မဲခေါင်၊ ဧပြီ ၂
မြန်မာနိုင်ငံမြို့ကြီးများတွင် ငလျင်ဘေးကြုံတွေ့နေရသော်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်နသေည့် BIMSTEC အစည်းအဝေးတက်ရောက်မည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ထိုအစည်းအဝေးသည် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပနေပြီး ကနဦးတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သော်လည်း ဝေဖန်မှုများရှိခဲ့သည်။
အာဆီယံနိုင်ငံများက ဝေဖန်မှုများရှိသော်လည်း ထိုအစည်းအဝေးကို တက်ရောက်မည် စစ်ခေါင်းဆောင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် အာဏာသိမ်းရသည့်အကြောင်း ဒေသတွင်းနိုင်ငံများကို ရှင်းပြဖွယ်ရှိသည်။
စစ်ခေါင်းဆောင် အစည်းအဝေးတက်နေချိန် နိုင်ငံတွင် ပြင်းထန်သည့် ငလျင်ကြောင့် လူ ၃၀၀၀ ခန့် သေဆုံးခဲ့ပြီး ၄၀၀၀ ထောင်ကျော် ထိခိုက်ခံစားခဲ့ရသည်။ သိန်းနှင့်ချီသည့် ပြည်သူ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်။
ထိုအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဆိုပါက ဒေသတွင်း နိုင်ငံများသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဥ်လည်း ဖြစ်လာမည်။
#MeKongNews
#စစ်ခေါင်းဆောင်
#ဘန်ကောက်
#အစည်းအဝေး
#ဘင်းစတက်








