မဲခေါင်၊ မတ် ၂
ရှမ်းပြည်နှင့်ကရင်နီဒေသအစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း Mobye Rescue Team ထံမှ သိရသည်။
မတ်လ ၁ ရက်နေ့တွင် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် တောင်ယာတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်သူ ၅ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများထဲမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော ဒဏ်ရာရ ပြည်သူ ၄ ဦးကို Mobye Rescue Team မှ အချိန်မှီ ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ၂၄ဦးကို တော်လှန်ရေးတပ်များက ကုသပေးခဲ့ကြောင်းဖယ်ခုံ ၁၀၀၆ PDF က ဖေဖော်ဝါရီ ၂၈ရက်ကထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#မိုးဗြဲ
#လက်နက်ကြီး
#စစ်ကောင်စီ
#MobyeRescueTeam








