နေ့စဥ်သတင်း

မူဆယ် ဆင်ဖြူဂိတ်ကို အကန့်အသတ်နဲ့ တရုတ်ပြန်ဖွင့်

မဲခေါင် 19 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၉ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ဒီနေ့ (နိုဝင်ဘာလ၁၉)မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တရုတ်နိုင်ငံခရီးစဉ်အပြီး နိုဝင်ဘာလ ၁၁ ရက်ကစပြီး မူဆယ်မြို့နယ် ဆင်ဖြူနယ်စပ်ဂိတ်ကနေ တစ်ပိုင်တစ်နိုင် ကုန်သယ်ယူခွင့်ကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပြီး ဒီနေ့ မနက်မှာ ပြန်လည်ဖွင့်ပေးတာဖြစ်ပါတယ်။ ဂိတ်ပြန်ဖွင့်တယ်ဆိုပေမယ့် အစားအသောက်ကို လူတစ်ယောက်တနိုင်သာ သယ်ခွင့်ရကာ တခြားကုန်တွေ သယ်ခွင့်မပေးတဲ့ အကန့်အသတ်နဲ့ ဂိတ်ဖွင့်တာဖြစ်တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့ နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရဲ့ နှစ်နိုင်ငံကုန်သွယ်ရာမှာ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် ၃ ဂိတ်ရှိရာမှာ ဆင်ဖြူဂိတ်က ကုန်တွေကို ဆိုင်ကယ်၊

မဲခေါင်၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ဒီနေ့ (နိုဝင်ဘာလ၁၉)မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တရုတ်နိုင်ငံခရီးစဉ်အပြီး နိုဝင်ဘာလ ၁၁ ရက်ကစပြီး မူဆယ်မြို့နယ် ဆင်ဖြူနယ်စပ်ဂိတ်ကနေ တစ်ပိုင်တစ်နိုင် ကုန်သယ်ယူခွင့်ကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပြီး ဒီနေ့ မနက်မှာ ပြန်လည်ဖွင့်ပေးတာဖြစ်ပါတယ်။

ဂိတ်ပြန်ဖွင့်တယ်ဆိုပေမယ့် အစားအသောက်ကို လူတစ်ယောက်တနိုင်သာ သယ်ခွင့်ရကာ တခြားကုန်တွေ သယ်ခွင့်မပေးတဲ့ အကန့်အသတ်နဲ့ ဂိတ်ဖွင့်တာဖြစ်တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရဲ့ နှစ်နိုင်ငံကုန်သွယ်ရာမှာ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် ၃ ဂိတ်ရှိရာမှာ ဆင်ဖြူဂိတ်က ကုန်တွေကို ဆိုင်ကယ်၊ သုံးဘီးကားတွေနဲ့ သယ်ကြပြီး၊ မန့်ဝိန်းဂိတ်ကတော့ ကုန်ကားကြီးတွေနဲ့ သယ်ကြကာ၊ နန်းတော်ဂိတ်ကတော့ သီးသန့် လူအဝင်အထွက်အတွက်ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်မှာရွှေလီပြည်သူ့အစိုးရက ဆင်ဖြူဂိတ်ကနေသယ်တာကို တရုတ်ဘက်က ခွင့်မပြုတော့ဘဲ မန့်ဝိန်းဂိတ်ကနေ ကုန်ကားတွေနဲ့ သယ်ခွင့်ပြုမယ်လို့ ကြေညာခဲ့ပေမယ့် ၂ ရက်အကြာ နိုဝင်ဘာလ ၁၁ ရက်မှာတော့ စစ်ကောင်စီက မန့်ဝိန်းဂိတ်ကို ပိတ်ခဲ့တာ ခုထိ ပြန်မဖွင့်သေးဘဲ ပိတ်ထားဆဲလို့ သိရပါတယ်။

“ကုန်တွေ အကုန်ပုပ်လို့ လွှင့်ပစ်ကြရတယ်၊ ကုန်စျေးနှုန်းတွေလည်း တအားတက်တယ်။ ခုက မငတ်ဖို့လောက်ပဲ ဖွင့်ပေးတဲ့သဘော၊ အောက်ဘက်လည်း းစစ်တပ်က ပိတ်ဆို့ထားတော့ လူထု တအားခက်ခဲကုန်ကြပြီ” လို့ မူဆယ်ကုန်သည်တစ်ဦးက ပြောပါတယ်။

ယင်းကဲ့သို့ တရုတ်နဲ့ စစ်ကောင်စီက ပိတ်လို့ မြန်မာဘက်ကိုတင်မယ့် ကုန်စိမ်းကား ၃၀၀ ကျော် ပျက်စီးဆုံးရှံးခဲ့တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

မူဆယ်မြို့က ဂိတ်တွေကို ပိတ်ထားသလို UWSA ထိန်းချုပ်ထားတဲ့ဂိတ်တွေကနေ ပစ္စည်းတွေ သယ်ပြီး MNDAA ထိန်းချုပ်ထားတဲ့ဘက်ကို မဖြန့်ဖို့ကလည်း တရုတ်ဘက်က ဖိအားပေး ကန့်သတ်ထားပါတယ်။

ရှမ်းမြောက်က တရုတ်နယ်စပ်ဂိတ် ၁၃ ဂိတ်အနက် စစ်ကောင်စီက မူဆယ် ၃ ဂိတ်သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဂိတ်တွေကို MNDAA က ၄ ဂိတ်၊ TNLA က ၁ ဂိတ်၊ UWSA က‌ ၄ ဂိတ်နဲ့ NDAA မိုင်းလားက ၁ ဂိတ် တို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒိဂိတ်တွေကို ဆက်ပိတ်ထားဖို့ စစ်ခေါင်းဆောင်က တရုတ်ခရီးစဥ်အတွင်း ပြောကြားထားကြောင်း သိရပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိူးလို မြို့တွေကို စစ်ကောင်စီကိုပြန်ပေးဖို့ တရုတ်အစိုးရက နယ်စပ်ဂိတ်တွေပိတ်ပြီး ဖြတ်‌လေး ဖြတ်အနေနဲ့ ဖိအားပေးနေတာဖြစ်ကြောင်း သိရပါတယ်။

MK – 012
#MeKongNews
#မူဆယ်
#ဆင်ဖြူဂိတ်
#အကန့်အသတ်နဲ့
#ပြန်ဖွင့်
#ကုန်ပစ္စည်းသယ်ခွင့်မပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now