နေ့စဥ်သတင်း

စစ်ရေးပြင်းထန်နေသဖြင့် မိုးဗြဲမြို့တွင်း အရပ်သားများ ဖြတ်သန်းသွားလာခြင်းကို တော်လှန်ရေးအင်းအားစုက ၅ ရက်တာပိတ်ပင်

မဲခေါင် 22 Feb - 2025
မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းကို ၅ ရက်တာပိတ်ပင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်သည်။ မြို့အတွင်း ဖြတ်သန်းသွားလာခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ ပိတ်ပင်ခြင်းဖြစ်ပြီး အရေးပေါ်သွားလာရန်ရှိပါက အထိုင်ချတပ်စွဲထားသည့် သက်ဆိုင်ရာ တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့များ၊ လုံခြုံရေးဂိတ်များကိုအသိပေးခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်း အသိပေးထားသည်။ စစ်ကောင်စီသည် ဒရုန်းဖြင့်နေ့စဉ်တိုက်ခိုက်နေသလို မြေပြင်တိုက်ပွဲများဖြင့်လည်း မိုးဗြဲကိုထိန်းချုပ်နိုင်ရေးလုပ်ဆောင်နေပြီး မိုးဗြဲကိုထိန်းချုပ်နိုင်ပါက လွိုကော်၊ ဒီးမောဆိုဘက်ထိလမ်းပွင့်သွားမည်ဖြစ်သည်ဟု KNDF ပြန်ကြားရေး တာအယ်စိုးကပြောသည်။ ၎င်းက “ပြည်သူလုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းကို ၅ ရက်တာပိတ်ပင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်သည်။

မြို့အတွင်း ဖြတ်သန်းသွားလာခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ ပိတ်ပင်ခြင်းဖြစ်ပြီး အရေးပေါ်သွားလာရန်ရှိပါက အထိုင်ချတပ်စွဲထားသည့် သက်ဆိုင်ရာ တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့များ၊ လုံခြုံရေးဂိတ်များကိုအသိပေးခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီသည် ဒရုန်းဖြင့်နေ့စဉ်တိုက်ခိုက်နေသလို မြေပြင်တိုက်ပွဲများဖြင့်လည်း မိုးဗြဲကိုထိန်းချုပ်နိုင်ရေးလုပ်ဆောင်နေပြီး မိုးဗြဲကိုထိန်းချုပ်နိုင်ပါက လွိုကော်၊ ဒီးမောဆိုဘက်ထိလမ်းပွင့်သွားမည်ဖြစ်သည်ဟု KNDF ပြန်ကြားရေး တာအယ်စိုးကပြောသည်။

၎င်းက “ပြည်သူလုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

မိုးဗြဲမြို့အနီးတဝိုက် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုအကြား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီးထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၄၀ ဦး ရှိနေပြီး ဘက်ပြောင်းခိုလှုံသူများလည်း ဆက်တိုက်ရှိနေသည်။

ယခုလ ၁၉ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခြင်းကြောင့် နေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ခေါ်ဆောင်မှုကြောင့် ရှေ့တန်းရောက်နေရသည့် တပ်သားများသည် KNDF နှင့် အခြား တော်လှန်ရေး အင်အားစုထံ အလင်းဝင်လာသူ ၁၀၀ ဦးထိရှိနေသည်ဟု KNDF ထံမှ သိရသည်။

ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဒရုန်းနှင့် ဗုံးကြဲမှုကြောင့် ကရင်နီနှင့် မိုးဗြဲမှ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ခုနှစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ့နေအိမ် ၃၈ လုံး၊ ဘာသာရေးအဆောက်အအုံ ငါးလုံး၊ စာသင်ကျောင်း နှစ်ကျောင်းပျက်စီးခဲ့သည်ဟု KNDF က ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်ထားသည်။

မြူနှင်း
#MeKongNews
#မိုးမြဲမြို့
#သွားလာခွင့်
#၅ရက်ပိတ်ပင်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now