နေ့စဥ်သတင်း

အင်းလေးဒေသတွင် ငလျင်ကြောင့် သေဆုံးသူ ၅၁ ဦးအထိ ရှိလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေ

မဲခေါင် 29 Mar - 2025
မဲခေါင်၊မတ် ၂၉ ရှမ်းပြည်၊ အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်မှုပြီးနောက် သေဆုံးသူ ၅၁ ဦးအထိရှိလာခဲ့ပြီး ဒေသတွင်းစားနပ်ရိက္ခာနှင့်လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံမျာက မတ်လ ၂၉ရက် ညနေပိုင်းတွင် ပြောသည်။ လက်ရှိအချိန်အထိ စာရင်းများအရ ရှေ့ဝကြီးကျေးရွာတွင် တစ်ဦး၊ ဟဲယာရွာမတွင် ၄ဦး၊ ကေလာကျေးရွာတွင် ၄၁ ဦးနှင့် ဇရပ်ကြီးကျေးရွာတွင် ၅ဦး သေဆုံးကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရပြီး သတင်းမရသေးသည့် ကျေးရွာများစွာကျန်သေးသလို နန်းပင်မြို့ ဆေးရုံတွင်လည်း လူနာနှင့် သေဆုံးအလောင်းများစွာ ရောက်ရှိနေကြောင်း သိရသည်။ အင်းလေးဒေသမြောက်ပိုင်း၊ အိမ်ထောင်ကြီးကျေးရွာတွင် အိမ်ခြေ ၂၆၀ ရှိရာ၌ ၂ အိမ်သာ အကောင်းအတိုင်း ကျန်ရှိပြီး လူထိခိုက်မှု မရှိကြောင်း၊

မဲခေါင်၊မတ် ၂၉

ရှမ်းပြည်၊ အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်မှုပြီးနောက် သေဆုံးသူ ၅၁ ဦးအထိရှိလာခဲ့ပြီး ဒေသတွင်းစားနပ်ရိက္ခာနှင့်လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံမျာက မတ်လ ၂၉ရက် ညနေပိုင်းတွင် ပြောသည်။

လက်ရှိအချိန်အထိ စာရင်းများအရ ရှေ့ဝကြီးကျေးရွာတွင် တစ်ဦး၊ ဟဲယာရွာမတွင် ၄ဦး၊ ကေလာကျေးရွာတွင် ၄၁ ဦးနှင့် ဇရပ်ကြီးကျေးရွာတွင် ၅ဦး သေဆုံးကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရပြီး သတင်းမရသေးသည့် ကျေးရွာများစွာကျန်သေးသလို နန်းပင်မြို့ ဆေးရုံတွင်လည်း လူနာနှင့် သေဆုံးအလောင်းများစွာ ရောက်ရှိနေကြောင်း သိရသည်။

အင်းလေးဒေသမြောက်ပိုင်း၊ အိမ်ထောင်ကြီးကျေးရွာတွင် အိမ်ခြေ ၂၆၀ ရှိရာ၌ ၂ အိမ်သာ အကောင်းအတိုင်း ကျန်ရှိပြီး လူထိခိုက်မှု မရှိကြောင်း၊ ရှေ့ဝကြီးကျေးရွာတွင် အိမ်ခြေ ၁၀၅ အိမ်ရှိရာ၌ ၄ အိမ်သာကျန်ရှိပြီး တစ်ဦးသေဆုံးကြောင်း၊ မြောက်ဝကြီးကျေးရွာတွင် ၉၅ အိမ်ရှိရာ၌ ရွာလုံးကျွတ်ပျက်စီးခဲ့ပြီး သေဆုံးမှုမရှိကြောင်း ကူညီရေးလိုက်လံဆောင်ရွက်နေသူ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

“ပျက်စီးသွားတဲ့ရွာအားလုံးက အင်းထဲမှာနေကြတာပါ။ လက်ရှိအချိန်အထိတော့ စစ်တပ်၊ PNO နဲ့ တခြားဘယ်သူမှ လာကူတာမရှိသေးပါဘူး။ တိုက်နယ်ဥက္ကဌတ​စ်ယောက်တော့ ရွာထဲတွေကို လိုက်ကြည့်နေတာတွေ့တယ်”ဟု ၎င်းကပြောသည်။

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း သေဆုံးသူအရေအတွက်မှာ ယခုထက်ပိုမိုများပြားလာနိုင်ပြီး ကလေသူငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရေးဗိုလ်ကပြောသည်။

လက်ရှိအချိန်ထိသိရသမျှ စာရင်းထဲတွင် အင်းလေးဒေသတောင်ပိုင်းမှ ကျေးရွာများရှိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ မပါဝင်သေးပေ။

သေဆုံးမှုများမှာ ရေနစ်ခြင်း၊ ပိတ်မိခြင်းနှင့် ဓာတ်လိုက်ခြင်းများကြောင့် အများဆုံးဖြစ်ပြီး ဒေသတဝှမ်း အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

လတ်တလောတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ရေနှင့် ဆေးဝါးများလိုအပ်နေကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရမှကွပ်ကဲမှုအောက်ရှိ ကာကွယ်ရေးတပ်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထုတ်ပြန်ထားသော်လည်း ဘဏ္ဍာငွေအခြေအနေအရ ကူညီနိုင်ခြင်းမရှိ​သေးကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရေးဗိုလ်က ပြောသည်။

“မတရားအာဏာသိမ်းမှု့ကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ခုသဘာဝဘေးဖြစ်တော့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ဘဏ္ဍာငွေမရှိတာပဲ စိတ်မကောင်းဘူး။ အလှူရှင်တွေအနေနဲ့လည်း ငလျင်‌ဘေးသင့် ပြည်သူတွေကို ကူမယ်ဆိုရင် တကယ်လိုအပ်တဲ့သူလက်ထဲ အရောက်လှူဒါန်းတာမျိုး လုပ်စေချင်တယ်။ ပြီးခဲ့တဲ့ရေဘေးတုန်းကဆိုရင် ဘောမနေတဲ့အုပ်ကြီးနဲ့ သူ့အပေါင်းအပါတွေ ကြီးပွါးသွားကြတာရှိတယ်။ အားလုံးကိုတော့မဆိုလိုဘူး” ဟု ၎င်းက မဲခေါင်ကိုပြောသည်။

မနေ့က လှုပ်ခတ်ခဲ့သည့် ၇.၇ မဂ္ဂနီကျူ့အဆင့်ရှိအင်အားပြင်းမြေငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်း အင်လေးဒေသ တဝှမ်းနှင့် တောင်ကြီး၊ အောင်ပန်းစသည့် ထိစပ်နေသော ဆက်စပ်မြို့များ ထိခိုက်ခံစားခဲ့ရကာ တစ်နိုင်ငံလုံးသေဆုံးသူဦးရေ တစ်ထောင်ကျော်လာပြီဖြစ်သည်။

#MeKongNews
#ငလျင်
#အင်းလေးဒေသ
#သေဆုံး
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now