နေ့စဥ်သတင်း

စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေမှာ လူပုဂ္ဂိုလ်စိစစ်ခြင်းနှင့် စောင့်ကြည့်စနစ် – PSMS တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

မဲခေါင် 17 Mar - 2025
မဲခေါင်၊ မတ် ၁၇ စစ်ကောင်စီသည် လမ်းစစ်ဆေးရေးဂိတ်များတွင် “Person Scrutinization and Monitoring System” “လူပုဂ္ဂိုလ် စိစစ်ခြင်းနှင့် စောင့်ကြည့်စနစ်” (PSMS) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းစနစ်ကို မြို့ဝင်မြို့ထွက်နှင့်တံတားဂိတ်များ၊ နယ်စပ်များတွင် ယခုသီတင်းပတ်အတွင်း တပ်ဆင်ကာ စစ်ဆေးနေခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။ “သူတို့ပြောတဲ့ တရားခံပြေးဖမ်းစက်ပေါ့လေ၊ အဆင့်မြင့် လေဆိပ်တွေမှာ သုံးတာပေါ့။ ခု PLAN အနေနဲ့ အရေးကြီးမြို့၊တံတားတွေ၊ တိုင်းနဲ့ပြည်နယ် အကူးအပြောင်း နယ်စပ်တွေမှာတပ်ပြီးဖမ်းမှပေါ့” ဟု ၎င်းကပြောသည်။ လက်ရှိ ရှမ်းပြည်နှင့် မန္တလေးနယ်စပ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းစစ်ဆေးသည့် X-Ray

မဲခေါင်၊ မတ် ၁၇

စစ်ကောင်စီသည် လမ်းစစ်ဆေးရေးဂိတ်များတွင် “Person Scrutinization and Monitoring System” “လူပုဂ္ဂိုလ် စိစစ်ခြင်းနှင့် စောင့်ကြည့်စနစ်” (PSMS) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းစနစ်ကို မြို့ဝင်မြို့ထွက်နှင့်တံတားဂိတ်များ၊ နယ်စပ်များတွင် ယခုသီတင်းပတ်အတွင်း တပ်ဆင်ကာ စစ်ဆေးနေခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

“သူတို့ပြောတဲ့ တရားခံပြေးဖမ်းစက်ပေါ့လေ၊ အဆင့်မြင့် လေဆိပ်တွေမှာ သုံးတာပေါ့။ ခု PLAN အနေနဲ့ အရေးကြီးမြို့၊တံတားတွေ၊ တိုင်းနဲ့ပြည်နယ် အကူးအပြောင်း နယ်စပ်တွေမှာတပ်ပြီးဖမ်းမှပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိ ရှမ်းပြည်နှင့် မန္တလေးနယ်စပ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းစစ်ဆေးသည့် X-Ray စက်ကဲ့သို့ လူကိုစစ်ဆေးသည့် (PSMS) စနစ်ဖြင့် ခရီးသည်များကို စစ်ဆေးမည်သွားမည်ဖြစ်ပြီး တောင်ကြီးမှ လွိုင်ကော်ဘက်သို့လာသည့် ခရီးလမ်းတွင်လည်း ယင်းသို့စစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ အဓိကထွက်ပေါက်တစ်ခုအဖြစ်ရှိနေသည့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား ၁ တွင်လည်း ယင်းစနစ်ကို တပ်ဆင်ပြီး စစ်ဆေးရန် စီစဉ်နေကြောင်း သတင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“တာချီလိတ် တံတား ၁ မှာလည်း အဲလိုစစ်ဆေးဖို့ အစီအစဥ်ရှိတယ်။ Network နဲ့ချိတ်ပြီး ဆော့ဖ်ဝဲလ်နဲ့ စစ်တဲ့စနစ်ပဲ” ဟု ၎င်းက ပြောသည်။

ယင်းစနစ်တပ်ဆင်ထားသည့် မော်လမြိုင်မြို့ အတ္ထရံတံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ဖြင့် မိထ္တီလာရဲစခန်းက ဝရမ်းထုတ်ခံထားရသူ စွမ်းပြည့်စုံဆိုသူအား မတ်လ၁၅ရက် ညနေပိုင်းက ဖမ်းမိကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများတွင် ဖော်ပြထားသည်။

မှတ်ချက် – ပုံဟောင်း
မဟာ
#MeKongNews
#PSMS
#စစ်ဆေးရေးဂိတ်
#တာချီလိတ်
#တံတား၁

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now