မဲခေါင်၊ ဧပြီ ၁
တိုင်းပြည်အတွက် ဆွေးနွေးငြင်းခုံရာနေရာဖြစ်သည့် လွှတ်တော်အဆောက်အဦ ငလျင်ကြောင့် ပျက်စီးမှုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ (ဧပြီ ၁) တွင် သွားကြည့်သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်များသည် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘဲ ဆင်ဝင်နှင့် အမိုးတချို့ အနည်းငယ်သာ ထိခိုက်ခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးက ဖော်ပြသည်။
ပြီးခဲ့သည့် လေးနှစ် ရွေးကောက်ပွဲပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လွှတ်တော်တက်မည့် အမတ်များကို တားဆီးပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် သမ္မတ ဦးဝင့်မြင့်တို့အပြင် NLD ပါတီ ဝင်များကို ဖမ်းဆီးခဲ့သည်။
အာဏာသိမ်းလေးနှစ်ပြီးနောက် လက်နက်ကိုင်တော်လှန်မှုများနှင့် တွေ့ကြုံနေရသည့် စစ်ခေါင်းဆောင်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည်။
ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်နေအိမ်များ၊ ဝန်ကြီးဌာနရုံးများ၊ သမ္မတအိမ်တော်များ ထိခိုက်ပျက်စီးခဲ့သည်။ နေပြည်တော်တွင် ငလျင်ကြောင့် သေဆုံးသူ ထောင်ချီရှိသည်။
#MeKongNews
#နေပြည်တော်ငလျင်
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#လွှတ်တော်
#သွားကြည့်
#စစ်ကိုင်းငလျင်








