မဲခေါင်း၊ ဒီဇင်ဘာ ၃
ကရင်နီပြည်၊ လွိုင်ကော်နဲ့ မိုးဗြဲ အနီးတ၀ိုက်ကို ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာတွေအသုံးပြုပြီး ဗုံး ၃၉ လုံး ကြဲချခဲ့တယ်လို့ ဒီးမော့ဆိုဒေသခံပြည်သူတွေက ပြောပါတယ်။
မနက် ၃ နာရီခန့် စစ်ရှောင်ပြည်သူတွေ အိမ်မောကျနေခစဉ် ၃ နာရီ ၃ မိနစ်မှာ ဗုံးတစ်လုံး စတင်ကြဲချခဲပြီးနောက် ၅ မိနစ်ခြား ဗုံးအလုံးရေ စုစုပေါင်း ၃၉ လုံးခဲ့ခန့် ဆက်တိုက်ကြဲချခဲ့ပြီး ဗုံးကြဲချရာနေရာအတိအကျနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကို မသိရသေးသော်လည်း မိုးဗြဲ-လွိုင်ကော်ကြားလောက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်နေရာကိုဆိုတာ မသိရသေးပေမဲ့ မိုးဗြဲ- လွိုင်ကော်ကြားလောက် ဖြစ်နိုင်တယ်၊ ညမို့ ဗုံးကြဲသံအကျယ်ကြီးကြားရပြီး ဒီးမော့ဆိုက နေအိမ်တဲတွေ ခါယမ်းကုန်တယ်” လို့ ဒီမော့ဆို ဒေသခံတစ်ဦး က ပြောပါတယ်။
လွိုင်ကော်မြို့နယ်၊ လင်းဖုံလေးကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီးစစ်ကောင်စီက သူတို့အတွက်အရေးပါတဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကိုထိန်းချုပ် နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကအသိပေးထားပါတယ်။
လက်ရှိမှာ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီအနေနဲ့ လွိုင်ကော်-မိုးဗြဲလမ်းပိုင်း အပြင် မိုးဗြဲမြို့ကိုပါထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး မိုးဗြဲကတဆင့် ဒီးမောဆိုမြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနိုင် ဖို့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေအသုံးပြုပြီး ပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်မှာထားဗုံးကြဲချကာ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာလကုန်ပိုင်းလောက်က ဖြစ်ပွားခဲ့တဲ့ လင်းဖုံလေးရွာ တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ ခမရ-၈၀ စစ်ကြောင်းမှ တပ်ဖွဲ့၀င် ၁၆ ဦးနဲ့အထက် သေဆုံးခဲ့ပြီး စစ်သုံးပန်း ငါးဦး အရှင်ဖမ်းဆီးရမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ (KNDF) က ထုတ်ပြန်ထားပါတယ်။
CJ- 017
#MekongNews
#စစ်ကောင်စီ
#ဗုံး၃၉လုံးကြဲ
#လွိုင်ကော်
#မိုးဗြဲ
#အနီးတဝိုက်








