မဲခေါင်၊ ဖေဖော်ဝါရီလ ၁၂
ရှမ်းပြည်တောင်ပိုင်းမှ မြဝတီနယ်စပ်သို့ သယ်ဆောင်သည့် ကျပ် ၃ ဒဿမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ ဒဿမ ၉ သိန်းကို သာစည်မြို့နယ်နှင့် ဘားအံမြို့နယ်များ၌ ဖမ်းဆီးရမိကြောင်း သိရသည်။
ယခုလ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ကိုအားဘ (ခ) အာဆာမောင်းနှင်ပြီး ဒေါ်မိုးမိုးအေးကို လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ပေါ်မှ စိတ်ကြွမူးယစ်ဆေးပြား ငါးသိန်းဖမ်းမိသည်။
အလားတူ ယခုလ ၇ ရက်၊ မနက် ၈နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားဝင်းတွင် ကိုထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင် TOYOTA NOAN VOXY စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒဿမ ၉ သိန်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ကာလပေါက်ဈေးကျပ် ၃ ဒဿမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁၄ ဒဿမ ၉သိန်းကို ရှမ်းပြည်နယ်မှ မြဝတီမြို့နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ကြခြင်းဖြစ်သည်။
သုဝဏ္ဏခွန်
#MeKongNews
#တောင်ကြီး
#သာစည်
#ဘားအံ
#မူးယစ်ဆေး








