နေ့စဥ်သတင်း

လားရှိုး-မိုင်းယော်လမ်းပေါ်က ဖွန်ချောင်တံတားကို MNDAA ပြန်လည်ပြုပြင်မယ်

မဲခေါင် 27 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက နှစ် ၅၀ ကျော်သက်တမ်းရှိ လားရှိုး-မိုင်းယော် (ဖွန်ချောင်) တံတားကို မကြာခင် ကိုးကန့်တပ် (MNDAA) ကပြန်လည်ပြုပြင်သွားမယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်က မိုင်းယော် (ဖွန်ချောင်) တံတားပေါ် ဘိလပ်မြေအိတ်အပြည့်တင်ထားတဲ့ကုန်ကားတစ်စီး ဖြတ်အကူးမှာ ကားကြီး ၀ိတ်အရှိန်ကို မထိန်းနိုင်တော့တာကြောင့် တံတားကျိုးကျခဲ့တယ်လို့ လားရှိုးဒေသခံက ပြောပါတယ်။ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှာပါ၀င်သူ တစ်ဦးက “ရေပူစမ်းတံတားက သံဘောင်ထိုးနေတုန်းနောက် သုံးရက် ကြာရင်ပြီးမယ်။ အဲဒါပြီးသွာမှ မိုင်းယော်တံတားဘက် ပရောဂျက်ကိုပြန်စဖို့ရှိတယ်ဗျ။ သူတို့က ရှင်းလင်းရေး အရင်လုပ်ရ မှာပေါ့။ အခုကကျိုးကျထားတဲ့ ကားတွေဘာတွေလည်းမရွှေ့ရသေးဘူး” လို့ မဲခေါင်ကိုပြောပါတယ်။ လားရှိုးမြို့ အထူးဒေသ

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက နှစ် ၅၀ ကျော်သက်တမ်းရှိ လားရှိုး-မိုင်းယော် (ဖွန်ချောင်) တံတားကို မကြာခင် ကိုးကန့်တပ် (MNDAA) ကပြန်လည်ပြုပြင်သွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က မိုင်းယော် (ဖွန်ချောင်) တံတားပေါ် ဘိလပ်မြေအိတ်အပြည့်တင်ထားတဲ့ကုန်ကားတစ်စီး ဖြတ်အကူးမှာ ကားကြီး ၀ိတ်အရှိန်ကို မထိန်းနိုင်တော့တာကြောင့် တံတားကျိုးကျခဲ့တယ်လို့ လားရှိုးဒေသခံက ပြောပါတယ်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှာပါ၀င်သူ တစ်ဦးက “ရေပူစမ်းတံတားက သံဘောင်ထိုးနေတုန်းနောက် သုံးရက် ကြာရင်ပြီးမယ်။ အဲဒါပြီးသွာမှ မိုင်းယော်တံတားဘက် ပရောဂျက်ကိုပြန်စဖို့ရှိတယ်ဗျ။ သူတို့က ရှင်းလင်းရေး အရင်လုပ်ရ မှာပေါ့။ အခုကကျိုးကျထားတဲ့ ကားတွေဘာတွေလည်းမရွှေ့ရသေးဘူး” လို့ မဲခေါင်ကိုပြောပါတယ်။

လားရှိုးမြို့ အထူးဒေသ (၁) ရဲ့ ပြန်လည်ထူထောင်ရေလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ MNDAA က လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေဖို့အတွက် ကျိုးပျက်နေတဲ့တံတားတွေကို ဦးစားပေးပြန်လည်ပြုပြင်နေတယ်လို့ဆိုပါတယ်။

အခုလိုပြုပြင်ရာမှာ လားရှိုးမြို့သိမ်းတိုက်ပွဲအတွက် ပျက်စီးခဲ့တဲ့ နမ္မတူ-လားရှိုး ဆက်သွယ်ထားတဲ့အီနိုင်တံတားကို ဒီဇင်ဘာ ၈ ရက်က အပြီးသက်ပြင်ဆင်ပေးခဲ့ပြီး လက်ရှိမှာ လားရှိုး ရေပူစမ်းသို့သွားတဲ့ တံတားကို သံဘောင် တပ်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျိုးကျပျက်ဆီးခဲ့တဲ့ မိုင်းယော် (ဖွန်ချောင်) တံတားဟာ ကွမ်းလုံ၊ ကာမိုင်း၊ မိုင်းတင်၊ ပန်ရှော်၊ မန်ပြိန်း၊ ပန်းခမ်း၊ မိုင်း ယော်၊ မိုင်းကျက်နဲ့ တာပုံရွာတို့ကို ဆက်သွယ်သွားလာရာမှာ ဖြတ်သန်းရတဲ့တံတားတစ်စင်းဖြစ်ပါတယ်။

“လက်ရှိအနေအထားတော့ သွားလာရခက်တယ်ဗျာ။ အဲတံတားဆောက်ထားတာလည်း ကြာတော့ကြာနေပြီ၊ ကျိုးတာကတော့ရိုးရိုးခံနိုင်၀န်မရှိလို့ ကျိုးတာပါ။ လက်တလော သွားလို့တော့မရသေးဘူး” လို့ မိုင်းယော် ဒေသခံတစ်ဦးကပြောပါတယ်။

လားရှိုး-မိုင်းယော် လမ်းကြောင်းဟာ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းက MNDAA ၊ TNLA ၊ AA နဲ့ အခြားတော်လှန်ရေး အင်အားစုတွေစုပေါင်းပြီး ဂိတ်စခန်းထိုင်ခဲ့ရာ လမ်းကြောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

CJ-017
#MekongNews
#လားရှိုး
#မိုင်းယော်
#တံတား
#ပြန်ပြင်မယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now