နေ့စဥ်သတင်း

အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီကြောင့်  နိုင်ငံတဝှမ်းသေဆုံးသူ ၆၂၃၉ ဦးအနက် ကလေး ၇၁၄ ဦးပါဝင်

မဲခေါင် 1 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁ အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း သေဆုံးသူ ၆၂၃၉ ဦးထဲမှာ ကလေး ၇၁၄ ဦးပါဝင်သလို လူ့အခွင့်အရေးချိုးဖောက်မှု များစွာလည်း ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP  က ပြောပါတယ်။ အာဏာသိမ်းစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ဒီနေ့( ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်)အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူစုစုပေါင်း ၆၂၃၉ ဦးသေဆုံးခဲ့ရာမှာ အဲဒီထဲကမှ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၂၂ ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁၀၉ ရှိကြောင်း AAPP
မဲခေါင်၊ ဖေဖော်ဝါရီ ၁
အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း သေဆုံးသူ ၆၂၃၉ ဦးထဲမှာ ကလေး ၇၁၄ ဦးပါဝင်သလို လူ့အခွင့်အရေးချိုးဖောက်မှု များစွာလည်း ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP  က ပြောပါတယ်။
အာဏာသိမ်းစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ဒီနေ့( ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်)အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူစုစုပေါင်း ၆၂၃၉ ဦးသေဆုံးခဲ့ရာမှာ အဲဒီထဲကမှ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၂၂ ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁၀၉ ရှိကြောင်း AAPP ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က မဲခေါင်ကိုပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးအရေအတွက်ထဲမှာ အမျိုးသမီး ၁၃၉၇ ဦးနဲ့ ကလေးငယ် ၇၁၄ ဦးအထိ ပါဝင်နေတယ်လို့ သိရပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း မြောက်များစွာကို အကြမ်း ဖက်စစ်အုပ်စုက ကျူးလွန်နေတယ်၊ အဲတော့ဒီကျူးလွန်မှုတွေက ဒီအတိုင်းပြီးသွားမှာတော့ မဟုတ်ဘူး၊  အရင်လိုမျိုး ငါတို့ ဘာပဲလုပ်လုပ် ငါတို့ကိုအရေးယူမယ့်သူမရှိဘူးဆိုတဲ့ကိစ္စမျိုးတွေကို ဒီနွေဦးတော်လှန်ရေးက တစ်ခါတည်း တိုက်ဖျက်သွား မှာဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒီအပြင်အာဏာသိမ်း ၄ နှစ်တာကာအတွင်း စစ်ကောင်စီကို ဆန့်ကျင်သူ နှစ်သောင်းကျော်ကိုလည်း ဖမ်းဆီးအကျဉ်းချထားပြီး နေ့စဉ် လေကြောင်းကဗုံးကြဲတာ၊ အရပ်သားပြည်သူတွေကို ပစ်ခတ်သက်ဖြတ်တာနဲ့ နေအိမ် ကျေးရွာတွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာအပြင် အရပ်သားပြည်သူတွေရဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေဆဲပါ။
“သေချာပေါက်ဒီလိုမျိုး ကျူးလွန်နေတဲ့ကိစ္စတွေ၊ ကျူးလွန်နေတဲ့သူတွေ၊ အမိန့်ပေးစေခိုင်းနေတဲ့သူတွေ၊ ကိုယ်တိုင် ကိုယ်ကျပါဝင်ပြီးကျူးလွန်နေတဲ့သူတွေ၊ ဒီလိုကျူးလွန်မှုကို အားပေးအားမြောက်လုပ်နေတဲ့သူတွေ အားလုံးကို တစ်ချိန်မှာသေ ချာပေါက် ထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုကို ခံရမှာဖြစ်တယ်လို့ သတိပေး ချင်ပါတယ်”လို့ ကိုအောင်မျိုးကျော်က ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP  ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း ထားတဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူ ၆၂၀၀ ကျော်အနက် အမျိုးသမီး ၁၃၉၇ ဦးနဲ့ ကလေးငယ် ၇၁၄ ဦးအထိပါဝင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်မှုကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူစုစုပေါင်း ၂၈၄၄၄ ဦးရှိပြီး ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၅၈၉၄ ဦးနဲ့ ကလေး ၅၉၄ ဦးပါဝင်ကာ ထောင်တွင်းသေဒဏ်ပေးခံရသူ ၁၂၄ ဦးနဲ့ မျက်ကွယ်သေဒဏ်ပေးခံရသူ ၄၄ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
CJ-017
#MeKongNews
#နိုင်ငံတဝှမ်း
#စစ်ကောင်စီ
#ပြည်သူ၆၂၃၉
#ကလေး၇၁၄

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now