နေ့စဥ်သတင်း

မိုင်းလားနှင့် လားရှိုးအကြား ငွေပေးမှဖြတ်သန်းခွင့်ရသည့် ဂိတ်များစွာအနက် တာကော်အက်တံတားဂိတ်ကြေး လူတစ်ဦး ကျပ်လေးသိန်းခွဲအထိ ကုန်ကျ

မဲခေါင် 16 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၆ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးအကြား ကားလမ်းပေါ်၌ ငွေပေးမှဖြတ်သန်းခွင့်ရသည့် ဂိတ်မျိုးစုံအနက် စစ်ကောင်စီ၏ ဌာနပေါင်းစုံထိုင်သည့် တာကော်အက်တံတားသည် ငွေတောင်းအကြမ်းဆုံး ဂိတ်ဖြစ်သည်။ တာကော်အက်ဂိတ်၌ ရဲ၊ ယာဉ်ထိန်း၊ မူးယစ်၊ SB သတင်းတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ လဝက၊ သစ်တော၊ စရဖ၊ တံတားကြေးကောက်ခံရေးအဖွဲ့ စသဖြင့် ကိုးဖွဲ့ရှိပြီး ပုံမှန်ခရီးသွားများအနေဖြင့် ထိုဂိတ်များကိုဖြတ်သန်းပါက ဂိတ်ဖြတ်ကြေးအဖြစ် လူတစ်ဦးလျှင် ကျပ် ၅၀၀၀ ပေးရသည်။ သို့သော်လည်း မှတ်ပုံတင် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်းကိုင်ဆောင်သူများ၊ စစ်မှုထမ်းသတ်မှတ်အသက် အကျုံးဝင်သည့် အသက် ၁၈ မှ ၃၅ အတွင်းရှိသူများ၊ ရခိုင်တိုင်းရင်းသား၊ ကိုးကန့်တိုင်းရင်းသားများဆိုလျင်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးအကြား ကားလမ်းပေါ်၌ ငွေပေးမှဖြတ်သန်းခွင့်ရသည့် ဂိတ်မျိုးစုံအနက် စစ်ကောင်စီ၏ ဌာနပေါင်းစုံထိုင်သည့် တာကော်အက်တံတားသည် ငွေတောင်းအကြမ်းဆုံး ဂိတ်ဖြစ်သည်။

တာကော်အက်ဂိတ်၌ ရဲ၊ ယာဉ်ထိန်း၊ မူးယစ်၊ SB သတင်းတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ လဝက၊ သစ်တော၊ စရဖ၊ တံတားကြေးကောက်ခံရေးအဖွဲ့ စသဖြင့် ကိုးဖွဲ့ရှိပြီး ပုံမှန်ခရီးသွားများအနေဖြင့် ထိုဂိတ်များကိုဖြတ်သန်းပါက ဂိတ်ဖြတ်ကြေးအဖြစ် လူတစ်ဦးလျှင် ကျပ် ၅၀၀၀ ပေးရသည်။

သို့သော်လည်း မှတ်ပုံတင် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်းကိုင်ဆောင်သူများ၊ စစ်မှုထမ်းသတ်မှတ်အသက် အကျုံးဝင်သည့် အသက် ၁၈ မှ ၃၅ အတွင်းရှိသူများ၊ ရခိုင်တိုင်းရင်းသား၊ ကိုးကန့်တိုင်းရင်းသားများဆိုလျင် တဖွဲ့စီကို အနည်းဆုံး ကျပ်ငါးသောင်း ကိုးဖွဲ့ လုံးကိုပေးရသဖြင့် ထိုဂိတ်၌ပင် လူတစ်ဦးဖြတ်သန်းခွင့်ရဖို့ ကျပ် လေးသိန်းခွဲ ကုန်ကျမည်ဖြစ်သည်။

“သူတို့နဲ့ Viber ကနေချိတ်ပြီး ဘာတွေပါမယ်ဆိုတာ အရင်လှမ်းညှိထားရင် အဆင်ပြေတယ်၊ လူပြောင်းလူလဲရင်သာ ထပ်ညှိရတာ၊ အဆင်ပြေတာများပါတယ်” ဟု မိုင်းလား- လားရှိုးဆွဲ ကားသမားတစ်ဦးက ပြောသည်။

