နေ့စဥ်သတင်း

ဘယ်သူပစ်မှန်းမသိတဲ့ လက်နှက်ကြီး နန့်လန်မြို့ကိုကျ၊ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ

မဲခေါင် 24 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၄ မနေ့က( နိုဝင်ဘာ ၂၃) နေ့လည် ၁၂ နာရီခန့်မှာ ဘယ်အဖွဲ့အစည်းကပစ်ခတ်မှန်း အတည်ပြုလို့မရတဲ့ လက်နှက်ကြီးကျည် ရှမ်းမြောက်၊ နမ့်လန်မြို့ကိုကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံသက်ကြီးအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ “မယ်ထောက်က အိမ်မှာထိတာ၊ မြေးအဖွား နှစ်ယောက်ထဲနေတာ၊ မြေးဖြစ်သူက အိမ်မှာမရှိတော့ မထိဘူး၊ ဘယ်ကပစ်တယ် မပြောနိုင်ဘူး” လို့ နမ့်လန်ဒေသခံတစ်ဦးက ပြောပါတယ်။ မနက် ၁၁ နာရီလောက်ကတည်းက လက်နက်ကြီးပစ်နေတာဖြစ်ပြီး အနည်းဆုံး ခုနှစ်လုံးခန့်ရှိပြီး မြိုထဲကို တစ်လုံးကျကာ ကျန်တာတွေ မြို့ပြင်ဘက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီမှ ၂ နာရီခန့်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း အခုကျတဲ့ ကောင်းလမ်းရပ်ကွက်က လမ်းပေါ်ကျလို့

မဲခေါင်၊ နိုဝင်ဘာ ၂၄

မနေ့က( နိုဝင်ဘာ ၂၃) နေ့လည် ၁၂ နာရီခန့်မှာ ဘယ်အဖွဲ့အစည်းကပစ်ခတ်မှန်း အတည်ပြုလို့မရတဲ့ လက်နှက်ကြီးကျည် ရှမ်းမြောက်၊ နမ့်လန်မြို့ကိုကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံသက်ကြီးအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“မယ်ထောက်က အိမ်မှာထိတာ၊ မြေးအဖွား နှစ်ယောက်ထဲနေတာ၊ မြေးဖြစ်သူက အိမ်မှာမရှိတော့ မထိဘူး၊ ဘယ်ကပစ်တယ် မပြောနိုင်ဘူး” လို့ နမ့်လန်ဒေသခံတစ်ဦးက ပြောပါတယ်။

မနက် ၁၁ နာရီလောက်ကတည်းက လက်နက်ကြီးပစ်နေတာဖြစ်ပြီး အနည်းဆုံး ခုနှစ်လုံးခန့်ရှိပြီး မြိုထဲကို တစ်လုံးကျကာ ကျန်တာတွေ မြို့ပြင်ဘက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီမှ ၂ နာရီခန့်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း အခုကျတဲ့ ကောင်းလမ်းရပ်ကွက်က လမ်းပေါ်ကျလို့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်မှာ နမ့်လန်မြို့အဝင် မက်မွန်းရွာအကျော်မှာ MNDAA နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပြီး MNDAA က လျော့တိုက်ဒုံးတွေ ပစ်တာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။

“ကိုးကန့်က ရှော့တိုက်ဒုံး သုံးလုံးပစ်တာ နှစ်လုံးကွဲတယ်၊ တစ်လုံး မကွဲဘူး၊ စစ်တပ်တွေ နောက်ဆုတ်သွားတာ မှတ်ထားတယ်” လို့ ပြောပါတယ်။

သီပေါဘက် ခိုလုံ၊ ပန်ညု ဘက်မှာ MNDAA ရှိနေပြီး နမ့်လန်မှာ စစ်ကောင်စီရဲ့ ခလရ( ၂၄၃) ခမရ (၅၀၅)ခမရ( ၅၀၆ )နဲ့ မိုင် ၅၀ ခန့်ဝေးတဲ့ ကျောက်ဂူလမ်းမှာ SSPP တို့ ရှိနေတယ်လို့ သိရပါတယ်။

MK – 012
#MeKongNews
#နမ့်လန်
#လက်နက်ကြီးကျ
#ကိုးကန့်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now