နေ့စဥ်သတင်း

တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေသည့် တောင်ခမ်းဒေသ၌ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာ

မဲခေါင် 8 Feb - 2025
မဲခေါင်၊ဖေဖော်ဝါရီ ၈ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေသည့် တောင်ခမ်းဒေသ၌ စစ်ကောင်စီထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာပြီး ကျန်နယ်မြေများကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ အခြေစိုက်တပ်များဖြစ်သည့်အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နှင့် ကွပ်ကဲမှုလက်အောက်ခံ အမတ(၃၅၄)၊ အမတ(၂၀၆)၊အမတ(၄၀၆)တပ်များ တောင်ခမ်းရွာနှင့် မန်ကျည်းရေရွာ၌သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နေရာများကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။ တောင်ခမ်းဒေသကို လက်လွတ်မခံရရေး ခုခံတိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် တောင်ခမ်းဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် TNLA အပါအဝင် တော်လှန်ရေးတပ်များအကြား နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးလျှက်ရှိနေသည်။ တောင်ခမ်းစစ်ဒေသသည် စစ်ကောင်စီ၏ အဓိကပင်မနေရာများဖြစ်သည့် ပြင်ဦးလွင်မြို့၊ ဗထူးတပ်မြို့နှင့် အလွန်နီးကပ်နေသောကြောင့် စစ်ကောင်စီက အပြင်းအထန်ကာကွယ်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း အထိုက်အလျောက် အောင်မြင်မှုရရှိနေပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က

မဲခေါင်၊ဖေဖော်ဝါရီ ၈

နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေသည့် တောင်ခမ်းဒေသ၌ စစ်ကောင်စီထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာပြီး ကျန်နယ်မြေများကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

အခြေစိုက်တပ်များဖြစ်သည့်အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နှင့် ကွပ်ကဲမှုလက်အောက်ခံ အမတ(၃၅၄)၊ အမတ(၂၀၆)၊အမတ(၄၀၆)တပ်များ တောင်ခမ်းရွာနှင့် မန်ကျည်းရေရွာ၌သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နေရာများကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။

တောင်ခမ်းဒေသကို လက်လွတ်မခံရရေး ခုခံတိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် တောင်ခမ်းဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် TNLA အပါအဝင် တော်လှန်ရေးတပ်များအကြား နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးလျှက်ရှိနေသည်။

တောင်ခမ်းစစ်ဒေသသည် စစ်ကောင်စီ၏ အဓိကပင်မနေရာများဖြစ်သည့် ပြင်ဦးလွင်မြို့၊ ဗထူးတပ်မြို့နှင့် အလွန်နီးကပ်နေသောကြောင့် စစ်ကောင်စီက အပြင်းအထန်ကာကွယ်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း အထိုက်အလျောက် အောင်မြင်မှုရရှိနေပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က မဲခေါင်ကိုပြောသည်။

သူက “TNLA, DPLA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ တောင်ခမ်းကိုတိုက်ခိုက်နေတာ အချိန်တစ်ခုရှိလာပြီ ဖြစ်ပါတယ်၊ အောင်မြင်မှုလည်း အတိုင်းအတာရလာခဲ့ပြီ ဖြစ်တယ်၊ တိုက်ပွဲဝင်ရင်း ပေးဆပ်သွားတဲ့ ရဲဘော်သူရဲကောင်းတွေကိုလည်း ဦးညွှတ်အလေးပြုနေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက မြေပြင်ခုခံစစ်အပြင် လေကြောင်းတိုက်ခိုက်မှုကိုလည်း နေ့စဉ်ပြုလုပ်နေသလို ရဟတ်ယာဉ်ဖြင့် လိုအပ်သည်ရိက္ခာ၊ လက်နက်ခဲယမ်းများ အဆက်မပြတ်ပို့ဆောင်နေကြောင်းနှင့် ဖေဖေါ်ဝါရီ ၆ ရက်တွင် ရဟတ်ယာဉ်ဖြင့် ရိက္ခာ လေးကြိမ် ချခဲ့သည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တပ်တည်ထောင်သူက မဲခေါင်ကိုပြောသည်။

မနေ့က(ဖေဖော်ဝါရီ ၇) စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ရိက္ခာနှင့် လက်နက်ကြီးကျည်ဆန်များအား DPLA စစ်ကြောင်းမှ စစ်ကြောင်းထွက်ရင်း ရရှိခဲ့သည်။

တောင်ခမ်းဒေသသည် စစ်ကောင်စီ၏ စစ်ဦးစီးတက္ကသိုလ်ကဲ့သို့ တပ်စခန်းအများအပြားရှိရာ ပြင်ဉီးလွင်မြို့နှင့် မိုင် ၅၀ ကျော်သာကွာဝေးပြီး ဗိုလ်သင်တန်းကျောင်းများ၊ အရာခံအကြပ်ကြီးသင်တန်းကျောင်းများအခြေစိုက်ရာ ဗထူးတပ်မြို့နှင့် ၇၉ မိုင်ခန့်သာ ကွာဝေးသည်။

“တောင်ခမ်းပြီးရင် ဗထူးပြိုမယ်၊ ဗထူးက တပ်မြို့အခိုင်မာဖြစ်တာရယ် စစ်သင်တန်းပေါင်းစုံရှိထားတာရယ်ဆိုတော့ စကစအတွက် အရေးကြီး အရေးပါတဲ့ နေရာတစ်ခုဖြစ်နေတာက လူတိုင်းသိပါတယ်” ဟု DPLA တပ်ခေါင်းဆောင်က မဲခေါင်ကိုပြောသည်။

တောင်ခမ်းဒေသကို TNLA, DPLA နှင့် တော်လှန်ရေးပူးပေါင်းအင်အားစုများ ယမန်နှစ်၊ နှစ်ဝက်ခန့်ကတည်းက စတင်တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို အချိန်တိုအတွင်းသွားလာနိုင်ပြီး စစ်ရေးအရ အချက်အချာကျသော တောင်ခမ်းဒေသကို စစ်ကောင်စီက လက်မလွှတ်ရေး အပြင်းအထန်ကာကွယ်နေသကဲ့သို့ တော်လှန်ရေးအင်အားစုများမှလည်း အပြီးတိုင်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည်။

ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း တောင်ခမ်းအမြောက်တပ်အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့် အပါအဝင် ငါးဦးကို DPLA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်။

ဂနိုက်
#MeKongNews
#TNLA
#DPLA
#တောင်ခမ်းတိုက်ပွဲ
#တော်လှန်ရေးအင်အားစု
ပုံစာ။ ။ တောင်ခမ်းတိုက်ပွဲဧရိယာအတွင်း အတူတကွတွေ့မြင်ရသည့် DPLA တပ်ခေါင်းဆောင်နှင့်TNLA တပ်မဟာမှူး နှစ်ဦး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now