နေ့စဥ်သတင်း

တောင်ခမ်းတိုက်ပွဲ ခမရ ၂၁၃ တပ်ရင်းမှူးသေပြီး လေးဦး အရှင်မိ

မဲခေါင် 16 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူတို့ သေဆုံးပြီး လေးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ (နိုဝင်ဘာ ၁၆) မှာ ထုတ်ပြန်ပါတယ်။ တောင်ခမ်းမှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၃၅၄ နဲ့ အမြောက်တပ် ၉၀၂ တို့မှာ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တပ်မ ၁၁၊ ခမရ ၂၁၃ ရဲ့ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါ့အပြင် လက်နက်ယမ်းခမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲဝင် လေးဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်း

မဲခေါင်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူတို့ သေဆုံးပြီး လေးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ (နိုဝင်ဘာ ၁၆) မှာ ထုတ်ပြန်ပါတယ်။

တောင်ခမ်းမှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၃၅၄ နဲ့ အမြောက်တပ် ၉၀၂ တို့မှာ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တပ်မ ၁၁၊ ခမရ ၂၁၃ ရဲ့ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် လက်နက်ယမ်းခမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲဝင် လေးဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်း အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တောင်ခမ်းအမြောက်တပ်စခန်းကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီဟာ မြေပြင်ရော၊ လေကြောင်းနဲ့ပါ လက်နက်ခဲယမ်းနဲ့ စစ်အင်အားဖြည့်တင်းနေပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စစ်က္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကို စစ်ကောင်စီဘက်က အပြင်းအထန်တိုက်ခိုက်နေပြီး မြို့တွင်းကိုလည်း နေ့စဥ်ဗုံးကြဲနေပါတယ်။

နောင်ချိုနဲ့ ပြင်ဦးလွင်မြို့ကြားမှာရှိတဲ့ တောင်ခမ်းရွာမှာ စစ်ကောင်စီရဲ့ အမှတ် (၉၀၂) အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်ရင်း ၂၀၆ နဲ့ ၄၀၆ တပ်ရင်း၊ အမှတ် (၃၅၄) ခြေလျင်တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။

တောင်ခမ်းရွာဟာ နောင်ချို့မြို့နဲ့ မိုင် ၂၀ ခန့်ဝေးပြီး စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတွေအပါ အမြောက်တပ်စခန်းဌာနချုပ်ပါ ရှိတဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တောင်ခမ်းရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီး TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာသွားကြပြီလို့ ရေးသားကြပါတယ်။

#MeKongNews
#စစ်ကောင်စီ
#တပ်ရင်းမှူး
#တောင်ခမ်း
#နောင်ချို
#ရှမ်းမြောက်
#တအာင်း
#ပလောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now