မဲခေါင်၊ ဧပြီ ၁
ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဧပြီတစ်လလုံး ထိုးစစ်ရပ်တန့်ကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် ကြေညာသည်။
ငလျင်ဒဏ်သင့်မြို့များတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက်ကြည်လင်စွာ လုပ်ဆောင်နိုင်ကြရန်နှင့် လူသားချင်းစာနာထောက်ထားမှုများ အမြန်ဆုံးထိရောက်စွာ လုပ်ဆောင်နိုင်ရန် အထူးလိုလားသည့်အတွက် စစ်ကောင်စီအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA ၊ MNDAA နှင့် TNLA တို့မှ ဧပြီတစ်လလုံး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်ဖက်သတ် ရပ်စဲထားမည်ဟု ကြေညာချက်တွင် ပါရှိသည်။
#MeKongNews
#MyanmarEarthquake
#စစ်ကိုင်းငလျင်
#ညီနောင်မဟာမိတ်၃ဖွဲ့
#အပစ်ရပ်








