နေ့စဥ်သတင်း

ငွေလိမ်လည်သူတွေကိုဖမ်းဆီးပြီး TNLA ထံသွားရောက်အပ်နှံတဲ့ NSSAA တပ်ဖွဲ့ဝင်လေးဦး တပ်ရင်းနဲ့အဆက်အသွယ်ပြတ်နေ

မဲခေါင် 8 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၈ တအောင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက်ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးပြီး ဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ TNLA ထံ သွားရောက်အပ်နှံတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA) တပ်ဖွဲ့ဝင် လေးဦး ကို TNLA က ပြန်လည်ဖမ်းဆီးထားပါတယ်။ တပ်ဖွဲ့ဝင် လေးဦးနဲ့ အဆက်အသွယ်ပြတ်တောက်နေတာဟာ ဒီကနေ့ (ဇန်နဝါရီ ၈)ဆိုရင် ၈ ရက်ခန့် ရှိနေပြီဖြစ်ရာ လက်ရှိအချိန်ထိ TNLA က ဘယ်လိုပြစ်မှုနဲ့ စွဲချက်တင်ဖမ်းဆီးထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးသလို NSSAA တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ခွင့်မရရှိသေးပါဘူး။ ၂၀၂၄ ခုနှစ်၊

မဲခေါင်၊ ဇန်နဝါရီ ၈

တအောင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက်ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးပြီး ဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ TNLA ထံ သွားရောက်အပ်နှံတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA) တပ်ဖွဲ့ဝင် လေးဦး ကို TNLA က ပြန်လည်ဖမ်းဆီးထားပါတယ်။

တပ်ဖွဲ့ဝင် လေးဦးနဲ့ အဆက်အသွယ်ပြတ်တောက်နေတာဟာ ဒီကနေ့ (ဇန်နဝါရီ ၈)ဆိုရင် ၈ ရက်ခန့် ရှိနေပြီဖြစ်ရာ လက်ရှိအချိန်ထိ TNLA က ဘယ်လိုပြစ်မှုနဲ့ စွဲချက်တင်ဖမ်းဆီးထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးသလို NSSAA တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ခွင့်မရရှိသေးပါဘူး။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က တော်လှန်ရေးအင်အားစု နာမည်သုံးပြီး မိုးကုတ်မြို့ပြည်သူတွေကို အကြပ်ကိုင်ခြိမ်းခြောက် လိမ်လည်ငွေညှစ်နေသူ ကိုးဦး ကို NSSAA က ဖမ်းဆီးပြီး ဒီဇင်ဘာ ၂၇ ရက်မှာ TNLA ရဲ့ တရားဥပဒေစိုးမိုးရေးလက်ဝယ် လွှဲပြောင်းပေးအပ်ရာမှာ သူတို့လေးဦးကို ဒီဇင်ဘာ ၃၁ ရက်မှာ TNLA က ပြန်လည်ဖမ်းဆီးထားတာ ဖြစ်တယ်လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဆက်အသွယ်မရသေးသလို တွေ့ခွင့်လည်း မရသေးဘူးဗျ၊ လက်တလောတော့ ကျွန်တော်တို့တပ်ရင်းက တာဝန်ခံလိုက်ပြီး လုံးပန်းပေးနေတယ်ဗျ” လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစု ဟု ဆိုကာ မိုးကုတ်မြို့အတွင်းမှာ ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေသူတွေထဲမှာ NSSAA တပ်ဖွဲ့လည်း ပါဝင်ကြောင်း သတင်းထွက်ပေါ်နေတာကြောင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး Out Service လုပ်ထားတဲ့ ရဲဘော်တွေကို မသင်္ကာလို့ မေးမြန်းရာကနေ တခြားနောက်ဆက်တွဲပါဝင်သူတွေကိုပါ ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းဆီးရမိသူ ကိုးဦး ဟာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်တွေဖြစ်ပြီး အဲဒီထဲမှာ NSSAA တပ်ဖွဲ့ဝင်ဟောင်း သုံးဦး၊ TNLA တပ်သားလို့ ယူဆနိုင်ခြေရှိသူ သုံးဦး ပါဝင်တယ်လို့ သိရပါတယ်။

“ကိစ္စက နည်းနည်းရှုပ်ထွေးတယ်ဗျ၊ မမိသေးတဲ့သူလည်း ရှိသေးတယ်” လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်-PSLF/TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး NSSAA ဟာ မိုးကုတ်မြို့အရှေ့ပိုင်းကို သိမ်းပိုက်ချိန်မှာ ပါဝင်ခဲတဲ့ ပူးပေါင်းတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

CJ-017
#MeKongNews
#PSLF/TNLA
#NSSAA
#ငွေလိမ်လည်သူ
#ကိုးဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now