နေ့စဥ်သတင်း

မြန်မာနိုင်ငံမှာ ဖက်ဒရယ်သတင်းစကား နည်းပါးနေ

မဲခေါင် 20 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၀ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်လို့ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်သတင်းစကား ပြောဆိုဖြန့်ဝေတာ နည်းပါးပြီး စစ်ရေးနည်းလမ်းနဲ့ အကြမ်းဖက်မှုကို အားပေးတာအများဆုံးဖြစ်တယ်လို့ Blue Shirt အဖွဲ့က ထောက်ပြပါတယ်။ ဒီမိုကရေစီစံနှုန်း တန်ဖိုးတွေ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အရေးတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ အယူအဆအတွေးအခေါ်တွေကို ပြောဆိုဆွေးနွေးပြုလုပ်တာ နည်းပါးတာကိုတွေ့ရတယ်လို့ ထုတ်ပြန်တာပါ။ အများပြည်သူအကြား တုံ့ပြန်မှုအများဆုံးရရှိတဲ့ နိုင်ငံရေးသတင်းစကားတွေကတော့ လက်ရှိနိုင်ငံရေးပဋိပက္ခနဲ့ ပတ်သက်ပြီး စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ရေတိုရည်မှန်းချက်တွေအပေါ် အဓိကထားတာတွေ့ရပြီး ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အရေးတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အယူအဆအတွေးအခေါ်တွေကို ပြောဆို ဆွေးနွေးမှုပြုလုပ်တဲ့အကြောင်းအရာတွေ နည်းပါးတယ်လို့ ဆိုပါတယ်။ Blue Shirt

မဲခေါင်၊ ဒီဇင်ဘာ ၂၀

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်လို့ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်သတင်းစကား ပြောဆိုဖြန့်ဝေတာ နည်းပါးပြီး စစ်ရေးနည်းလမ်းနဲ့ အကြမ်းဖက်မှုကို အားပေးတာအများဆုံးဖြစ်တယ်လို့ Blue Shirt အဖွဲ့က ထောက်ပြပါတယ်။

ဒီမိုကရေစီစံနှုန်း တန်ဖိုးတွေ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အရေးတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ အယူအဆအတွေးအခေါ်တွေကို ပြောဆိုဆွေးနွေးပြုလုပ်တာ နည်းပါးတာကိုတွေ့ရတယ်လို့ ထုတ်ပြန်တာပါ။

အများပြည်သူအကြား တုံ့ပြန်မှုအများဆုံးရရှိတဲ့ နိုင်ငံရေးသတင်းစကားတွေကတော့ လက်ရှိနိုင်ငံရေးပဋိပက္ခနဲ့ ပတ်သက်ပြီး စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ရေတိုရည်မှန်းချက်တွေအပေါ် အဓိကထားတာတွေ့ရပြီး ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အရေးတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အယူအဆအတွေးအခေါ်တွေကို ပြောဆို ဆွေးနွေးမှုပြုလုပ်တဲ့အကြောင်းအရာတွေ နည်းပါးတယ်လို့ ဆိုပါတယ်။

Blue Shirt ရဲ့ စစ်တမ်းဟာ လူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ Facebook နဲ့ Telegram ပေါ်က အများပြည်သူရဲ့ သတင်းစကားကို အခြေခံတာဖြစ်ပြီး ကိန်းဂဏန်းအနေနဲ့ စစ်ရေးနည်းလမ်းနဲ့ အကြမ်းဖက်မှုကို အားပေးတာ ၉၁၉ ခု၊ နိုင်ငံသားတွေပါဝင်ရေး အားပေးတာနဲ့ ဆော်ဩတိုက်တွန်းတာ ၉၀၆ ခု၊ လူ့အဖွဲ့အစည်းအတွင်း အကွဲအပြဲ ပိုမိုကြီးမားစေဖို့အတွက် လှုံ့ဆော်တာ ၂၃၆ ခု၊ ဖက်ဒရယ်စနစ်နဲ့ နိုင်ငံရေးနည်းလမ်း ၉၁ ခု၊ လစ်ဘရယ်နဲ့ ဒီမိုကရေစီတန်ဖိုးကို အားပေးမြှင့်တင်တာ ၈၅ ခု လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးမှတ်ချက်ပြုရေးသားကြသူတွေရဲ့ Facebook စာမျက်နှာ ၂၀၇ ခု၊ Telegram Channel ၂၄ ခုပေါ်မှ Facebook ပိုစ့် ၂၃၀၇ ခု၊ Telegram သတင်းစကား ၂၀၀ ခု ကို ဆန်းစစ်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်တမ်းကို ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၄ ဩဂုတ်အထိ ပြုလုပ်တာဖြစ်ပြီး သူတို့ရဲ့ အခုဆန်းစစ်တွေ့ရှိချက်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ ဒေါက်တာ လျန်မှုန်းဆာခေါင်း ဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ရှိပေမယ့် ပြည်သူတွေကို ဖက်ဒရယ်နဲ့ပါတ်သက်တဲ့ အသိပညာတိုးပွါးရေးလုပ်ဆောင်ချက်တွေ မရှိသလောက်ပါပဲ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ကမကထပြုပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးအတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဏ် ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ကြေညာစာတမ်းစီစဉ်ခဲ့ပေမယ့် ပြည်သူအများစု မသိကြပါဘူး။

အဲ့ဒီစာတန်းကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ CDM ဦးဆောင်သူတွေ၊ အထွေထွေသပိတ်အင်အားစုတွေ၊ အမျိုးသမီးနဲ့လူငယ်အင်အားစုတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးအတည်ပြုခဲ့ကြတာပါ။

မဲခေါင်က မြေပြင်တော်လှန်ရေးအထောက်အကူပြုအဖွဲ့ Ground Revolution Support Team (GRST )ကို ဖက်ဒရယ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမေးမြန်းခဲ့ရာ တပ်ဖွဲ့ဝင်တွေကို အခြေခံဖက်ဒရယ်သဘောတရား၊ အခြေခံ ဒီမိုကရေစီသဘောတရားနဲ့ နိုင်ငံရေးအခြေခံသင်တန်းတွေ ပေးဖြစ်သလို တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ စစ်ပညာမွမ်းမံသင်တန်းတွေမှာလည်း တစ်နှစ်ကို ငါးကြိမ်ခန့် မျှဝေဖြစ်တယ်လို့ အဲ့ဒိအဖွဲ့ရဲ့ တာဝန်ခံကပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ဖက်ဒရယ်အသံအနည်းငယ်ထွက်ပေါ်ခဲ့ပေမယ် ၂၀၂၀ ရွေးကောက်ပွဲနီးကာလမှာ အသံပိုထွက်လာပါတယ်။ အသံထွက်ခဲ့ပေမယ့် ဖက်ဒရယ်ကြိုးပမ်းမှုနဲ့ အကောင်အထည်ဖော်တာ မတွေ့ရပါဘူး။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း NUG နဲ့ CRPH က တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောကျစေမယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး အသံထွက်ပေါ်လာပြီးမှ စစ်ကောင်စီကလည်း ဖက်ဒရယ်အသံထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်အကောင်အထည်ဖော်ရေးထက် စစ်ရေးပဋိပက္ခကိုသာ ဦးစားပေးနေတာပါ။

#MekongNews
#စစ်ရေးပဋိပက္ခ
#ဖက်ဒရယ်
#အမုန်းစကား
#NUG
#CRPH

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now