နေ့စဥ်သတင်း

မူဆယ်မှာ ကျားဖြန့်တွေ ရှိနေဆဲဟု ဒေသခံများတုံ့ပြန်

မဲခေါင် 9 Mar - 2025
မဲခေါင်၊ မတ်၉ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်တွင် ကျားဖြန့်များ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီဟု တရုတ်နိုင်ငံရေးခြားရေးဝန်ကြီးက ပြောသော်လည်း မူဆယ်ရှိ စွမ်ဆော်ရပ်ကွက်ထဲ၌ပင် အများအပြား ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “စွမ်ဆော်ထဲမှာလည်း အများကြီးရှိသေးတယ်။ သိန်းသန်းချီ ကားကြီးဝန်းဘက်မှာလည်း ရှိပါ့။ အခွန်ပေးနေကြတာ၊ မရရင် အဖမ်းပြတာနည်းနည်းပေါ့” ဟု မူဆယ်၊ ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက ယနေ့မတ်လ ၉ ရက်တွင် ပြောသည်။ မူဆယ်မှ

မဲခေါင်၊ မတ်၉

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်တွင် ကျားဖြန့်များ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီဟု တရုတ်နိုင်ငံရေးခြားရေးဝန်ကြီးက ပြောသော်လည်း မူဆယ်ရှိ စွမ်ဆော်ရပ်ကွက်ထဲ၌ပင် အများအပြား ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“စွမ်ဆော်ထဲမှာလည်း အများကြီးရှိသေးတယ်။ သိန်းသန်းချီ ကားကြီးဝန်းဘက်မှာလည်း ရှိပါ့။ အခွန်ပေးနေကြတာ၊ မရရင် အဖမ်းပြတာနည်းနည်းပေါ့” ဟု မူဆယ်၊ ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက ယနေ့မတ်လ ၉ ရက်တွင် ပြောသည်။

မူဆယ်မှ မြို့မပြည်သူ့စစ် အဖွဲ့ခွဲများ၏ ကျား​​ဖြန့်ရုံများသည်ပင်လျင် အဖွဲ့ ၂ဝ ကျော်ခန့်ရှိနေသလို အခြား လူဦးရေ ရာချီရှိသည့် အဖွဲ့များလည်း ရှိနေသည်ဟု ဒေသခံသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကျားဖြန့်တစ်ရုံလျင် လိုင်းကြေး ကျပ်သိန်း ၁၀၀ မှသိန်း ၄၀၀ ကြား စစ်ကောင်စီ၏ စစ်တပ်နှင့် အရပ်ဘက်အုပ်ချုပ်ရေး၊ ရဲ တို့ကို ပေးဆောင်နေရသည်ဟု ကျားဖြန့်နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

“ဖြစ်နိုင်တာက အခြားနိုင်ငံတွေက လူတွေကို ဖမ်းမထားပဲ ဆန္ဒအရ လာလုပ်တဲ့သူတွေ၊ ပြီးတော့ ပစ်မှတ်က တရုတ်နိုင်ငံ မဟုတ်လို့ ဖြစ်လိမ့်မယ်” ဟု ဟိုနားရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

မြန်မာနိုင်ငံအောက်ပိုင်း မြဝတီနယ်စပ် ရွှေကုက္ကိုနှင့် KK Park ကျားဖြန့်ရုံများကမူ နိုင်ငံတကာမှလူများကို ပြန်ပေးဆွဲပြီး နိုင်ငံစုံသို့ အွန်လိုင်းက ငွေလိမ်နေခြင်းဖြစ်သဖြင့် နိုင်ငံခြားသား ၇၀၀၀ ခန့်သာမက တရုတ်နိုင်ငံသား အများအပြားကို ထိုင်းနိုင်ငံမှတဆင့် BGF က ပြန်လည်ပို့ဆောင်လျက်ရှိသည်။

မဟာ
#MeKongNews
#မူဆယ်
#ကျားဖြန့်
#တရုတ်
#မြို့မပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now