မဲခေါင်၊ မတ် ၄
ကရင်နီပြည််နယ်၊ ဒီမောဆိုးမြို့အနောက်ခြမ်းကို ယနေ့(မတ်လ ၄) မနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။
တကြိမ်လျှင် ဗုံးသီး ၂ လုံးခန့်နှင့် ၄ကြိမ် ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခန့်ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးသီးကျရောက်သောနေရာများသည် စစ်ရှောင်စခန်းများနှင့် စစ်ဘေးရှောင်စျေးဆိုင်များတည်ရှိရာနေရာဖြစ်သည်ဟုဒေသခံများကပြောသည်။
“လောလောဆယ်တော့ ဒီ ချယ်ရီကုန်းပတ်ချာလည် တောင်ကြောတွေ တောင်စောင်းတွေပတ်ချာလည်ကိုကျတာဗျ။ စစ်ဘေးရှောင်အများစုရှိတဲ့နေရာပေါ့။ စစ်ဘေးရှောင်စခန်းတွေပတ်ချာလည်မှာရှိတယ်။ အထိအခိုက်တော့အခုချိန်ထိ မကြားရသေးပါဘူး” ဟုဒေသခံစစ်ရှောင်ကူညီသူတဦးက မဲခေါင်ကိုပြောသည်။
တချိန်တည်းတွင် လွိုင်ကော်အခြေစိုက် ၁၀၂ တပ်မှလဲ ဒီးမောဆိုမြို့အနောက်ခြမ်းသို့လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး အထိအခိုက်ရှိနိုင်ပေမဲ့ အတိအကျသိရခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။
ချယ်ရီကုန်းဒေသအား ယခုနှစ် နှစ်ဆန်းပိုင်းအတွင်းကပင် လေကြောင်းအန္တရာယ်သတိပေးချက်များမကြာခဏထွက်ပေါ်ခဲ့သည်။
ဂနိုက်
#MeKongNews
#ဒီးမော့ဆို
#လေကြောင်းတိုက်ခိုက်မှု
#ဗုံးကြဲ
#ချယ်ရီကုန်း








