စစ်ကောင်စီ၏ ရုံးများစိုက်ရာ နေပြည်တော်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ငလျင်လှုပ်ပြီး နောက်တစ်နေ့ဖြစ်သည့် မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဒေသ ဝှမ်းအပျက်အစီးများအား လိုက်လံကြည့်ရှူခြင်းမှလွဲ၍ ကူညီကယ်ဆယ်ခြင်း တစုံတရာမရှိသေးကြောင်း နေပြည်တော်၊ တပ်ကုန်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်တပ်ထိန်းချုပ်တဲ့မြို့ဆိုပေမဲ့ ဒီငလျင်လှုပ်ပြီးညနေကျတော့ စာရင်းတွေ လာကောက်သွားတယ်။ အိမ်တွေ ဘာအပျက်အစီးရှိလဲ ဘာညာအဲ့လိုတော့ ပြောတယ်။ ဒါပေမဲ့အားလုံးက ကိုယ်ထူကိုယ်ထပဲ။ ကိုယ့်အိမ်ပျက်ကိုယ်ပြင်ပဲ။ အခုချိန်ထိ ဘာမှလာမကူသေးဘူး” ဟု ၎င်းက မဲခေါင်ကိုပြောသည်။

ငလျင်လှုပ်ခတ်စဥ် နေပြည်တော်ရှိ လွှတ်တော်အပါအဝင် စစ်ရုံးများကဲ့သို့ အစိုးရအဆောက်အဦများ ပျက်စီးခဲ့သောကြောင့် ၎င်းနေရာများအား ဦးစားပေး ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ပျက်စီးမှုအား ဝင်ရောက်ကူညီခြင်း မရှိကြောင်း ယင်းဒေသခံက ဆိုသည်။

ဒေသခံများအား ကူညီကယ်ဆယ်ခြင်း မရှိသကဲ့သို့ ဝန်ထမ်းအိမ်ရာများနှင့် ၎င်းတို့ဝန်ထမ်းများကိုလည်း ကူညီကယ်ဆယ်ခြင်း မရှိသောကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်သာ နေထိုင်နေကြရကြောင်း နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက မဲခေါင်ကိုပြောသည်။

“ECC (စက်ပစ္စည်းကြီးကြပ်ရေးကော်မတီ) နေရာဆိုအကုန်ပြိုတယ်။ တချို့တွေလည်း ရုံးထဲစုပြုံတိုးနေရတယ်။ တချို့လည်း ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ စစ်တပ်က ဘယ်မှာကူနေလဲမသိဘူး။ ကျနော်တို့တွေကို ကူညီကယ်ဆယ်တာတော့ အခုထိမရှိသေးဘူး။ ဒဏ်ရာရသူတွေလည်း ရန်ကုန်အထိဆင်းကုနေရတယ်” ဟု ၎င်းကဆိုသည်။

နေပြည်တော်တွင် ရုံးအဆောက်အဦများအပါအဝင် ပြည်သူနေအိမ်များ ၃ ပုံ ၂ ပုံခန့် ခြံစည်းရိုးပြိုလဲခြင်း၊ နေအိမ်နံရံအက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြရကာ ဘိလပ်​မြေကဲ့သို့ အိမ်ဆောက်ပစ္စည်းများလည်း ဝယ်ယူ၍ မရကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

“ဘိလပ်မြေတွေ လုံးဝ ဝယ်မရတော့ဘူး။ မနေ့က တအိတ် ၃၀၀၀၀ က ဒီနေ့ ၃၇၀၀၀ ဖြစ်သွားတယ်။ တချို့တွေလည်း အဲဒီ ၃၇၀၀၀ ကိုတောင် ပေးမရောင်းကြဘူး။ ဂိုထောင်တွေထဲ ထည့်ထားပြီး မှာထားသူရှိသလိုလို လုပ်တယ်” ဟု ၎င်းကဆိုသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုအား နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်းဒေသများပါ ခံစားခဲ့ရပြီး နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအများစု ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၂၀၀ ကျော် ရှိခဲ့သည်။

နေပြည်တော်တွင် စစ်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေးမလုပ်နိုင်သလို ပျက်စီးသွားသည့် အဆောက်အဦများအတွင်း အဖိုးတန်ပစ္စည်းများ ပေါ်ပေါ်တင်တင်ဝင်ရောက် ယူဆောင်နေသည့် သူခိုးအုပ်စုများကိုလည်း မည်သူမျှ တားဆီးနိုင်ခြင်းမရှိဘဲ ရပ်ကြည့်နေရကြောင်း၊ ကုန်ပစ္စည်းများလည်း ဈေးတက်နေပြီး MPT ဆင်းကတ်တစ်ကတ်ကို ကျပ် ၅သောင်းအထိ ဈေးတင်ရောင်းချမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဂနိုက်
#MeKongNews
#စစ်ကိုင်းငလျင်
#နေပြည်တော်
#ကူညီကယ်ဆယ်ရေး
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now