နေ့စဥ်သတင်း

မိုင်းခုတ်ချောင်းထဲ တရုတ်တွေ ဖောင်အကြီးစားနဲ့ တရားမဝင်ရွှေကျင်

မဲခေါင် 31 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ထဲက မိုင်းခုတ်ချောင်းမှာ ဖောင်အကြီးစားနဲ့ ရွှေကျင်နေပြီး မြစ်ရေအရောင်ဟာလည်း သိသာစွာပြောင်းလဲ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မိုင်းခုတ်မြို့က ပိန်းခမ်းရွာသွားလမ်း ဝမ်ဟုန်အကျော်ချောင်းကွေ့တစ်နေရာမှာ ဖောင်အကြီးစားနဲ့ ရွှေကျင်နေတာ ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စလို့ ဒေသခံတွေကြား သတိထားမိကြတယ်လို့ မိုင်းဆတ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။ “အကြီးစားကြီးဗျ။ ဘက်ဟိုးကုတ်တဲ့ခွက်လို အများကြီးနဲ့ မှုံစုပ်ပြီး ကျင်တာမျိုး၊ လုပ်နေတာတော့ တရုတ်တွေပဲ” လို့ သူက ပြောပါတယ်။ အဲဒီရွှေဖောင်ဟာ အလျား ပေ ၁၀၀ ကျော်၊ အနံ ပေ ၄၀ ခန့်လို့ ခန့်မှန်းပြီး မဲခေါင်မြစ်

မဲခေါင်၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ထဲက မိုင်းခုတ်ချောင်းမှာ ဖောင်အကြီးစားနဲ့ ရွှေကျင်နေပြီး မြစ်ရေအရောင်ဟာလည်း သိသာစွာပြောင်းလဲ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းခုတ်မြို့က ပိန်းခမ်းရွာသွားလမ်း ဝမ်ဟုန်အကျော်ချောင်းကွေ့တစ်နေရာမှာ ဖောင်အကြီးစားနဲ့ ရွှေကျင်နေတာ ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စလို့ ဒေသခံတွေကြား သတိထားမိကြတယ်လို့ မိုင်းဆတ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အကြီးစားကြီးဗျ။ ဘက်ဟိုးကုတ်တဲ့ခွက်လို အများကြီးနဲ့ မှုံစုပ်ပြီး ကျင်တာမျိုး၊ လုပ်နေတာတော့ တရုတ်တွေပဲ” လို့ သူက ပြောပါတယ်။

အဲဒီရွှေဖောင်ဟာ အလျား ပေ ၁၀၀ ကျော်၊ အနံ ပေ ၄၀ ခန့်လို့ ခန့်မှန်းပြီး မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းမှာ သီးခြားရှိတဲ့ ရေဆိပ်ကနေ တာချီလိတ်ကိုဖြတ်ပြီး သယ်လာတာလို့ ရွှေဖောင်အကြောင်းသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီလိုရွှေဖောင်မျိုး ရှမ်းပြည်တောင်ပိုင်းက သံလွင်မြစ်ထဲမှာလည်းတွေ့ရပြီး မိုင်းဆတ်ဒေသမှာ ပထမဆုံးတွေ့ရတဲ့ ရွှေဖောင်ကြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

Google Earth ရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ရွှေဖောင်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ရက်မှာ ရိုက်ထားတဲ့ ဂြိုလ်တုဓာတ်ပုံထဲမှာ မတွေ့ရသေးဘဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံမှသာ တွေ့ရတာဖြစ်ပါတယ်။ ရွှေဖောင်မရောက်မီ မြစ်ရေအရောင်ဟာ အစိမ်းရောင်အဖြစ်မြင်ရပြီး ရွှေဖောင်ရောက်လာပြီးတဲ့အချိန်မှာတော့ မြစ်ရေအရောင်ဟာ ရွှံ့ရောင်ပြောင်းသွားပြီး မြစ်ကြောင်းလည်း သိသာစွာ ပျက်စီးသွားတာကို တွေ့ရပါတယ်။

