မဲခေါင် ၊ ဖေဖေါ်ဝါရီ ၁၅
တာချီလိတ်က ထိုင်းနိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းလောင်းကစားဖမ်းဆီးရာမှာ သက်သေခံပစ္စည်းကားတွေကို စာရင်းမတင်ဘဲ ဝမ်ကောင်းပြည်သူ့စစ်က ရယူသွားတယ်လို့ မဲခေါင်းသတင်းဌာနက စုံစမ်းသိရပါတယ်။
ထိုင်းနိုင်ငံသား ၇ ဦးပါဝင်တဲ့ အွန်လိုင်း လောင်းကစားအိမ်ကိုဖမ်းဆီးတဲ့နေရာမှာ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းအနည်းငယ်သာ သက်သေခံပစ္စည်းတင်ပြီး ခြံဝင်းအတွင်းက သိမ်းဆည်းသွားတဲ့ ကား ၅ စီးအနက် တန်ဖိုးကြီး ၃ စီးကို စာရင်းမပြဘဲ ဖမ်းဆီးရာမှာပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ရယူထားတာဖြစ်ပါတယ်။
“ဖမ်းတဲ့နေ့က ကားတွေကို ဝမ်ကောင်းပြည်သူ့စစ်အဖွဲ့က စည်သူတို့အဖွဲ့ ကားတွေစီးသွားတာ စခန်းမှာကြတော့ စာရင်းမပြဘူး။ နောက်ပြီး အိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေလည်း သူတို့ကားတွေနဲ့တင်ပြီး ယူသွားကြတယ်၊ သက်သေခံပစ္စည်းတင်တော့ ဖုန်းနဲ့ ကွန်ပြူတာပစ္စည်းတွေဘဲ စာရင်းပြတာ၊ အရင်ဖမ်းဆီးရေးတွေမှာလည်း ရဲနဲ့ ဝမ်းကောင်းပြည်သူ့စစ် စည်သူပေါင်းပြီး ပစ္စည်းတွေ ယူထားတာတွေရှိတယ်” လို့ ဖမ်းဆီးရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးအပါအဝင် အခြားဖမ်းဆီးရေးဖြစ်စဉ်များမှာ ဝမ်ကောင်းပြည်သူ့စစ်အဖွဲ့ စည်သူကိုသာ အမြဲလိုလိုခေါ်ဆောင်သွားပြီး ဖမ်းဆီးရမိသက်သေခံပစ္စည်းတွေကို စာရင်းမပြဘဲ ခွဲယူလေ့ရှိပြီး အခု ဖမ်းဆီးရေးဖြစ်စဉ်မှာလည်း တန်ဖိုးကြီးကားတွေဖြစ်တဲ့ Ford နဲ့ Hilux Revo ကားတွေကို စာရင်းမပြဘဲ သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်လောင်းကစားအိမ် ၂ လုံးကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ဝမ်ကောင်းရပ်ကွက်နဲ့ ဆန်ဆိုင်း(က)ရပ်ကွက်တွေမှာ ဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးစာရင်းကို ဆန်ဆိုင်း(က)ရပ်ကွက်မှာသာ အဖမ်းပြခဲ့ပြီး ထိုင်းနိုင်ငံသား ၇ နဲ့ မြန်မာနိုင်ငံသား ၂၂ ဦး ပေါင်း ၂၉ ဦးကို ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာဆက်စပ်ပစ္စည်းနဲ့ ဘိန်းစာရွက်အရည်ဗူးတွေနဲ့ အမုန့်ထုတ်အနည်းငယ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
MK-002
#MeKongNews
#အွန်လိုင်းလောင်းကစား
#ထိုင်းနိုင်ငံသား
#တာချီလိတ်








