နေ့စဥ်သတင်း

တောင်ခမ်းတွင် တိုက်ပွဲပြင်းထန်နေ၊ တော်လှန်ရေးတပ်များ နေရာတချို့ လက်လွတ်လိုက်ရ

မဲခေါင် 13 Mar - 2025
မဲခေါင်၊ မတ် ၁၃ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အနီး တောင်ခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်ဘက်မှ ဆုတ်ခွာမှုများရှိနေကြောင်း တောင်ခမ်းဒေသတွင်ရှိနေသော မြေပြင်ရဲဘော်များကပြောသည်။ စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် အပြင်းအထန်ပြုလုပ်နေသည့်အပြင် ဒရုန်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေသောကြောင့် တောင်ခမ်းပတ်ဝန်းကျင်မှ ဆုတ်ခွာပေးထားရကြောင်း တောင်ခမ်းဒေသရှိ မြေပြင်ရဲဘော်က ဆိုသည်။ “ဆုတ်တာတော့ အကုန်ဆုတ်ပေးထားရတာ၊ စခဘက်ကထိုးစစ်တအားကြီးတယ်၊ဒရုန်းတွေနဲ့လဲတိုက်ခိုက်နေတာ TNLAကတော့ ထိုးစစ်ဆင်ဖို့တောင်ပေါ်က ရှိသမျှ တလရ အဖွဲ့စည်းမှန်သမျှကို ထိုးစစ်မှာ ပါဝင်ပေးကြဖို့ ပြောထားတယ် လက်နက်ခဲယမ်းကအစ သူတို့ ထောက်ပံ့ထားတယ်” ဟု မဲခေါင်ကိုပြောသည်။ ယခင် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သော တောင်ခမ်းဒေသအနီးပတ်ဝန်းကျင် နေရာများမှ ဆုတ်ခွာမှုတွေပြုလုပ်ထားရပြီး နောင်ချိုမြို့ကိုတော့ ဆက်ထိန်းထားသည်ဟု ဆိုသည်။ “နောင်ချိုကို ၃ လအတွင်း စစ်ကောင်စီက ပြန်ယူမယ်ဆိုပြီး

မဲခေါင်၊ မတ် ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အနီး တောင်ခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်ဘက်မှ ဆုတ်ခွာမှုများရှိနေကြောင်း တောင်ခမ်းဒေသတွင်ရှိနေသော မြေပြင်ရဲဘော်များကပြောသည်။

စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် အပြင်းအထန်ပြုလုပ်နေသည့်အပြင် ဒရုန်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေသောကြောင့် တောင်ခမ်းပတ်ဝန်းကျင်မှ ဆုတ်ခွာပေးထားရကြောင်း တောင်ခမ်းဒေသရှိ မြေပြင်ရဲဘော်က ဆိုသည်။

“ဆုတ်တာတော့ အကုန်ဆုတ်ပေးထားရတာ၊ စခဘက်ကထိုးစစ်တအားကြီးတယ်၊ဒရုန်းတွေနဲ့လဲတိုက်ခိုက်နေတာ TNLAကတော့ ထိုးစစ်ဆင်ဖို့တောင်ပေါ်က ရှိသမျှ တလရ အဖွဲ့စည်းမှန်သမျှကို ထိုးစစ်မှာ ပါဝင်ပေးကြဖို့ ပြောထားတယ် လက်နက်ခဲယမ်းကအစ သူတို့ ထောက်ပံ့ထားတယ်” ဟု မဲခေါင်ကိုပြောသည်။

ယခင် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သော တောင်ခမ်းဒေသအနီးပတ်ဝန်းကျင် နေရာများမှ ဆုတ်ခွာမှုတွေပြုလုပ်ထားရပြီး နောင်ချိုမြို့ကိုတော့ ဆက်ထိန်းထားသည်ဟု ဆိုသည်။

“နောင်ချိုကို ၃ လအတွင်း စစ်ကောင်စီက ပြန်ယူမယ်ဆိုပြီး ကြွေးကြော်ထားတယ်၊ ဒါပေမဲ့လည်း ကျနော်တို့ဘ​က်က တိုက်စစ်ပြန်ဖော်နေတော့ သူတို့(စစ်ကောင်စီ) လွယ်တော့မလွယ်ဘူး၊ ကံ့ကော်ဘက်ကို အခုကျနော်တို့ ပြန်ထိုးနေတာ တချို့နေရာတွေ ပြန်ရထားပါပြီ” ဟု ရှင်းပြသည်။

နောင်ချိုနှင့် တောင်ခမ်းဒေသဝန်းကျင်ရှိ တော်လှန်ရေးတပ်များအား စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှ ထိုးစစ်ဆက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒရုန်းအသုံးပြုမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

“တိုက်ပွဲရပ်တာတော့ မရပ်ဘူး၊ ကြိုကြား ကြိုကြားတော့ နေ့တိုင်းဖြစ်တယ်၊ ဒရုန်းနေ့တိုင်းပဲ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် တာဝန်ခံ ကိုထွန်းနိုင်က မဲခေါင်ကိုပြောသည်။

တောင်ခမ်းဒေသအား TNLA၊ DPLA နှင့် တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယခင်နှစ် နှစ်ဝက်ဝန်းကျင်ကတည်းက ဖြစ်သည်။

ပြင်ဦးလွင်မြို့၊ ကျောက်မဲလေးဒေသတွင်လည်း MDY PDF တပ်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးရင်ဆိုင်ထားမှုများရှိနေပြီး တောင်ခမ်းဒေသမှ အလွယ်တကူသွားရောက်နိုင်သောကြောင့် စစ်ကောင်စီတပ်မှ အစွမ်းကုန်ကာကွယ်နေသည်။

တောင်ခမ်းဒေသရှိစစ်ကောင်စီအမြောက်စခန်းအား ကျောက်ဂူဒေသ၊ ကျောက်ဂူ-နမ့်လန်-ရပ်စောက်လမ်းပိုင်းမှ ရိက္ခာနှင့်စစ်ကူများအား ယာဉ်တန်းများဖြင့်ပို့ဆောင်ပေးနေပြီး ၎င်းလမ်းပိုင်းကို SSPP တပ်များမှ လုံခြုံရေးယူပေးထားကြောင်း ယခုနှစ် ဇန်နဝါရီလထဲတွင် စစ်ကောင်စီထောက်ခံသူများမှ ရေးသားမှုများရှိခဲ့သည်။

ဂနိုက်
#MeKongNews
#ရှမ်းမြောက်
#နောင်ချို
#တောင်ခမ်း
#တအာင်း
#တော်လှန်ရေး
#စစ်ကောင်စီ
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now