နေ့စဥ်သတင်း

အုန်တိုင်းကျောင်းရဟန်းနှင့် ကပ္ပိယကို ပျားစစ်ကြောင်း သတ်ကြောင်းဝန်ခံ

မဲခေါင် 9 Mar - 2025
မဲခေါင်၊ မတ် ၉ ဖယ်ခုံမြို့နယ်အတွင်း၌ ရဟန်းတစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့ကို ပျားစစ်ကြောင်းမှ သတ်ဖြတ်ကြောင်းဝန်ခံသည့်စာကို ဖယ်ခံရဲတပ်ဖွဲ့ PK – Police က ယနေ့ မတ်လ ၉ရက်၌ ထုတ်ပြန်လိုက်သည်။ ပျားစစ်ကြောင်းမှ တာဝန်ရှိသူ လက်မှတ်ရေးထိုးထားသည့်စာတွင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းရွာမှ ဦးဇင်းဓမ္မသာရ (ခ) ဦးဇင်းပိန်နှင့် ၎င်း၏ကပ္ပိယဖြစ်သူ အိုက်ပီးတို့ကို သတ်ပစ်ခဲ့သည်ကို ဝန်ခဲ့ထားပြီး သတ်ပစ်ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်သည့်အတွက်ဟု ပြောဆိုဖြောင့်ချက်ပေးထားသည်။ ပစ်သတ်ခဲ့သူမှာ ရဲဘော်ဘလက်ဆိုသူဖြစ်ပြီး ဦးဇင်းပိန်အားစစ်ဆေးနေစဉ် အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်၍ ပစ်သတ်ရသည်ဟု စာ၌ထည့်သွင်းပြောဆိုထားသည်။ ဦးဇင်းပိန်မှာ စစ်ရှောင်များကို ကူညီရာတွင် လူသိများသူဖြစ်ပြီး ဝန်ခံသည့်စာပါ အကြောင်းအရာများမှာ သေဆုံးသူများအပေါ် ဂုဏ်သိက္ခာပိုင်းအရပါ

မဲခေါင်၊ မတ် ၉

ဖယ်ခုံမြို့နယ်အတွင်း၌ ရဟန်းတစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့ကို ပျားစစ်ကြောင်းမှ သတ်ဖြတ်ကြောင်းဝန်ခံသည့်စာကို ဖယ်ခံရဲတပ်ဖွဲ့ PK – Police က ယနေ့ မတ်လ ၉ရက်၌ ထုတ်ပြန်လိုက်သည်။

ပျားစစ်ကြောင်းမှ တာဝန်ရှိသူ လက်မှတ်ရေးထိုးထားသည့်စာတွင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းရွာမှ ဦးဇင်းဓမ္မသာရ (ခ) ဦးဇင်းပိန်နှင့် ၎င်း၏ကပ္ပိယဖြစ်သူ အိုက်ပီးတို့ကို သတ်ပစ်ခဲ့သည်ကို ဝန်ခဲ့ထားပြီး သတ်ပစ်ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်သည့်အတွက်ဟု ပြောဆိုဖြောင့်ချက်ပေးထားသည်။

ပစ်သတ်ခဲ့သူမှာ ရဲဘော်ဘလက်ဆိုသူဖြစ်ပြီး ဦးဇင်းပိန်အားစစ်ဆေးနေစဉ် အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်၍ ပစ်သတ်ရသည်ဟု စာ၌ထည့်သွင်းပြောဆိုထားသည်။

ဦးဇင်းပိန်မှာ စစ်ရှောင်များကို ကူညီရာတွင် လူသိများသူဖြစ်ပြီး ဝန်ခံသည့်စာပါ အကြောင်းအရာများမှာ သေဆုံးသူများအပေါ် ဂုဏ်သိက္ခာပိုင်းအရပါ ထိခိုက်နစ်နာစေကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရန်နှင့် တရားမျှတမှုရှိရန် လုပ်ဆောင်ပေးဖို့ လိုကြောင်း ရှမ်းပြည်အရေးလေ့လာသူတစ်ဦးက ပြောသည်။

“ဘာမှ ပြန်မပြောနိုင်တော့တဲ့ သေသွားတဲ့သူတွေအပေါ် ဒလန်ဆိုပြီးစွပ်စွဲထားတယ်။ တကယ်ဆို အချက်အလက်နဲ့ သေသေချာချာပြဖို့လိုတယ်။ နောက်ပြီးတော့ လက်နက်မဲ့ပြည်သူတွေ၊ သံဃာတွေကို ဒီလိုလက်လွတ်စပယ် လုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ယင်းပျားစစ်ကြောင်း၏ထုတ်ပြန်ချက်နှင့်သဘော ထားစာတွင် အဆိုပါ လူသတ်မှုကို ကျူးလွန်သူမှာ မောင်ဘလတ်၂၉နှစ်ဖြစ်ပြီး ၎င်းတစ်ဦးထဲက ၂ယောက်လုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပြစ်မှူကျူးလွန်သူ မောင်ဘလတ်ကို တပ်စည်းကမ်းအတိုင်း တပ်ခုံရုံးဖွဲ့၍ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ပြည်သူလုထုထံတင်ပြအပ်ပါသည်ဟု ပါရှိသည်။

ယင်းဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ၄ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်အတွင်းဦးဓမ္မသာရ ခေါ် ဦးဇင်းပိန်သက်တော် ၄၇ နှစ်၊ ဝါတော်၄၈ဝါ နှင့် ဦးအိုက်ပီး၄၀ နှစ်တို့ သေဆုံးခဲ့ရသည်။

မဟာ
#MeKongNews
#ပျားစစ်ကြောင်း
#ဦးဇင်းပိန်
#အိုက်ပီး
#ဖယ်ခုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now