နေ့စဥ်သတင်း

ကွတ်ခိုင်၌ ကုန်စျေးနှုန်းနှင့် ဝင်ငွေမမျှတသဖြင့် ကျောင်းနေအရွယ်များ ပညာရေးထိခိုက်

မဲခေါင် 22 Feb - 2025
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ ၁၀၂၇ စစ်ဆင်ရေး ကာလမှစတင်ကာ တအာင်းတပ်(TNLA) ထိန်းချုပ်နယ်မြေ၊ ကွတ်ခိုင်မြို့၌ တရိပ်ရိပ်မြင့်မားလာသည့်ကုန်ဈေးနှုန်းသည် ယခုအခါ ထိုကာလမတိုင်မီကထက် ၅ဆ ခန့် ကြီးမားနေပြီဖြစ်သည်။ ဆန်တစ်ပြည် ကျပ် ရှစ်ထောင်( ၈၀၀၀) မှ ကျပ် တစ်သောင်း(၁၀၀၀၀ )၊ စားဆီ တစ်လီတာ ကျပ် နှစ်သောင်း (၂၀၀၀၀)၊ ဓာတ်ဆီ တစ်လီတာခွဲ ကျပ် တစ်သောင်းသုံးထောင်(၁၃၀၀၀)၊ ဝက်သား တစ်ပိဿာ ကျပ် လေးသောင်းနှစ်ထောင်(၄၂၀၀၀)၊ အမဲသား တစ်ပိဿာ ကျပ် သုံးသောင်းငါးထောင်(၃၅၀၀၀)၊ ကြက်သား တစ်ပိဿာ ကျပ် နှစ်သောင်းရှစ်ထောင်(၂၈၀၀၀)ဝန်းကျင်၊ ကြက်ဥ တစ်လုံး ကျပ် ခြောက်ရာ(၆၀၀) အထိ ပေးဝယ်နေရကြောင်း ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက

မဲခေါင်၊ဖေဖော်ဝါရီ ၂၂

၁၀၂၇ စစ်ဆင်ရေး ကာလမှစတင်ကာ တအာင်းတပ်(TNLA) ထိန်းချုပ်နယ်မြေ၊ ကွတ်ခိုင်မြို့၌ တရိပ်ရိပ်မြင့်မားလာသည့်ကုန်ဈေးနှုန်းသည် ယခုအခါ ထိုကာလမတိုင်မီကထက် ၅ဆ ခန့် ကြီးမားနေပြီဖြစ်သည်။

ဆန်တစ်ပြည် ကျပ် ရှစ်ထောင်( ၈၀၀၀) မှ ကျပ် တစ်သောင်း(၁၀၀၀၀ )၊ စားဆီ တစ်လီတာ ကျပ် နှစ်သောင်း (၂၀၀၀၀)၊ ဓာတ်ဆီ တစ်လီတာခွဲ ကျပ် တစ်သောင်းသုံးထောင်(၁၃၀၀၀)၊ ဝက်သား တစ်ပိဿာ ကျပ် လေးသောင်းနှစ်ထောင်(၄၂၀၀၀)၊ အမဲသား တစ်ပိဿာ ကျပ် သုံးသောင်းငါးထောင်(၃၅၀၀၀)၊ ကြက်သား တစ်ပိဿာ ကျပ် နှစ်သောင်းရှစ်ထောင်(၂၈၀၀၀)ဝန်းကျင်၊ ကြက်ဥ တစ်လုံး ကျပ် ခြောက်ရာ(၆၀၀) အထိ ပေးဝယ်နေရကြောင်း ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

အလုပ်အကိုင်ရှားပါးခြင်းနှင့် ဝင်ငွေနည်းပါးခြင်းသည် ကြီးမားနေသည့်ကုန်ဈေးနှုန်းနှင့် လိုက်လျောညီထွေ မဖြစ်ဘဲ အစားအစာချို့တဲ့သည့် အခြေအနေများလည်း ရှိနေကြသည်။

“မိသားတစ်စုစာဆို တနပ်ကို စရိတ်က မနည်းဘူးရယ်၊ ချက်စားတော့လည်း ဆီမပါပြားမပါပေါ့၊ ကလေးတွေ ထမင်းထုပ်လာရင်လည်း အသီးအရွက်ပဲ၊ တချို့ဆို ရှူးရှဲလေးတစ်ထုပ်ပဲ၊ ဘာဟင်းမှ သိပ်မပါကြဘူးရယ်” လို့ ဒေသခံက ပြောပါတယ်။

ယခင်ကဲ့သို့ မိသားစုအတွင်း တစ်ဦး နှစ်ဦး လုပ်အားခဝင်ငွေဖြင့် လုံလောက်ခြင်း မရှိသဖြင့် ကျောင်းနေအရွယ် ကလေးများကိုပင် လုပ်ငန်းခွင်ဝင်ခိုင်းရသည့် အခြေအနေများလည်း ရှိနေကြသည်။

“မိဘတွေက အလုပ်ခိုင်းကြတော့ ပညာရေးထိခိုက်၊ နဂိုကမှ ပညာတတ်နည်းပါးတဲ့ တိုင်းရင်းသားတွေအဖို့ အသိဉာဏ်နည်းပါးမှုပြဿနာ ကြီးထွားလာဖို့ရှိတယ်၊ ရေရှည်မှာ အများကြီးထိခိုက်လာနိုင်တာပေါ့” ဟု ဒေသခံကပြောသည်။

ဒေသခံများအနေဖြင့် မီးသွေးဖုတ်ခြင်းနှင့် ကြံခုတ် ဆေးဖျန်း စသဖြင် ရာသီပေါ်နေ့စားအလုပ်များ လုပ်ကိုင်ကြရာတွင် တစ်ရက်နေ့စားခ ကျပ် ၁၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိရရှိသည်။ ထိုအလုပ်များသည် ပုံမှန်လုပ်ကိုင်ရသည့် အလုပ်မဟုတ်သောကြောင့် အလုပ်ပြတ်လျှင် ငွေပြတ်သည့်အခြေအနေ ဖြစ်နေသည်။

“ကုန်ဈေးနှုန်း အဆမတန်တက်နေတော့ သူသူငါငါ ခက်ခဲကြတယ်၊ အများစုကတော့ အဆင်သိပ်မပြေ၊ ရွာဘက်တွေကတော့ တောင်ယာလုပ် မီးသွေးဖုတ်များတာပေါ့၊ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့ မမျှတော့ခက်ခဲ့ကြတာပဲ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

ဒေသအုပ်ချုပ်ရေးအာဏာပိုင်ဖြစ်သည့် တအာင်းတပ်(TNLA) အနေဖြင့်လည်း ကုန်ဈေးနှုန်းကို ထိန်းညှိပေးနိုင်ခြင်း မရှိသေးချေ။

ဂနိုက်
#MeKongNews
#ကွတ်ခိုင်
#ဝင်ငွေနည်း
#ကျောင်းနေအရွယ်
#ပညာရေးထိခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now