နေ့စဥ်သတင်း

လာအိုစိုက်ပျိုးရေးခြံတွင် မိနစ်ပိုင်းနောက်ကျသည်ကို နေ့ဝက်စာလုပ်ခဖြတ်သဖြင့် မြန်မာအလုပ်သမားများ အလုပ်ထွက်

မဲခေါင် 19 Mar - 2025
မဲခေါင်၊ မတ် ၁၉ ရွှေတြိဂံဒေသ၊ မြန်မာတစ်ဖက်ခြမ်း လာအိုနိုင်ငံ၊ ဘော်ကဲအိုခရိုင်တွင်ရှိသည့် စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်ဝင်ချိန် ၄ မိနစ်နောက်ကျသည်ကို တရုတ်အလုပ်သမားခေါင်းက လုပ်အားခ နေ့ဝက်စာဖြတ်တောက်သည့်အတွက် မြန်မာအလုပ်သမားအများစု အလုပ်ထွက်ခဲ့ကြကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။ မတ်လ ၁၇ ရက် နံနက်ပိုင်း၌ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေသည့် နန်းကင်းရေတံခွန် စိုက်ပျိုးရေးခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့တစ်ဝက်စာလစာဖြတ်သည်ကို မကျေနပ်သဖြင့် မြန်မာနိုင်ငံအလုပ်သမားများက လူစုလူဝေးဖြင့် အလုပ်ရှင်ထံ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။ “အလုပ်က ပဲသီးခူးရတာပါ။ မနက်က ညအထိ တစ်နေကုန်လုပ်ရတယ်။ အစားအသောက်ကတော့ ပဲသီးနဲ့ ဖရုံပဲ၊ အလုပ်ရှင်က ထွက်ချင်တဲ့သူတွေကို ငွေချက်ချင်းရှင်းပေးတယ်။ အတော်များများပြန်ပါတယ်။ မပြန်တဲ့သူတွေလည်း

မဲခေါင်၊ မတ် ၁၉

ရွှေတြိဂံဒေသ၊ မြန်မာတစ်ဖက်ခြမ်း လာအိုနိုင်ငံ၊ ဘော်ကဲအိုခရိုင်တွင်ရှိသည့် စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်ဝင်ချိန် ၄ မိနစ်နောက်ကျသည်ကို တရုတ်အလုပ်သမားခေါင်းက လုပ်အားခ နေ့ဝက်စာဖြတ်တောက်သည့်အတွက် မြန်မာအလုပ်သမားအများစု အလုပ်ထွက်ခဲ့ကြကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။

မတ်လ ၁၇ ရက် နံနက်ပိုင်း၌ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေသည့် နန်းကင်းရေတံခွန် စိုက်ပျိုးရေးခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့တစ်ဝက်စာလစာဖြတ်သည်ကို မကျေနပ်သဖြင့် မြန်မာနိုင်ငံအလုပ်သမားများက လူစုလူဝေးဖြင့် အလုပ်ရှင်ထံ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

“အလုပ်က ပဲသီးခူးရတာပါ။ မနက်က ညအထိ တစ်နေကုန်လုပ်ရတယ်။ အစားအသောက်ကတော့ ပဲသီးနဲ့ ဖရုံပဲ၊ အလုပ်ရှင်က ထွက်ချင်တဲ့သူတွေကို ငွေချက်ချင်းရှင်းပေးတယ်။ အတော်များများပြန်ပါတယ်။ မပြန်တဲ့သူတွေလည်း ရှိပါတယ်” ဟု ​၎င်းကပြောသည်။

လာအိုနိုင်ငံရှိ စိုက်ပျိုးရေးခြံများတွင် မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများကို တရုတ်အလုပ်ခေါင်းများက ဖိနှိပ်မှုများရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်ချိန်အများစုမှာ နေ့စဥ် နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပုံမှန်အလုပ်ဆင်းရပြီး အချိန်ပိုရှိပါက ည ၇ နာရီခွဲအထိ လုပ်ကိုင်ရကြောင်း၊ လုပ်ခလစာကို လာအိုနိုင်ငံသုံးငွေ ကစ်(kip)ဖြင့်မပေးဘဲ တရုတ်ယွမ်ငွေဖြင့် ပေးချေခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးကို ယွမ် ၁၂၀၀၊ အမျိုးသား ယွမ် ၁၄၀၀ အထိရရှိပြီး လုပ်ငန်းလိုအပ်ချက်အရ လူအများအပြားခေါ်နေကြောင်း သိရသည်။

“အနေအစား ဆင်းရဲပြီး တအားခိုင်းတယ်။ လုပ်နိုင်မှ လာပါ။ မလုပ်နိုင်ဘဲလာရင် ကုန်ကျစရိတ်မကျေဘဲ ပြန်ရနိုင်တယ်။ ဒါပေမယ့် ရွှေလီ၊ ကြယ်ဂေါင်ဘက် စက်ရုံတွေထက်တော့ နည်းနည်း သက်သာတယ်။ လစာလည်း အတူတူပဲ၊ လွတ်လပ်တယ်ပေါ့” ဟု မူဆယ်ဘက်မှ အလုပ်ပြောင်းလုပ်လာသူ ဝမ်းတွင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

လာအိုနိုင်ငံရှိ လုပ်ငန်းအချို့တွင် လုပ်သားလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ လုပ်သားများကို ဝန်ဆောင်ခအခမဲ့နှင့် ခေါ်ယူမှုများရှိပြီး တချို့မှာလည်း ပွဲစားကို ဝန်ဆောင်ခပေးပြီး လမ်းစရိတ် ကျပ်သိန်းဆယ်ချီကုန်ခံကာ မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများလည်း ရှိကြောင်း၊ လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေကြောင်း သိရသည်။

ရွှေတြိဂံဧရိယာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာ၏ မဲခေါင်မြစ်တဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘော်ကဲယိုခရိုင်အတွင်း ကာစီနိုစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသားအလုပ်သမားများ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဦးရေ သောင်းနှင့်ချီရှိကြောင်း၊ လာအိုတွင် ရခိုင်ရွာဟု အမည်ပေးထားသည့် ရွာတည်ကာ နေထိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် စိုက်ပျိုးရေးခြံများတွင် အများဆုံးလုပ်ကိုင်ကြပြီး အလုပ်ရှင်များမှာ တရုတ်လုပ်ငန်းရှင်များရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#လာအိုနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#ဖိနှိပ်
#တရုတ်လုပ်ငန်းရှင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now