မဲခေါင်၊ ဧပြီ ၄
ရက်၂၀ကြာ အပစ်ရပ်မည်ဟု ပြောထားသည့်စစ်ကောင်စီက ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံနှင့် မိုးဗြဲကို လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေပြီး လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးကြောင်း တော်လှန်ရေးတပ်များထံက သိရသည်။
ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်း ၁၁ နာရီခွဲက မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကြောင့် ပီကင်းကောခူကျေးရွာမှ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ နံနက် ၉ နာရီ ၁၅ မိနှစ်ကစပြီး ဖယ်ခုံမြို့ ခမရ ၃၃၆ က ဘေးပတ်လည်နေရာများကို ၁၂၀ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“အခုချိန်အထိ ၄ ချက်ထက်မနည်း ရှိပြီ။ မအလက အပစ်ရပ်တယ်သာ ပြောနေတာ လေယာဉ်ကြဲကတော့ မရပ်ဘူး။ မနေ့က ကယား(ကရင်နီ)မှာ ၂ လုံးလာ ကြဲသွားတယ်” ဟု ကရင်နီကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် မျက်နှာနှင့် ကျောတို့တွင် ဒဏ်ရာရသေဆုံးသူမှာ အသက်၄၀ အရွယ် ခူးလူစ်(ကယန်းနာမည်)ဖြစ်ပြီး ၎င်း၏ နေအိမ်လည်း ပျက်စီးသွားသည်။
မနေ့ ဧပြီလ ၃ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည်။
အင်အားပြင်းငလျင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ပြီးနောက် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း စစ်ကောင်စီက ဧပြီ ၂ ည က ကြေညာထားသည်။
မဟာ
#MeKongNews
#စစ်ကောင်စီ
#အပစ်ရပ်
#ခမရ၄၂၂
#မိုးဗြဲတိုက်ပွဲ








