ဒေသတွင်းသတင်း

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအား ပြည်နယ်ကိုယ်စားပြု ပါဝင်မယ့် KySPP ပါတီကို IEC နဲ့ KNDF ရှုတ်ချ

မဲခေါင် 27 Jan - 2025
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအား ပြည်နယ်ကိုယ်စားပြု ပါဝင်မယ့် KySPP ပါတီကို IEC နဲ့ KNDF ရှုတ်ချ

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအား ပြည်နယ်ကိုယ်စားပြု ပါဝင်မယ့် KySPP ပါတီကို IEC နဲ့ KNDF ရှုတ်ချ

မဲခေါင်၊ ဇန်နဝါရီ ၂၇

စစ်ပွဲတွေနဲ့ နယ်မြေအေးချမ်းမှုမရှိသေးတဲ့ ကရင်နီဒေသမှာ လူထုကိုဗုံးကြဲပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP)အမည်နဲ့ ပါဝင်ဖို့ မှတ်ပုံတင်လျှောက်ထားတာတဲ့အပေါ် IEC နဲ့ KNDF ကရှုတ်ချပါတယ်။

KySPP ဟာ လူထုကိုမျက်ကွယ်ပြုပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တဲ့ အတွက် လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

“စစ်ကောင်စီရဲ့ အတုအယောင် အနှစ်သာရမရှိတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဘယ်နိုင်ငံရေးပါတီမဆို အာဏာရှင်ကို အားပေးအားမြှောက်ရာရောက်တဲ့ ပါတီဖြစ်တယ်၊ အဲဟာကတော့ ဘယ်ပါတီမဆိုရှုံ့ချတယ်” လို့ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

ပြည်သူ့ပါတီလို့အမည်ခံထားပေမယ့် စစ်ကောင်စီရဲ့ မိစ္ဆာလုပ်ငန်းတွေ၊ ပြည်သူကို သတ်ဖြတ်တဲ့လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာနိုင်အောင် အားဖြည့်ပေးမယ့် ဒေါက်တိုင်တစ်ခုလိုပဲရှုမြင်ကြောင်း KNDF ရဲ့ ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

သူက “အကြမ်းဖက်စစ်ကောင်စီရဲ့ အစွယ်အပွား၊ လက်ကိုင်တုတ်၊ လက်စွဲပါတီလို့ပဲ ကျွန်တော်တို့မြင်တယ်” လို့ပြောပါတယ်။

ပါတီရုံးချုပ်ဟာ လွိုင်ကော်မြို့ အောင်သီဟရပ်ကွက် ၊ သဇင်လမ်း၊ ဧ-၁၂၇မှာ အခြေစိုက်မယ်လို့ ကြေညာပါတယ်။

KySPP ပါတီက စစ်တပ်က အာဏာသိမ်းပြီးချိန် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို စစ်ကောင်စီက ခွင့်ပြုခဲ့တာဖြစ်ကြီး ပြီး ပါတီရဲ့ ဥက္ကဌ ဦးဇော်မင်းဦးကို သိတဲ့သူ နည်းပါးပါတယ်။

လွိုင်ကော်မြို့မှာ ပြည်သူတွေ အပြည့်အဝနေထိုင်တာမျိုးမရှိတာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိသလို ပြည်သူကို အတင်းအကြပ်စည်းရုံးခြင်းကလည်း မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး လို့ လွိုင်ကော် ဒေသခံတွေကလည်း ကန့်ကွက်ကြပါတယ်။

“စကစအောက်ကနေပြီးတော့ ရွေးကောက်ပွဲဖြစ် အောင်လုပ်တာပေါ့နော်၊ ဒါက ပြည်သူထောက်ခံမှုမပါဘူးဆိုတာလည်း ပြည်သူတွေသိတယ်၊ ကျွန်တော်ကတော့ ဘာမ မခံစားရပါဘူး၊ သူတို့ဖြစ်ရင် လုပ်ပေါ့ဆိုတဲ့ ပုံစံမျိုးလောက်ပဲရှိပါတယ်” လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်ခြင်းက စစ်ကောင်စီတပ်ရဲ့ နိုင်ငံရေးထွက်ပေါက်တွေထဲက တခုအနေနဲ့ရှိနေကာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ ၁၈ ခုရှိပြီး KySPP အပါအဝင် ၁၅ ပါတီကို စစ်ကောင်စီကခွင့်ပြုထားပြီးဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကနေ တခြားမြို့နယ် ဒေသတွေမှာ စစ်ဘေးတိမ်းရှောင်နေကြသူတွေကို လွိုင်ကော်မြို့အတွင်း ပြန်လည်နေထိုင်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။

CJ-004
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now