နေ့စဥ်သတင်း

ဒေသအသီးသီးမှ ပြည်သူ ၁၈၀၀ နီးပါးကို အကျဉ်းထောင်ထဲမှာ စစ်ကောင်စီသတ်ဖြတ်ခဲ့

မဲခေါင် 1 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက မတရားညှဉ်းပန်းနှိပ်စက်လို့သေဆုံးတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် နိုင်ငံတဝှမ်းမှာ သေဆုံးသူ ၁၇၉၁ ဦးရှိပြီး နိုင်ငံရေးအရဖမ်းဆီးခံရပြီး သေဆုံးရသူ ၅၈ ဦးရှိခဲ့ပါတယ်။ ရဲစခန်းမှာသေဆုံးရသူ ၁၂ ဦး ၊စစ်ကြောရေးမှာ သေဆုံးသူ ၁၅ ဦးနဲ့အကျဉ်းထောင်တွေမှာသေဆုံးသူ ၃၁ ဦးရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့်သေဆုံးတဲ့ စာရင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ဒီနေ့ (ဇန်နဝါရီ ၁)ထုတ်ပြန်တာပါ၊ ထုတ်ပြန်ချက်ကို ‘ သံတိုင်နောက်မှ ဘဝများ’ လို့အမည်ပေးထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စိရဲ့

မဲခေါင်၊ ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက မတရားညှဉ်းပန်းနှိပ်စက်လို့သေဆုံးတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် နိုင်ငံတဝှမ်းမှာ သေဆုံးသူ ၁၇၉၁ ဦးရှိပြီး နိုင်ငံရေးအရဖမ်းဆီးခံရပြီး သေဆုံးရသူ ၅၈ ဦးရှိခဲ့ပါတယ်။

ရဲစခန်းမှာသေဆုံးရသူ ၁၂ ဦး ၊စစ်ကြောရေးမှာ သေဆုံးသူ ၁၅ ဦးနဲ့အကျဉ်းထောင်တွေမှာသေဆုံးသူ ၃၁ ဦးရှိပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့်သေဆုံးတဲ့ စာရင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ဒီနေ့ (ဇန်နဝါရီ ၁)ထုတ်ပြန်တာပါ၊ ထုတ်ပြန်ချက်ကို ‘ သံတိုင်နောက်မှ ဘဝများ’ လို့အမည်ပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စိရဲ့ လက်အောက်ခံ ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့လုပ်ဆောင်နေတယ်လို့ AAPPကဖေါ်ပြပါတယ်။

ဖမ်းဆီးခံပြီးနောက် စစ်ကြောရေးမှာ အပြင်းအထန် နှိပ်စက်ခံခဲ့ရပြီး အကျဉ်ထောင်တွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီးဖြစ်သူက “ စစ်ကြောရေးမှာ တော်တော်ခံခဲ့ရတယ်တဲ့၊ ပေါင်တွေအမွှန်းခံရတယ်၊ စစ်ဘိနပ်တွေနဲ့အကန်ခံရတယ်၊ ထုထောင်းရိုက်နှက်ခံရတယ်၊ လိင်အကြမ်းဖက်ခံရတယ်ပြောတယ်” လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ထောင်ဆူပူမှုဖြစ်ပြီး အဲ့ဒီအကျဉ်းသား ကျဆုံးတယ်လို့ ဇနီးဖြစ်သူက သိသိချင်းအတည်ပြုဖို့သွားရာမှာ လည်ပင်းနဲ့ ဗိုက်ကိုပြန်ချုပ်ထားပြီး ခေါင်းကိုလည်း လွှာချုပ်ထားတာကိုမြင်တွေ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်အာဏာရယူရန် ကြိုးပမ်းရာမှာ ၄ နှစ် ပြည့်တော့မယ့် ကာလကိုရောက်ရှိလာပေမယ့် အာဏာလုယူမှုဟာ အောင်မြင်ခြင်းမရှိပဲ နယ်မြေအများအပြားကိုပါ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပါ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ လက်လွှတ်လိုက်ရပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပိုမိုရမ်းကား ဖိနှိပ် ရက်စက်လာတယ်လို့ဆိုပါတယ်။

နေရာဒေသအသီးသီးမှာ ရာဇဝတ်မှုတွေကို ဆိုးဆိုးရွားရွားကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာလည်း ရက်စက်ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျင့်သုံးလျက်ရှိနေဆဲပါ။

၂၀၂၄ တစ်နှစ်အတွင်း AAPP ရဲ့ ကောက်ယူရရှိတဲ့အချက်အလက်အရ နိုင်ငံရေးအရ ဖမ်းဆီးခံသူ ၇၅၁ ဦးရှိတဲ့အနက် ၇၄၈ ဦးဟာ လက်ရှိ ထိန်းသိန်းခံထားရဆဲလို့ပါရှိပါတယ်။

နိုင်ငံရေးသမားတွေကို အကျဉ်းထောင်နဲ့အချုပ်ထောင် ၅၀ ခုမှာချုပ်နှောင်ထားရှိပြီး ဆောက်လုပ်ဆဲ အချုပ် ထောင်နဲ့ အကျဉ်းထောင်လေးခုရှိတယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန စာရင်းမှာတော့ အကျဉ်းထောင် ၄၆ ခုနဲ့ အချုပ် ထောင် ၁၉ ခုရှိကာ ကုန်ထုတ်အလုပ်ကြမ်းစခန်း ၃၁ ခုရှိတယ်လို့သိရပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်မှုမပေးပဲ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာဖိအားပေးရေး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တိုက်တွန်းထားပါတယ်။

MK-012
#MekongNews
#စစ်ကောင်စီ
#ပြည်သူ၁၈၀၀နီးပါး
#အကျဉ်းထောင်
#သတ်ဖြတ်ခဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now