နေ့စဥ်သတင်း

ပအိုဝ်းဒေသများတွင် တစ်အိမ်လျှင် ကျပ် ၅သောင်း PNO အခွန်ကောက်၊ မပေးလျှင် ဗုံးကြဲမည်ဟု ခြိမ်းခြောက်

မဲခေါင် 16 Mar - 2025
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများ နေထိုင်သည့် မြို့၊ ရွာများတွင် စစ်ကောင်စီလက်အောက်ခံ​ ပြည်သူ့စစ် – PNO က အခွန်ဟုဆိုကာ ဆက်ကြေးကောက်ခံနေပြီး မပေးလျှင် လေယာဉ်ဖြင့်ဗုံးကြဲမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။ အိမ်တစ်အိမ်လျှင် ကျပ် ၅သောင်း၊ ကားရှိလျှင် ကားတစ်စီးကို ကျပ် ၅သောင်း၊ ဆိုင်ဖွင့်ထားပါက ဆိုင်ကြီးလျှင် ကျပ်တစ်သိန်းနှင့် ဆိုင်ငယ်လျှင် ကျပ် ၅သောင်း ကောက်ခံနေပြီး တောင်ကြီးမြို့နယ်အတွင်းရှိ ဘန်းကန်ကျေးရွာတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို မတ်လ ၁၆ရက်တွင် ပြောသည်။ “မပေးရင် ဗုံးကြဲမယ်၊ လေယာဉ်တွေလာရင် မကာကွယ်ပေးဘူး ဆိုပြီး ပြောပြီးကောက်တာ။ ကိုမျိုးဆိုတဲ့ PNO ကလူက

ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများ နေထိုင်သည့် မြို့၊ ရွာများတွင် စစ်ကောင်စီလက်အောက်ခံ​ ပြည်သူ့စစ် – PNO က အခွန်ဟုဆိုကာ ဆက်ကြေးကောက်ခံနေပြီး မပေးလျှင် လေယာဉ်ဖြင့်ဗုံးကြဲမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

အိမ်တစ်အိမ်လျှင် ကျပ် ၅သောင်း၊ ကားရှိလျှင် ကားတစ်စီးကို ကျပ် ၅သောင်း၊ ဆိုင်ဖွင့်ထားပါက ဆိုင်ကြီးလျှင် ကျပ်တစ်သိန်းနှင့် ဆိုင်ငယ်လျှင် ကျပ် ၅သောင်း ကောက်ခံနေပြီး တောင်ကြီးမြို့နယ်အတွင်းရှိ ဘန်းကန်ကျေးရွာတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို မတ်လ ၁၆ရက်တွင် ပြောသည်။

“မပေးရင် ဗုံးကြဲမယ်၊ လေယာဉ်တွေလာရင် မကာကွယ်ပေးဘူး ဆိုပြီး ပြောပြီးကောက်တာ။ ကိုမျိုးဆိုတဲ့ PNO ကလူက ဦးဆောင်ပြီး လာပြောတာ” ဟု ၎င်းကပြောသည်။

ရပ်စောက်မြို့နယ်အတွင်းရှိ ပအိုဝ်းလူမျိုးများ အများဆုံးနေထိုင်သည့် ပင်ဖြစ်မြို့နှင့် ထီးခမ်းကျေးရွာတို့တွင်လည်း မတ်လ ၁၄ရက်နေ့က တစ်အိမ်လျှင် ကျပ် ၅သောင်း အခွန်ပေးရန် PNO တပ်ဖွဲ့ဝင်များက လာရောက်ပြောကြားကြောင်း ဒေသခံများထံမှ သိရသည်။

ပင်ဖြစ်မြို့မှာ ရပ်ကွက် ၁၂ခုရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ထီးခမ်းကျေးရွာမှာလည်း အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း၊ နောက်ဆုံးပေးရမည့် ရက်ကိုသတ်မှတ်ထားခြင်း မရှိသေးသော်လည်း အစည်းအဝေးပြန်လည်ခေါ်ယူမည်ဟု ပြောကြောင်း ပင်ဖြစ် ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ပင်လုံ၊ လွိုင်လင်နှင့် ရပ်စောက် မြို့နယ်များအားလုံးတွင် PNO က လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများကိုလည်း ကောက်ခံကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“တချို့ရွာတွေက မထည့်ဘူးဆိုရင် နှင်ထုတ်မယ်တို့၊ စကစကို အကြောင်းကြားပြီး ဗုံးကြဲခိုင်းမယ်တို့ အမျိုးမျိုး ခြိမ်းခြောက်ပြီး ကောက်နေတာ။ PNO ခေါင်းဆောင်တွေက သူဌေးတွေပဲ သူတို့ပိုက်ဆံနဲ့ သူတို့ စိုက်သုံးပါလား။ ပြည်သူလူထုက တစ်နေ့ထက်တစ်နေ့ ဒုက္ခရောက်နေတာ၊ ဒါကိုပဲ ဖိတောင်းနေတယ်” ဟု ၎င်းက ပြောသည်။

ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည့် PNO/PNA သည် စစ်ကောင်စီဘက်မှ ကူတိုက်ပေးနေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ရပ်ရွာအတွင်း ပအိုဝ်းလူငယ်များကို အဓမ္မစစ်သားစုဆောင်းပြီး အင်အား ၂သောင်းခန့်ဖြည့်တင်းခဲ့သည်။

ယင်းနောက် ရှမ်းတောင်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိဒေသများကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရာတွင် အဓိကပါဝင်နေပြီး ပြည်သူအများအပြားမှာ စစ်ဘေးရှောင်နေရသည်။

ဇော်မြင့်
#MeKongNews
#PNO
#ဆက်ကြေးကောက်
#ပအိုဝ်းပြည်သူ
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now