မဲခေါင်၊ ဖေဖော်ဝါရီလ ၁၅ ရက်
တရုတ်အစိုးရ၏ စီစဉ်ချက်အရ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးစီးအဖွဲ့ ယနေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်။
TNLA ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးစီးကာ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်ခြင်းဖြစ်ပြီး စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁)မှူး ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများ ပြေလည်နိုင်ရန် ၁၆ ရက် ဖေဖော်ဝါရီလတွင် တွေ့ဆုံမှုများ စတင်မည်ဖြစ်သည်ဟု TNLA ယနေ့ထုတ်ပြန်သည်။
#MeKongNews
#TNLA
#စစ်ကောင်စီ
#အပစ်အခတ်ရပ်စဲရေး
#ကူမင်းမြို့








