နေ့စဥ်သတင်း

တာချီလိတ်မြို့အတွင်း အလှည့်ကျသာ မီးရသော်လည်း မီးလင်းရေးဥက္ကဌပိုင် နေရာများတွင် ၂၄နာရီ မီးလာနေသည့်အပေါ် ပြည်သူများဝေဖန်

မဲခေါင် 11 Mar - 2025
မဲခေါင်၊ မတ် ၁၁ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ရောင်းချမှုရန်တန့်လိုက်သလို လာအိုဘက်မှ လျှပ်စစ်မီးရောင်းချမှု လျှော့ချလိုက်သဖြင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီး ရရှိသော်လည်း မြို့နယ်မီးလင်းရေးကော်မတီ ဥက္ကဌ ပိုင်ဆိုင်သည့် နေရာအချို့တွင် ၂၄ နာရီမီးလာနေကြောင်း ပြည်သူများက ဝေဖန်သည်။ တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်ပိုင်ဆိုင်သည့် မြသဟာဆေးရုံနှင့် ၎င်းအစုရှယ်ယာပါဝင်သည့် တော်ဝင်ဆေးရုံတို့တွင် ၂၄ နာရီမီးလာနေပြီး ယင်းနေရာများနှင့် လျှပ်စစ်မီးတလိုင်းတည်းဖြစ်သည့် နေအိမ်များတွင်လည်း မီးလာကြောင်း ဒေသခံတစ်ဦးက မတ်လ ၁၀ရက် ညပိုင်းတွင် ပြောသည်။ “မီးလာတယ်။ မီးစက်နှိုးထားတာလည်းမဟုတ်ဘူး။ ခပ်တည်တည်ပဲ။ မီးချိန်းရင် မီးလင်းရေးကလူတွေက တုတ်နဲ့လိုက်လုပ်နေရတယ်။ မိုးတွင်းတော့ ဘယ်လိုနေမယ်မသိဘူး” ဟု ၎င်းက ပြောသည်။

မဲခေါင်၊ မတ် ၁၁

ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ရောင်းချမှုရန်တန့်လိုက်သလို လာအိုဘက်မှ လျှပ်စစ်မီးရောင်းချမှု လျှော့ချလိုက်သဖြင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီး ရရှိသော်လည်း မြို့နယ်မီးလင်းရေးကော်မတီ ဥက္ကဌ ပိုင်ဆိုင်သည့် နေရာအချို့တွင် ၂၄ နာရီမီးလာနေကြောင်း ပြည်သူများက ဝေဖန်သည်။

တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်ပိုင်ဆိုင်သည့် မြသဟာဆေးရုံနှင့် ၎င်းအစုရှယ်ယာပါဝင်သည့် တော်ဝင်ဆေးရုံတို့တွင် ၂၄ နာရီမီးလာနေပြီး ယင်းနေရာများနှင့် လျှပ်စစ်မီးတလိုင်းတည်းဖြစ်သည့် နေအိမ်များတွင်လည်း မီးလာကြောင်း ဒေသခံတစ်ဦးက မတ်လ ၁၀ရက် ညပိုင်းတွင် ပြောသည်။

“မီးလာတယ်။ မီးစက်နှိုးထားတာလည်းမဟုတ်ဘူး။ ခပ်တည်တည်ပဲ။ မီးချိန်းရင် မီးလင်းရေးကလူတွေက တုတ်နဲ့လိုက်လုပ်နေရတယ်။ မိုးတွင်းတော့ ဘယ်လိုနေမယ်မသိဘူး” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၅ရက်တွင် ထိုင်းနိုင်ငံဘက်မှ မီးဖျက်ပြီးနောက် လာအိုဘက်မှလည်း မူလရောင်းချနေသည့် ၃၀ မီဂါဝပ်ဓာတ်အားကို ၁၃ မီဂါဝပ်ဓာတ်အားသို့သာ လျှော့ချ ရောင်းမည်ဟု ပြင်ဆင်လိုက်ပြီးနောက် ဆယ်စုနှစ် ၂စုကျော်ကြာ ၂၄ နာရီလျှပ်စစ်မီးရသည့် တာချီလိတ်မြို့မှာ အလှည့်ကျဓာတ်အားပေးစနစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

သို့သော် အလှည့်ကျမီးပေးစနစ်တွင် မီးပြတ်သည့်အချိန်သာမှန်ပြီး မီးလာသည့်အချိန်မမှန်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

“မီးက ပျက်ရင်မှန်တယ်၊ အတိအကျပဲ။ လာမယ်ဆိုရင်တော့ မမှန်ဘူး။ ကြေညာထားတဲ့အတိုင်း တိတိကျကျ ပေးနိုင်ရင်အကောင်းဆုံးပါပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မီးလင်းရေးကော်မတီနှင့်ပတ်သက်ပြီး လက်ရှိဥက္ကဌ တာဝန်ထမ်းဆောင်နေသည်မှာ ၇နှစ်ကျော်ရှိပြီဖြစ်ပြီး စည်းမျဉ်းအရ ၅နှစ်လျှင်တစ်ကြိမ် ဥက္ကဌပြန်လည်ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများလည်း အများသိအောင် ရှင်းလင်းမှုမရှိကြောင်း၊ မီးလင်းရေးကော်မတီ၏ ရန်ပုံငွေဖြစ်သည့် ဘတ်ငွေ သန်း ၃၀ကျော် (၂၀၁၈ စာရင်းအရ) ကိုလည်း မည်သို့မည်ပုံလုပ်ဆောင်ထားကြောင်းလည်း မသိရကြောင်း ဒေသခံတစ်ဦးက ထောက်ပြသည်။

“၂၀၁၈မှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိတုန်းက သိလိုက်ရတာက ရန်ပုံငွေ ဘတ်သန်း ၃၀ ကျော်ရှိတယ်။ အဲဒီနောက်ပိုင်းလည်း ဘာမှ မကြားရတော့ဘူး။ အခုမီးလင်းရေးက လူတစ်စုက အုပ်စိုးထားသလိုဖြစ်နေတယ်။ မီးလင်းရေးဆိုတာ အများပိုင်ဖြစ်တယ်။ အရင်ခေတ်အဆက်ဆက်ကတည်းက မြို့အတွက်လုပ်လာကြတာ။ လျှပ်စစ်မီးရောင်းတိုင်းလည်း တစ်ယူနစ်တိုင်းမှာ အကျိုးအမြတ်ရနေတာ၊ ဒါတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ချပြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ (၁)ကို ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ခရိုင်အုပ်ချုပ်ရေးဦးဆောင်မှု ကော်မတီမှ မြို့မိမြို့ဖဦးဆောင်သည့် ကော်မတီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်ကတည်းက ကော်မတီဥက္ကဌနေရာကို ဦးတင်လှိုင်က ရရှိထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း မီးလင်းရေးကော်မတီ (၁) နှင့် မီးလင်ရေးကော်မတီ (၂) ဟူ၍ရှိပြီး မီးလင်းရေးကော်မတီ (၁)ကို မြို့မိမြို့ဖများဦးဆောင်သည့် ကော်မတီက တာဝန်ယူကာ မြို့ပေါ်ရပ်ကွက်များသို့ အဓိကထား လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီ (၂)ကို “ဝ” တပ်ဖွဲ့က တာဝန်ယူကာ မြို့အစွန်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

ဇော်မြင့်
#MeKongNews
#တာချီလိတ်
#လျှပ်စစ်မီး
#အလှည့်ကျ
#မီးလင်းရေးကော်မတီဝင်
#ဦးတင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now