အခုမိုင်းခုတ်ချောင်းမှာ ရွှေဖောင်ချပြီး တူးဖော်နေတဲ့ နေရာဟာ ရွှေတူးဖော်သင့်တဲ့ နေရာမဟုတ်သလို ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဆိုင်ရာနိုက်ဟာ အဆိပ်အတောက်ဖြစ်တာကြောင့် ဒေသခံလူထုကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ်ထိခိုက်စေတယ်လို့ ရှမ်းပြည်အတွင်း မြေယာသယံဇာတအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြပါတယ်။

ရှမ်းပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း ဆိုးရွားတဲ့ ရေကြီးနစ်မြုပ်မှုဘေးနဲ့ ကြုံတွေ့ခဲ့ရပြီး ဒါဟာ သယံဇာတတူးဖော်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တယ်တဲ့ သူက ဆိုပါတယ်။

“ရွှေတူးဖော်မှုနဲ့ပတ်သက်ပြီးတော့လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ဒေသနေလူထုထိခိုက်မှုတွေ များစွာရှိခဲ့တယ်ဆိုတာ တာလေဒေသက နမူနာပဲဖြစ်ပါတယ်။ ချောင်းတွေတိမ်ကောတယ်။ လယ်မြေတွေပျက်ဆီးတယ်။ အိုးအိမ်တွေပျက်ဆီးတယ်။ လူတွေနေမရတော့အထိဖြစ်ရတယ်။ ဒါဟာ လက်တွေဖြစ်ခဲ့တာတွေပါ” လို့ အဲဒီတက်ကြွလှုပ်ရှားသူက ပြောပါတယ်။

မိုင်းဆတ်ခရိုင်းအတွင်းမှာ ဒေသအာဏာပိုင်တွေနဲ့ တရုတ်တွေပူးပေါင်းပြီး ရွှေနဲ့ သတ္တု တူးဖော်တာတွေကို တရားမဝင် အများအပြားလုပ်ကိုင်နေပြီး ဝမ်ဟုန်ရွာအောက်ဖက်၊ ဖာဖဲ့ရွာအနီးက မိုင်းခုတ်ချောင်းမှာလည်း သတ္တုစက်ရုံတစ်ရုံ တည်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွှေဖောင်အကြီးစားတူးဖော်ပြီး သတ္တုစက်ရုံလည်းတည်ထားတဲ့ နမ့်ခုတ်ချောင်းဟာ တာချီလိတ်မြို့မှာ အရေးကြီးတဲ့ မယ်ဆိုင်မြစ်ရဲ့ လက်တက်ဖြစ်ပြီး မယ်ဆိုင်မြစ်ဟာ မဲခေါင်မြစ်လက်တက်တစ်ခုဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်း ဆိုးရွာလှတဲ့ စံချိန်တင် ရေကြီးနစ်မြုပ်မှုကို ကြုံခဲ့ရတာဟာ ဒီမြစ်လက်တက်တွေမှာ သတ္တု တူးဖော်တာတွေကြောင့်လည်း အဓိကကျတဲ့ အချက်တစ်ခုဖြစ်တယ်လို့ တာချီလိတ်ဒေသခံတွေက ရှု့မြင်ပါတယ်။

ထိုင်းအစိုးရရဲ့ လေ့လာမှုတွေအရ မယ်ဆိုင်မြစ်ရဲ့ ရေကြောင်းတစ်လျှောက် မျောပါလာတဲ့ နုံး တွေမှာ အာဆင်းနစ်၊ နီကယ်လ်နဲ့ ဇင့် ပါဝင်မှု အများဆုံးဖြစ်ကာ ဇင့်ပါဝင်မှုမှာသတ်မှတ်ထားတဲ့ပမာဏ ထက် ၁၈ ဆပိုများ နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF ရဲ့ ထုတ်ပြန်ချက်မှာ မိုင်းဆတ်ခရိုင်အတွင်းက ရွှေတူးဖော်မှုတွေကြောင့် တာချီလိတ်ရေဘေးအကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့တယ်လို့ ပါရှိပါတယ်။

MK – 004, MK – 012
#MeKongNews
#တရားမဝင်ရွှေကျင်
#ရွှေဖောင်
#မိုင်းဆတ်
#မိုင်းခုတ်ချောင်း
#မယ်ဆိုင်မြစ်
#မဲခေါင်မြစ်
Photo Source – Google Earth

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now