နေ့စဥ်သတင်း

တရုတ်ငွေဈေးကျပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တန့်ယန်းမှာ ကုန်စျေးနှုန်းကြီးမားနေဆဲ

မဲခေါင် 26 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၆ တရုတ်ငွေဈေးတက်ရင် ကုန်ဈေးနှုန်းပါ တက်လေ့ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ တရုတ်ငွေဈေးကျပေမယ့် ကုန်ဈေးနှုန်း လိုက်ပါကျဆင်းတာမျိုးမရှိတဲ့ပြင် တက်မြဲတက်နေတာကြောင့် ဝင်ငွေနည်းအခြေခံလူတန်းစားတွေ စားနပ်ရိက္ခာ ပြတ်လပ်တဲ့အဆင့်ထိ ရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံနဲ့ နီးကပ်နေပေမယ့် နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် ကုန်ပစ္စည်းအသစ်ဝင်ရောက်မလာတာ၊ ဝင်လာတဲ့ကုန်ပစ္စည်းကလည်း မှောင်ခိုပစ္စည်းဖြစ်တာကြောင့် ဈေးနှုန်းကြီးမြင့်တာဖြစ်သလို ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းကို အဆင့်ဆင့် အမြတ်တင်ရောင်းချတာတွေကြောင့် စားသုံးသူဟာ ဈေးကြီးပေးဝယ်ယူနေရတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်က “ဝ”ဒေသဘက်က နယ်စပ်ဂိတ်တွေ တရားဝင်ဖွင့်လှစ်ကာ ကုန်သွယ်ရေးပြန်လည်စတင်နေပေမယ့် တန့်ယန်းမှာ ကုန်ဈေးနှုန်းကြီးမြင့်နေဆဲပါပဲ။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲမှာ တရုတ်ငွေ တစ်ယွမ်ကို ကျပ် ၈၅၀

မဲခေါင်၊ ဇန်နဝါရီ ၂၆

တရုတ်ငွေဈေးတက်ရင် ကုန်ဈေးနှုန်းပါ တက်လေ့ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ တရုတ်ငွေဈေးကျပေမယ့် ကုန်ဈေးနှုန်း လိုက်ပါကျဆင်းတာမျိုးမရှိတဲ့ပြင် တက်မြဲတက်နေတာကြောင့် ဝင်ငွေနည်းအခြေခံလူတန်းစားတွေ စားနပ်ရိက္ခာ ပြတ်လပ်တဲ့အဆင့်ထိ ရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံနဲ့ နီးကပ်နေပေမယ့် နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် ကုန်ပစ္စည်းအသစ်ဝင်ရောက်မလာတာ၊ ဝင်လာတဲ့ကုန်ပစ္စည်းကလည်း မှောင်ခိုပစ္စည်းဖြစ်တာကြောင့် ဈေးနှုန်းကြီးမြင့်တာဖြစ်သလို ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းကို အဆင့်ဆင့် အမြတ်တင်ရောင်းချတာတွေကြောင့် စားသုံးသူဟာ ဈေးကြီးပေးဝယ်ယူနေရတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်က “ဝ”ဒေသဘက်က နယ်စပ်ဂိတ်တွေ တရားဝင်ဖွင့်လှစ်ကာ ကုန်သွယ်ရေးပြန်လည်စတင်နေပေမယ့် တန့်ယန်းမှာ ကုန်ဈေးနှုန်းကြီးမြင့်နေဆဲပါပဲ။

၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲမှာ တရုတ်ငွေ တစ်ယွမ်ကို ကျပ် ၈၅၀ ကနေ ၉၀၀ အထိမြင့်တက်ခဲ့ကတည်းက ကုန်စျေးနှုန်းဆက်တိုက် မြင့်တက်ခဲ့တာဖြစ်ပြီး တစ်ယွမ်ကို ကျပ် ၆၂၀ ထိပြန်ကျလာပေမဲ့ ကုန်စျေးနှုန်းပြန်လည်ကျဆင်းတာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တန့်ယန်းမှာ ကုန်စျေးနှုန်း အကျမရှိဘူး၊ မုန့်ညှင်းထုပ် တကယ့်သေးသေးလေးကို ၁၀၀၀ ပေးဝယ်ရတယ်၊ မိသားစုနဲ့က အနည်းဆုံး လေးငါးထုပ်မဝယ်ရင် စားမလောက်ဘူး” လို့ ပြောပါတယ်။

ယွမ်ဈေးမတက်ခင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအစောပိုင်းကာလတွေတုန်းက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်းကျပ်) ဝန်းကျင်သာရှိပေမဲ့ လက်ရှိမှာ ကျပ်၁၈၀,၀၀၀ (ကျပ် တစ်သိန်းရှစ်သောင်း)ကနေ ကျပ်၂၀၀,၀၀၀ (နှစ်သိန်းကျပ်) ဝန်းကျင်ထိ ဈေးတက်နေပြီး တခြားအခြေခံစားသောက်ကုန်တွေလည်း ၃ ပုံ ၁ ပုံ ခန့် စျေးမြင့်တက်နေပါတယ်။

“ကုန်ဈေးနှုန်းကတော့ မြင့်သထက်မြင့်တာပဲ၊ တချို့ဆိုင်ဆို တရုတ်ငွေပဲယူကြတယ်၊ တရုတ်ငွေဈေးတက်ရင် ကုန်ဈေးနှုန်းတက်ပြီ၊ တရုတ်ငွေဈေးကျရင် ကုန်ဈေးနှုန်းကျတာတော့ မရှိဘူး၊ အခြေခံလူတန်းစားတွေ ငတ်တာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကုန်စျေးနှုန်း အလွန်အမင်းမြင့်တက်နေတဲ့အပေါ် USWA ပြောခွင့်ရ ဦးညီရန်းကို မဲခေါင်ကမေးမြန်းရာ “ကျွန်တော်တို့ တန့်ယန်းမဝင်ခင်ကတည်းက ကုန်စျေးနှုန်းက တက်နေတာ” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်မှာ TNLA က တန့်ယန်းမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းဖြစ်တဲ့ မန်ကတ်စခန်းနဲ့ မန်ပတ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်မှာ UWSA က စစ်ကောင်စီနဲ့ နားလည်မှုယူကာ တန့်ယန်းမြို့ထဲကိုဝင်ရောက်လာခဲ့ပြီး တန့်ယန်း၊ မိုင်းရယ်၊ ဟိုယ အထိ ဝင်ရောက်တပ်စွဲထားခဲ့တာပါ။

တန့်ယန်းမြို့ကို စစ်ကောင်စီတပ်က အဓိက ထိန်းချုပ်ထားတာဖြစ်ပြီး ကုန်စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်တာတွေပြုလုပ်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ခဲ့တာကြောင့် ဒေသတွင်းမှာ စက်သုံးဆီနဲ့ ကုန်စျေနှုန်းမြင့်တက်တာ၊ စားသုံးကုန်ရှားပါးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။ စစ်ကောင်စီနဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် နယ်စပ်ဂိတ်တွေ ဖွင့်ပေးလိုက်ပေမဲ့ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်းတို့မှာ ကုန်စျေးနှုန်းပြန်လည်ကျဆင်းတာ မရှိသေးပါဘူး။

MK-016
#MeKongNews
#တန့်ယန်း
#ကုန်ဈေးနှုနန်း
#တရုတ်ငွေဈေး
#နယ်စပ်ဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now