မဲခေါင်၊ ဒီဇင်ဘာ ၁၅
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဦးစီးဖွင့်လှစ်တဲ့ Ftontline Combat Medic ရဲ့ ညလေ့ကျင့်ခန်းတစ်ခုမှာ သင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံးတဲ့ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို ထောင်ချ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ KNDF က ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ ည ၈ နာရီခွဲမှာ ဖြစ်ပွားခဲ့တာပါ။
ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေးဆရာ တို့ကို ကရင်နီအမျိုသားများကာကွယ်ရေးတပ်ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာပုဒ်မ (၂၇)(၇) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်နဲ့သုံးလ ကျခံစေရန်နဲ့ သင်တန်းအကူကို ပုဒ်မ(၂၇) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးလ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ရေထဲမျောပါ ကျဆုံးခဲ့ရတဲ့ စစ်သည်တွေအတွက် အလွန်အမင်း စိတ်ထိခိုက်ရသလို တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပြီး ကျဆုံးရဲဘော်တွေအတွက် ထိုက်တန်စွာဂုဏ်ပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒိသင်တန်းကို သင်တန်းသူ သင်တန်းသား ၁၀၂ ဦး တက်ရောက်ခဲ့ပါတယ်။
MK-012
#MekongNews
#ဆေးသင်တန်း
#၁၈ဦး








