မဲခေါင်၊ ဒီဇင်ဘာ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်အုပ်စု၊ နမ့်ပွန် နဲ့ရေပူ လမ်းဆုံမှာ စစ်ကောင်စီက မိုင်းလာထောင်ရာ ထောင်တဲ့မိုင်းပေါက်ကွဲပြီး နှစ်ဦး သေဆုံးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။
မနေ့က( ဒီဇင်ဘာ၂၇) မနက် ၉ နာရီခန့်မှာ ထီရီးအခြေစိုက် ဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး မိုင်းလာထောင်စဉ်မှာ သူတို့ထောင်တဲ့မိုင်း ပေါက်ကွဲတာဖြစ်ပါတယ်။
“သူတို့ထောင်တဲ့မိုင်း သူတို့ပဲပြန်ထိတာ၊ နှစ်ကောင်ရှောသွားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်က နမ့်ပွန်ရွာနားက စစ်ကောင်စီတပ်စွဲထားတဲ့ ကင်းစခန်းအနီး စစ်ကောင်စီထောင်ထားတဲ့ တိုက်မိုင်းပေါက်ကွဲခဲ့လို့ ထီရီးရွာသား သုံးဦး ထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
စစ်ကောင်စီဟာ မိုင်းထောင်ရာမှာ အများပြည်သူ သွားလာနေတဲ့ လမ်းတွေ၊ ရွာနီးချုပ်စပ်တွေမှာ မိုင်းမျိုးစုံထောင်နေတာကြောင့် ပြည်သူတွေ သေကြေထိခိုက်ဒဏ်ရာရနေကြတာဖြစ်လို့ ရွာက မိုင်းမထောင်ဖို့ မေတ္တာရပ်ခံပေမယ့် စစ်ကောင်စီဟာ သူတို့ရဲ့လုံခြုံရေးသာ အဓိကထားကာ မိုင်းတွေထောင်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
MK-012
#MekongNews
#စစ်ကောင်စီ
#မိုင်းထောင်
#ထောင်တဲ့မိုင်းကွဲ
#နှစ်ဦးသေ
#ရေပူလမ်းဆုံ