ကိုယ်ပိုင်လိုင်စင်ကားဖြင့် တာကော်အက်တံတားကိုဖြတ်၍ မင်္ဂလာဆောင်သွားသူတစ်ဦးပြောပြရာတွင် ဂိတ်ကိုရောက်လျှင်ရောက်ချင်း ပထမဆုံးပုံစံ(form)စာရွက်ကို ရဲနှင့်ယာဉ်ထိန်းအဖွဲ့ထံမှ ဝယ်ယူရသည်။ စာရွက်ကြေးမှာ ပုံမှန်မရှိပဲ ထိုနေ့က ကျပ်တစ်သောင်းပေးခဲ့ရကြောင်း၊ ကျန်အဖွဲ့များကိုလည်း တစ်ဖွဲ့လျှင် ကျပ်နှစ်ထောင်ပေးရကြောင်း၊ ထိုဂိတ်ကို ငွေပေးဖြတ်ကျော်ပြီး မန်ကန်ဂိတ်၊ လွယ်ပန်လုံစစ်တပ်ဂိတ်နှင့် အထူးတိုက်ခိုက်ရေးရဲဂိတ်များ၌လည်း တစ်ဂိတ်ကို ကျပ်နှစ်ထောင်စီပေးရသည်။

အကယ်၍ ပန်ဆန်းမှ တန့်ယန်းသို့သွားလျင် တန့်ယန်းမြို့အဝင်အထွက်မုခ်ဦး၌ ငွေကြေးကောက်ခံသည့်အဖွဲ့များလည်း ရှိသေးပြီး ၎င်းတို့ကိုလည်း အနည်းဆုံးကျပ် ၂၀၀၀ မှ ကျပ် ၅၀၀၀ အထိ ပေးရသည်ဟု ဆိုသည်။

ပန်ဆန်းမြို့ ဝ ဂိတ်၌ ဝင်ကြေး ယွမ်၁၀၀(ကျပ် ခြောက်သောင်း)ပေးရသည့်အပြင် ၆လ နေထိုင်ခွင့်စာအုပ် မဖြစ်မနေ ပြုလုပ်ရပြီး စာအုပ်ကြေး ယွမ် ၁၈၀(ကျပ်တစ်သိန်းကျော်)ပေးရသည်ဟု ဆိုသည်။

“လိုင်စင်ဓာတ်ပုံပါ ဆောင်ထားရတယ်၊ နေနေ မနေနေ လုပ်ခိုင်းတာ၊ ထိုင်တဲ့လူအပေါ် မူတည်တယ်ပြောတယ်၊ ကျွန်တော်နေထိုင်ခွင့် ၆ လ လုပ်ပြီးမှ မိုင်းလားလာရတာ၊ မမိုက်ပါဘူးဗျာ၊ မြန်မာပြည်ထဲမှာ နိုင်ငံခြားသွားရသလို ဖြစ်နေတာ” ဟု မိုင်းလား၌နေထိုင်သူတစ်ဦးက ပြောသည်။

မိုင်းလားအဝင်၌ ယွမ် ၄၀ ပေးရပြီး နေထိုင်ခွင့်အတွက် တစ်နှစ်စာ ယွမ် ၂၀ သာ ပေးရကာ ချက်ခြင်းလုပ်ရန်မလိုအပ်ပဲ နှစ်လကျော် သုံးလအကြာမှသာ လုပ်ရကြောင်း ၎င်းမှ ပြောသည်။

လက်ရှိတွင် မိုင်းလားမှ တန့်ယန်းကိုဖြတ်၍ လားရှိုးအထိ ကားခ ယွမ် ၁၂၀၀ (ကျပ်၇သိန်းကျော်)ရှိပြီး လားရှိုးမှ မိုင်းလားအထိ ကားခ ယွမ် ၁၅၀၀ (ကျပ်၁၀သိန်းခန့်)အထိရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#မိုင်းလား
#လားရှိုး
#တာကော်အက်ဂိတ်
#ဂိတ်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now