နေ့စဥ်သတင်း

ပြင်းထန်စွာတိုက်ခိုက်မခံရပဲ နယ်မြေသုံးခုကြားရှိ စခန်းကို စစ်ကောင်စီစွန့်ခွါ

မဲခေါင် 14 Feb - 2025
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၄ စစ်အင်အား ၄၀ ခန့်ရှိသော ထိုင်းနိုင်ငံ၊ ကရင်နီနှင့် ရှမ်းပြည်နယ်စပ်ရှိ ပွိုင့် ၅၄၁၆ စခန်းကို တော်လှန်ရေးဘက်မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမျိုးမပြုရပဲ စစ်ကောင်စီက စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည်။ ယခုလ၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက် နံနက်ပိုင်းအထိ ကရင်နီပြည်တပ်မတော် ( KA) မှ ဒရုန်းနှင့် စနိုက်ဘာအသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် နေ့လည်မတိုင်ခင် စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများမှအပ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး တစ်ယောက်မျှမရှိတော့ပဲ စခန်းစွန့်ခွါသွားခဲ့သည်။ “သေဆုံးတာမသိရဘူး၊ ဒဏ်ရာတော့ရမယ်ထင်တာပဲလေ၊ ဘယ်နှယောက်လဲတော့မပြောတတ်ဘူး ၊ ဝင်ကပ်တဲ့အချိန်မှာ သူတို့မရှိတော့ဘူး၊ အကုန်ထွက်ပြေးသွားပြီ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၄

စစ်အင်အား ၄၀ ခန့်ရှိသော ထိုင်းနိုင်ငံ၊ ကရင်နီနှင့် ရှမ်းပြည်နယ်စပ်ရှိ ပွိုင့် ၅၄၁၆ စခန်းကို တော်လှန်ရေးဘက်မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမျိုးမပြုရပဲ စစ်ကောင်စီက စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည်။

ယခုလ၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက် နံနက်ပိုင်းအထိ ကရင်နီပြည်တပ်မတော် ( KA) မှ ဒရုန်းနှင့် စနိုက်ဘာအသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် နေ့လည်မတိုင်ခင် စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများမှအပ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး တစ်ယောက်မျှမရှိတော့ပဲ စခန်းစွန့်ခွါသွားခဲ့သည်။

“သေဆုံးတာမသိရဘူး၊ ဒဏ်ရာတော့ရမယ်ထင်တာပဲလေ၊ ဘယ်နှယောက်လဲတော့မပြောတတ်ဘူး ၊ ဝင်ကပ်တဲ့အချိန်မှာ သူတို့မရှိတော့ဘူး၊ အကုန်ထွက်ပြေးသွားပြီ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

KA တိုက်ခိုက်နေစဉ်မှာ စစ်ကောင်စီက ပစ်ကူအနေဖြင့် လေယာဉ်နှင့်ဗုံးကြဲခဲ့ပေမယ့် စစ်ကောင်စီစခန်းထိုင်များတောင့်ခံနိုင်ခြင်းမရှိပဲ စခန်းစွန့်ခွါခဲ့သည်။ စခန်းတွင်း၌ RPG ၊ စက်လက်၊ လက်နက်အကြီးများနှင့် ကျည်ဆံသေတ္တာများ ရရှိကာ KA ဒဗ ဘက်မှ တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရှိပဲ စခန်းသိမ်းနိုင်ခဲ့သည်။

ကရင်နီပြည် သံလွင်မြစ်၏ အရှေ့ဘက်ကမ်း၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ တစ်ခုတည်းသောစခန်းဖြစ်သည်။

ထိုစခန်းသည် လွန်ခဲ့သော နှစ် ၃၀ က KA တပ်၏ စခန်းကုန်းဖြစ်ပြီး စစ်ကောင်စီက သိမ်းပိုက်ထားခဲ့ခြင်းကို ယခုလက်ရှိတွင် ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နှစ်၊ ဒီဇင်ဘာလတွင်လည်း ထိုင်း-ကရင်နီနယ်စပ်ရှိ မယ်လယုစခန်းကို KA က ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမပြုရပဲ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်နှင့် ခဲယမ်းအမျိုးအစားအစုံအလင် သိမ်းဆည်နိုင်ခဲ့သည်။

အလားတူ မတ်လတွင်လည်း BP ၁၁ ရှိ စစ်ကောင်စီခြေကုပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည်။

မြူနှင်း
#MeKongNews
#နယ်မြေသုံးခုကြား
#ပွိုင့်၅၄၁၆စခန်း
#ကရင်နီ
#KAတပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now