မဲခေါင်၊ ဧပြီ ၁
ပြင်းထန်ငလျင် လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်သွားသည့် ရှမ်းပြည်မြို့တော် တောင်ကြီးတွင် ယနေ့ (ဧပြီ ၁) တွင် လျှပ်စစ်မီး မိနစ် ၂၀ ခန့် ပြန်ရပြီဟု မြို့ခံများက ပြောသည်။
မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်သည် သမိုင်းတလျှောက် အပြင်းထန်ဆုံး ငလျင်ဟုခေါ်ဆိုနိုင်ပြီး ထိုနေ့တွင်ပင် တောင်ကြီးမြို့၌ လျှပ်စစ်မီးများ ပြတ်တောက်သွားခြင်း ဖြစ်သည်။
ယနေ့ မိနစ် ၂၀ ခန့် လျှပ်စစ်မီး ပြန်ရခြင်းသည် ၄ ရက်ကြာပြီးနောက် ပြန်ရခြင်းဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်နေပြီး ၄ နာရီပေး၊ ၈ နာရီပြတ်သည့် ပုံစံဖြင့် စစ်ကောင်စီက လျှပ်စစ်မီးပေးမည်ဟု ကြေညာသည်။
ဓာတ်အားပြန်လည် ချိတ်ဆက်နိုင်ရန်အတွက် ကျောက်ဆည် အင်းကုန်းဓာတ်အားခွဲရုံမှတဆင့် ကလောရေပေါင်းဆုံ ဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်းခွဲပေးခဲ့ပြီး ထိုမှတဆင့် အေးသာယာဓာတ်အားခွဲရုံသို့ ပို့လွှတ်နိုင်ခဲ့သဖြင့် တောင်ကြီးမြို့နယ် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အပိုင်းအလိုက် တစ်ရက်လျှင် ၄ နာရီကြာ အလှည့်ကျစမ်းသပ်မီးပေးသွားမှာဖြစ်တာကြောင့် အန္တရာယ်မဖြစ်အောင် သုံးစွဲခြင်းမပြုဖို့လည်း လျှပ်စစ်ဝန်ထမ်းတစ်ဦးက အကြံပြုထားသည်။
နန်းမွန်း
#MeKongNews
#တောင်ကြီး
#လျှပ်စစ်မီးပေး
#ငလျင်
#စစ်ကိုင်းငလျင်








