မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ယခုလ ၂၀ ရက်၊ ညပိုင်းတွင် မူဆယ်မြို့ ကံ့ကော်မီးပွိုင့်လမ်း၌ဆုံ၌ စည်းကမ်းမဲ့အမှိုက်လာရောက်စွန့်ပစ်သူများကို စောင့်ဆိုင်း ဖမ်းဆီးရာတွင် သတ်မှတ်နေရာ၌ အမှိုက်စွန့်ပစ်ခြင်းမရှိသူ အမျိုးသမီး သုံးဦးနှင့် အမျိုးသမီးတစ်ဦး ကို ဖမ်းဆီးမိသည်ဟု သိရသည်။
၄၅ ကုန်း နေထိုင်သူတစ်ဦး၊ ဟိုမွန်ရပ်ကွက် နေထိုင်သူတစ်ဦး၊ ကံ့ကော်မီးပွိုင့်နောက်ကျောဝန်း နေထိုင်သူတစ်ဦး၊ ကံ့ကော်ပင်လမ်းကြား နေထိုင်သူတစ်ဦး စုစုပေါင်း လေးဦး ဖြစ်သည်။
အသိပညာပေး ကာလလည်း လွန်မြောက်ခဲ့ပြီဖြစ်၍ ၎င်းလေးဦးကို ဖမ်းဆီးအရေးယူရခြင်းဖြစ်သည်ဟု စစ်ကောင်စီစည်ပင်က ဆိုသည်။
“သူတို့က လူထုသာဖမ်းတာ အမှိုက်ကားပုံမှန်မလာတာ၊ လာရင်လည်း အမှိုက်မကောက်တာ၊ လာလို့ အမှိုက်ပြန်ယူတုန်း မောင်းသွားတာ၊ အချို့ကြ ကားလာလို့ ပြေးပြီးအမှိုက်ထုတ်ဆွဲတုန်း တန်းနေတာပဲ မရပ်ပေးဘူး မြန်ချက်” လို့ မူဆယ် ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။
အမှိုက်ခွန်မှာ တစ်အိမ်ကို ကျပ် ၆၀၀၀ ကောက်ခံနေပြီး စည်ပင်နှင့်တွဲ့၍ အမြွှာစက်မှုလုပ်ငန်းလီမီတက်က အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
“နေ့စဉ်အမှိုက်သိမ်းပေးနေတဲ့ကြားက ည ၁၀ နာရီကျော်ရင် ခိုးပစ်ပြီ၊ နောက်ဆို ဓာတ်ပုံနဲ့ပါဖော်ပြသွားမယ်” ဟု စည်ပင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။.
မူဆယ်သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ ဖြစ်ပြီး မြို့လည်ခေါင် လမ်းမထက်တွင် အမှိုက်စွန့်သည့်မြို့ ဖြစ်သည်။
မဟာ
#MeKongNews
#မူဆယ်
#သတ်မှတ်နေရာ
#အမှိုပ်စွန့်ပစ်ခြင်းမပြုသူ
#လေးဦးဖမ်းခံရ








