နေ့စဥ်သတင်း

ဆီဆိုင်မြို့နယ်၌ စစ်ကောင်စီ နှင့် PNO က ဒရုန်းဖြင့် ဗုံးကြဲသောကြောင့် ပြည်သူ နှစ်ဦးသေဆုံး

မဲခေါင် 7 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၌ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့်ကလေးတစ်ဦးနှင့် အမျိုးသားကြီးတစ်ဦး၊ ပေါင်း နှစ်ဦး သေဆုံးခဲ့သည်။ ယမန့်နေ့ (ဖေဖော်ဝါရီလ ၆) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲစဉ် တောင်ယာမှပြန်လာသည့် ကောင်ထိုကျေးရွာဒေသခံ ပြည်သူနှစ်ဦးသေဆုံးကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်ကို ပြောသည်။ ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် လေးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်းသိရသည်။ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပအိုဝ်းလူမျိုးများအနေဖြင့် လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို ကာကွယ်ရင်း မိမိတို့၏ ပအိုဝ်းကျေးရွာများနှင့် ပအိုဝ်းလူမျိုးများကို

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၌ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့်ကလေးတစ်ဦးနှင့် အမျိုးသားကြီးတစ်ဦး၊ ပေါင်း နှစ်ဦး သေဆုံးခဲ့သည်။

ယမန့်နေ့ (ဖေဖော်ဝါရီလ ၆) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲစဉ် တောင်ယာမှပြန်လာသည့် ကောင်ထိုကျေးရွာဒေသခံ ပြည်သူနှစ်ဦးသေဆုံးကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်ကို ပြောသည်။

ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် လေးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်းသိရသည်။

PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပအိုဝ်းလူမျိုးများအနေဖြင့် လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို ကာကွယ်ရင်း မိမိတို့၏ ပအိုဝ်းကျေးရွာများနှင့် ပအိုဝ်းလူမျိုးများကို ဖျက်ဆီးသတ်ဖြတ်နေသည့်အဆင့်သို့ ရောက်ရှိနေသည့်အပေါ် လိပ်ပြာသန့်သန့် လုပ်နိုင်ကြသလားဟု ခွန်ရိန်းယံက မေးခွန်းထုတ်သည်။

“ပအိုဝ်းလူမျိုးမဟုတ်တဲ့ အစုအဖွဲ့တခုရဲ့ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ပအိုဝ်းလူမျိုးကို ပြန်ပြီးသတ်ဖြတ်နေရတာ၊ ပအိုဝ်းကျေးရွာကို ဖျက်ဆီးနေရတာ၊ ပအိုဝ်းဒေသကို တိုက်ခိုက်နေရတာ လိပ်ပြာလုံလုံနဲ့ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြသလား သေချာစဉ်းစားကြပါ၊ အမှန်တရားကို မြင်ကြပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြု၍ ပအိုဝ်းဒေသနှင့် ပအိုဝ်းကျေးရွာများကို ဖျက်ဆီးကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ၎င်းက ပြောသည်။

သုဝဏ္ဏခွန်
#MeKongNews
#ဆီဆိုင်မြို့နယ်
#စစ်ကောင်စီ
#PNOဗုံးကြဲ
#နှစ်ဦးသေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now