နေ့စဥ်သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ယူနီဖေါင်းဝတ်ထားသူတွေ အဓမ္မခေါ်ဆောင်သွားတဲ့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

မဲခေါင် 20 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၀ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပျောက်ကြားယူနီဖေါင်း ဝတ်ထားသူတစ်ဦးနဲ့ အရပ်ဝတ် ဝတ်ထားသူနှစ်ဦး လက်ထိပ်ခတ်ကာ အဓမ္မခေါ်ဆောင်ခံရတဲ့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး အခုထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုင်ရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ CCTV မှတ်တမ်းအရ သုံးဦးထဲမှာ ပျောက်ကြားယူနီဖေါင်းဝတ်ထားသူဟာ လက်နက်ကိုင်ဆောင်ထားပြီး မူဆယ်မြို့၊ ကောင်းမူးတုန်ရပ်ကွက်၊ မီးသတ်ရုံးအနီးက ကုန်စုံဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်အမျိုးသမီးထိုင်နေတဲ့ ကောင်တာစားပွဲထိလာရောက်ကာ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့ (ဇန်နဝါရီ ၂၀) နေ့လယ် ၁ နာရီထိ မိသားစုနဲ့အဆက်အသွယ်ပြတ်နေဆဲဖြစ်တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒေသခံတွေက ပြန်ပေးဆွဲတာလို့

မဲခေါင်၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပျောက်ကြားယူနီဖေါင်း ဝတ်ထားသူတစ်ဦးနဲ့ အရပ်ဝတ် ဝတ်ထားသူနှစ်ဦး လက်ထိပ်ခတ်ကာ အဓမ္မခေါ်ဆောင်ခံရတဲ့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး အခုထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုင်ရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

CCTV မှတ်တမ်းအရ သုံးဦးထဲမှာ ပျောက်ကြားယူနီဖေါင်းဝတ်ထားသူဟာ လက်နက်ကိုင်ဆောင်ထားပြီး မူဆယ်မြို့၊ ကောင်းမူးတုန်ရပ်ကွက်၊ မီးသတ်ရုံးအနီးက ကုန်စုံဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်အမျိုးသမီးထိုင်နေတဲ့ ကောင်တာစားပွဲထိလာရောက်ကာ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့ (ဇန်နဝါရီ ၂၀) နေ့လယ် ၁ နာရီထိ မိသားစုနဲ့အဆက်အသွယ်ပြတ်နေဆဲဖြစ်တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေက ပြန်ပေးဆွဲတာလို့ ယူဆကြပါတယ်။

“ဘယ် အဖွဲ့အစည်းဆိုတာတော့ မသိပါဘူး၊ လက်ထိပ်ခတ်ခေါ်သွားတာပေါ့ ” လို့ မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီ အပါအဝင် ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် အစရှိတဲ့ ပြည်သူ့စစ် ၁၅ ဖွဲ့ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ မူဆယ်မြို့မှာ နေထိုင်သူတွေဟာ စီးပွားရေးကြပ်တည်းတာ အပါအဝင် မြို့တွင်းမူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေပေါများလာတာကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ငွေကျပ်သိန်းတစ်ထောင်ကနေ သိန်းတစ်သောင်းအထိ ငွေညှစ်တောင်းခံမှုတွေ ရှိနေပါတယ်။

ဒေသခံတွေအနေနဲ့ သတိထား သွားလာနေထိုင်ကြဖို့ လိုအပ်လာပြီလို့ မူဆယ်မြို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက သတိပေးပါတယ်။

“အခု အမျိုးသမီးပြန်ပေးဆွဲခံရမှုကို အာဏာပိုင်တွေက စုံစမ်းနေတာတော့ ရှိပါတယ်၊ ဒါမျိုးက လူသိများလာပြီဆိုရင် အမှု ဖွင့်ဖွင့် မဖွင့်ဖွင့် စုံစမ်းစစ်ဆေးတာတွေလုပ်တာ သူတို့ထုံးစံပဲ၊ သူတို့လုပ်ထုံးလုပ်နည်းအတိုင်းတော့ လုပ်နေကြမှာပေါ့” လို့ သူကပြောပါတယ်။

လက်နက်တွေ အလွယ်တကူရနိုင်ပြီး တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က လုပ်ငန်းရှင်တွေဟာ ပြန်ပေးဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်နေတာပါ။

မူဆယ်မြို့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ပေးဂိုဏ်းအဖွဲ့က ကားတစ်စီးနဲ့ အနောက်ကလိုက်ပြီး ပြန်ပေးဆွဲခဲ့တဲ့ဖြစ်စဉ် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်း မူဆယ်မြို့ ပြန်ပေးဆွဲမှုတွေဟာ ပိုမိုရဲတင်းလာခဲ့ပြီး လမ်းပေါ်ပြန်ပေးဆွဲရာကနေ နေအိမ်တွေ ဈေးဆိုင်တွေအထိ ဝင်ရောက်ပြန်ပေးဆွဲတာတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ သေနက်ပစ်ခြိမ်းခြောက် ဓားပြတိုက်မှု သုံးကြိမ်အထိ ဖြစ်ပွားခဲ့ကာ အလားတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်ကလည်း ဟိုမွန်ရပ်ကွက်မှာ အမျိုးသမီးတစ်ဦးကို သေနက်ထောက်ပြီး ကားကို ဓားပြတိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က အသက် ၂၀ အရွယ် နန်းချစ်စုအောင် ပျောက်ဆုံးခဲ့ရာ လေးရက်အကြာ ဇန်နဝါရီ ၁၁ ရက်မှာ မူဆယ် Win စီးကရက်စက်ရုံအနောက်ဘက်မှာ အသက်မဲ့ခန္ဓာကိုယ်သာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ အပြင်သွားရင်း ဆိုင်ကယ်နဲ့ဖုန်း ပါသွားတဲ့အတွက် ဓားပြတိုက်ခံရကာ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ အလောင်းဖျောက်စွန့်ပစ်ထားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ မကြာခဏဆိုသလို မူဆယ်မြို့မှာဖြစ်ပွားနေပြီး အမှုအတော်များများနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တရားခံတွေကို ဖမ်းဆီးရမိတာ၊ ပြန်ပေးဆွဲဂိုဏ်းတွေကို ဖမ်းဆီးတာ၊ လောင်းကစားရုံတွေကို ပိတ်သိမ်းတာနဲ့ မူးယစ်ဆေးဝါးအမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တယ်ဆိုတာမျိုး မကြားမိ မတွေ့ရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ပဲ ကျန်နေတဲ့မြို့ဖြစ်သလို တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေးမြို့လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်တွေဟာ မူဆယ်မြို့ပေါ်မှာသာ တပ်စွဲထားနိုင်ပေမယ့် အုပ်ချုပ်ရေးယန္တရား ကောင်မွန်စွာလည်ပတ်နိုင်တာမျိုး မရှိဘူးလို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

CJ-017
#MeKongNews
#မူဆယ်မြို့
#ကုန်စုံဆိုင်
#ပြန်ပေးဆွဲ
#ပျောက်ကြားယူနီဖေါင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now